Wednesday, May 15, 2013

မုန်တိုင်းသတိပေးချက်

Posted by drmyochit Wednesday, May 15, 2013, under | No comments

၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်
အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN) သည်မြန်မာနိုင်ငံ (မောင်တောမြို့) ၏အနောက် တောင်ဘက်မိုင်(၃၅၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင် ဘက်မိုင် (၃၅၀)ခန့်၊ကျောက် ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ အိန္ဒိယ နိုင်ငံ (ကိုလ်ကတ္တားမြို့) ၏တောင်ဘက် မိုင်(၃၃၀)ခန့် အကွာပင်လယ်ပြင်ကှို ဗဟိုပြုနေ ပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်း ရပါသည်။

မုန်တိုင်းဗဟိုချက်အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေ သကြီး၊ ပဲခူတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာ စိပ်စိပ် မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီးနေရာကွက်၍မိုးကြီးမည်။

မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံ
ခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီ
လျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်မည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာလိမ္မော်ရောင်အဆင့်သို့ရောက်ရှိပြီးမြန်မာနိုင်ငံ (ရခိုင် ကမ်းရိုးတန်းမြောက်ပိုင်း )ဒေသ များဆီသို့ ဦးတည်ရွေ့လျားနေ သည့် အခြေ အနေဖြစ်ပါသည်။နောက် ဆုံး တိုင်း ထွာရရှိသော ခန့်မှန်းချက် အရမေလ (၁၆)ရက်နေ့ ညပိုင်းခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း မြို့နှင့်မြန်မာနိုင်ငံမောင်တောမြို့ အကြား ကမ်းခြေဒေသ များဆီ သို့ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်း ရပါသည်။ မုန်တိုင်း ကမ်းခြေကိုဖြတ်ကျော် စဉ်မောင်တော ခရိုင် ကမ်းခြေတွင် မုန်တိုင်း ဒီရေ အမြင့်ဆုံးမှာ(၈)ပေမှ (၁၀)ပေ အထိနှင့် စစ်တွေခရိုင်ကမ်းခြေတွင် မုန်တိုင်း ဒီရေ အမြင့်ဆုံး မှာ(၆)ပေမှ(၈) အထိမြင့် တက်နိုင်ကြောင်း ခန့်မှန်း ရပါသည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊
သင်္ဘောများ အနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

From: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦစီးဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်