လားရှိုး၊ ဇွန် ၂။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွက်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအုပ်စုအတွင်းရှိ မန်ဂျက်၊ လွယ် ကန်၊ မန်နိမ့်ကျေးရွာတို့တွင် နေထိုင်လျက် ရှိသော ကျောင်းနေအရွယ်ကလေး (၁၅)ဦးကို မေလ(၂၇)ရက်နေ့ညတွင် ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသော လက် နက်ကိုင် လူတစ်စုမှ အဓမ္မခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။
“၁၈ အရွယ် ကျနော့်သမီးလေးကို ၂၇ရက်နေ့ည ၁၁နာရီခွဲ ၁၂နာရီလောက်က လက်နက်ကိုင်အဖွဲ့တွေ အတင်း အဓမ္မ ခေါ်သွားတယ်။ ညကြီး အချိန်ဆိုတော့ အစိမ်းရောင်ပြောက်ကျား ၀တ်စုံကိုပဲ မြင်ရတယ်။ သူတို့ အဖွဲ့ရဲ့ အမှတ်တံဆိပ်ကိုတော့ မမြင်လိုက်မိဘူး။ သေနတ်တွေကို တော့ သူတို့လွယ်ထားတာ တွေ့ ရတယ်” ဟု လွယ်ကန်ကျေးရွာတွင် နေထိုင်သော ဦးနော်မိုင်က ပြောကြားသည်။
အဓ္ဓမဖမ်းဆီးခေါ်ဆောင် ခံရသောသူများမှာ လက်ရှိကျောင်းစာသင်ကြားနေသော ကျောင်းသူ/သားများ အများ ဆုံးဖြစ်ကြပြီး ထိုသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် လုံးဝ အဆက်အသွယ် မရရှိကြောင်း သိရ သည်။
“ကျမတို့ အားကိုးအားထားပြုနေရတဲ့ သားလေးကိုသူတို့ခေါ်သွားတော့ အိမ်မှာအရမ်းကို အခက် အခဲတွေ့ တယ်။ သားအတွက်လည်း အရမ်း စိုးရိမ်တယ်။ သူ့အဖေဆိုရင် အဲဒီနေ့ကတည်းက ဒီနေ့ထိ မစားနိုင် မသောက်နိုင် ဖြစ်နေတယ်”ဟု လွယ်ကန်ကျေးရွာတွင် နေထိုင်သော ဒေါ်အိုက်ကျန်က ပြောကြားသည်။
အစိမ်းရောင် ပြောက်ကျားဝတ်စုံ ဝတ်ထားသော လူတစ်စုသည် လက်နက်အပြည့်အစုံဖြင့် ညကြီး အချိန် မတော်တွင် ရွာသူ/သားများ၏ နေအိမ်များထဲသို့ အတင်းဝင်ရောက်ကာ ကချင်ဘာသာစကား၊ မြန်မာ ဘာသာ စကားကို အသုံးပြုပြီး ကျောင်းနေအရွယ် ကလေးများကို မည်သည့် ဒေသ၊ မည်သည့်အရပ် သို့ ခေါ်ဆောင် သွားမှန်း မသိသလို လူကုန်ကူးသူများမှလည်း လက်နက်ကိုင်အဖွဲ့ ဟန်ဆောင်ကာ ကျေးရွာများ ရှိ ကျောင်းနေ အရွယ် ကလေးများကို အဓမ္မခေါ်ဆောင်ကာ တဖက်နိုင်ငံသို့ ရောင်းစားတာလည်း ဖြစ်နိုင် တယ်ဟု ကောလဟာများ ထွက် နေသဖြင့် ကလေးမိဘများမှာ အထူးစိုးရိမ်နေကြကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ နမ့်ဖက်ကာရဲစခန်းသို့ ဆက်သွယ်မေးမြန်ရာ ၎င်းဖြစ်စဉ်အား မသိသေး သည့် အ တွက် စုံစမ်းမေးမြန်းပြီး ပြန်လည် ဖြေကြားမည်ဖြစ်ကြောင်း နမ့်ဖက်ကာရဲစခန်းမှ ဒုရဲအုပ် သန်းဦးက ပြန်လည်းဖြေကြား ခဲ့သည်။
စိုင်းကံသာ
From: မြန်မာ့ခေတ်

Time in Rangoon

0 comments:
Post a Comment