Saturday, July 13, 2013

ဗုဒ္ဓဂယာဗုံး ပေါက်ကွဲမှုသည် လူ့အဖွဲ့အစည်းကို နှစ်ခြမ်းကွဲစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ဟုဆို

Posted by drmyochit Saturday, July 13, 2013, under | No comments



နယူးဒေလီ ဇူလိုင် ၁၂

ဗုဒ္ဓဂယာဗုံး ပေါက်ကွဲမှုနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော အလားတူ ကိစ္စရပ်များသည် လူ့အဖွဲ့ အစည်းကို နှစ်ခြမ်းကွဲစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ခဲ့ သူများအား ထိထိရောက်ရောက် နှိမ်နင်းအရေးယူ သင့်ကြောင်း ဗဟိုထောက် လှမ်းရေး ရဲတပ်ဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဆီတာရမ် ယီချူရီက ဇူလိုင် ၁၁ ရက်တွင် ပြောကြားသည်။

ယင်းကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများကို ဖော်ထုတ်၍ ပြစ်ဒဏ် ပေးနိုင်ရန် အတွက် စုံစမ်း ထောက်လှမ်းမှုများကို အရှိန်တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် စုံစမ်းဖော်ထုတ် နိုင်ခဲ့ပါက ထိုသို့ လူ့အဖွဲ့ အစည်းအား နှစ်ခြမ်းကွဲစေရန် ထပ်မံ လုပ်ဆောင်မှုများကို ဟန့်တား နိုင်ရေး အတွက် ပြစ်မှုကျူးလွန် သူများအား ထိထိရောက်ရောက် ပြစ်ဒဏ် ချမှတ်ပေးရန် ယီချူရီက ထပ်လောင်း တောင်း ဆိုခဲ့သည်ဟု သိရသည်။

ြ်မ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်