ဇူလိုင်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဒလမြို့နယ်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးသည် ရန်ကုန် ဘက်ကမ်းရှိ ခင်ပွန်း ဖြစ်သူ လုပ်ငန်းခွင်သို့ လိုက်ပါသွားစဉ် နေအိမ်တွင် အသက်
၁၈ နှစ် အရွယ်နှင့် ခုနစ်နှစ် အရွယ်သားဖြစ်သူ နှစ်ဦးနှင့် အသက် ရှစ်နှစ် အရွယ်နှင့် တစ်နှစ်ခွဲ အရွယ် သမီးဖြစ် သူတို့ ကျန်ခဲ့ချိန်တွင် နေအိမ်သို့ သားဖြစ်သူ၏ သူငယ်ချင်း ဒလမြို့နယ်နေ သက်နိုင်ဦး(ခ)
ကုလား (၂၇ နှစ်) ရောက်လာပြီး အသက် ရှစ်နှစ်အရွယ် သမီးငယ်ကို အိပ်ခန်းတွင်းသို့ ခေါ်ယူကာ
သား မယား အဖြစ်ပြုကျင့်ရန် အားထုတ်နေစဉ် အိမ်နီးချင်း အမျိုးသမီးက မြင်တွေ့ကာ အော်ဟစ်
အကူညီ တောင်းခံခဲ့သည်ဟု ဆိုသည်။
အကူအညီ တောင်းခံစဉ် သက်နိုင်ဦး(ခ) ကုလားမှာ ထွက်ပြေးသွားသည်ဟုဆိုကာ အရေးယူပေး
ရန် တိုင်ကြားခဲ့သဖြင့် ဒလမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆/ ၅၁၁ အရ အမှုဖွင့်ထားကြောင်း
သိရသည်။
တိုးဝေအောင်နှင့် မင်းသုနောင်
မြန်မာတိုင်း(မ်)
Time in Rangoon


0 comments:
Post a Comment