ရန်ကုန် ဇူလိုင် ၁၂
ယခုလမှစ၍ GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်းလိုင်း ဘီလ်စနစ်များကို နိုင်ငံခြားသို့ ခေါ်ဆို ရာတွင် မြန်မာ ကျပ်ငွေ စနစ်ဖြင့် ပြောင်းလဲ ကောက်ခံတော့မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။
ပြည်ပသို့ ခေါ်ဆိုလိုပါက (တချို့သော နိုင်ငံများမှ အပ) တစ်မိနစ် ငွေကျပ် ၉ဝဝ သို့မဟုတ် အမေရိကန် ဒေါ်လာ သုည ဒသမ ၉ဝ ကို ကောက်ခံသည်ဟု Elite Tech Group က ထုတ်ပြန်သည်။ မြန်မာ ကျပ်ငွေဖြင့် အသုံးပြု လိုသူများသည် ယခင် FEC ဘီလ်စနစ်များကို ကုန်ဆုံးသည်အထိ ဆက်လက် အသုံးပြုနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြား ခဲ့သည်။
FEC ငွေဖြည့်ကတ် များသည် ဈေးကွက် အတွင်း၌ လက်ကျန်အဖြစ် ကတ်တချို့ ကျန်ရှိနေ သေးသော်လည်း အဆိုပါ ကတ်များကို ပြန်လည် သိမ်းဆည်းသွားမည် မဟုတ်ကြောင်း၊ အဆိုပါ ကတ်များ ထည့်သွင်း အသုံးပြုမည် ဆိုပါက ဆက်လက် အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း Call Center ၌ ဆက်သွယ်ရေး ကဏ္ဍကို တာဝန်ယူ ဖြေကြားပေးနေသူ တစ်ဦးက ပြောကြား ခဲ့သည်။
''ကျွန်တော်တို့ဆီက ဝယ်ထားတဲ့ ကတ်တွေကို နောက်တစ်ပတ် သောကြာနေ့အပြီး ပြန်အမ်း ပေးဖို့ ကိုယ်စားလှယ်တွေကို ပြောထားတယ်။ ငွေပြန်အမ်း ပေးမယ်။ ကတ်တွေက သုံးလို့ မရတော့တာ မဟုတ်ဘူး။ ရောင်းတဲ့သူတွေ ရောင်းလို့ မရမှာစိုးလို့ ပြန်သိမ်း ပေးတာပါ။ ပြန်အပ်ချင်ရင် ကျွန်တော်တို့ဆီက ကတ်တွေကို ကိုယ်စားလှယ်တွေက တစ်ဆင့် လက်ခံပေး နေပါတယ်'' ဟု Elite Tech Group မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်း လိုင်းများကို ပြည်ပသို့ ခေါ်ဆိုရာတွင် မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ အသုံးပြုနိုင်မည် ဖြစ်ပြီး ကျန်ရှိသည့် CDMA ဖုန်းလိုင်းများ၊ အော်တိုဖုန်း လိုင်းများအတွက် မူလအတိုင်း ပြောင်းလဲမှု မရှိသေးသော်လည်း မကြာခင်၌ လိုက်လံ ပြောင်းလဲသွားမည် ဖြစ်ကြောင်း Elite Tech Group ၏ Face book တွင် ဖော်ပြထားသည်။
ဇာနည်မောင်
From: မြ၀တီ
Time in Rangoon


2 comments:
တစ်မိနစ် ၉၀၀ က တော့ များနေတယ်
အင် တာနက် ချိတ်ပြီး viber နဲ့ ခေါ်တာ
ပိုပြီးသက်သာတယ် တစ်မိနစ် ၂ ကျပ်
ဘဲရှိတယ် ....
viber ပဲသုံးတော့မယ်
Post a Comment