Tuesday, July 16, 2013

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁ ဦး ရေနစ်သေဆုံး

Posted by drmyochit Tuesday, July 16, 2013, under | No comments

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါ မြို့နယ် ထဲမှာ မြန်မာ အလုပ် သမား တစု ပင်လယ်ထဲ ရေဆင်း ကစား ရင်း ၂ ဦး ရေနစ်ပြီး ၁ ဦး သေဆုံးသွား ခဲ့ပါတယ်။

အလုပ် သမားတွေဟာ ဇူလိုင် ၁၄ ရက်နေ့က တကွာပါ မြို့နယ် ၀ပ်ယန်းယောင် ဘုန်းကြီးကျောင်းမှာ ၀ါဆို သင်္ကန်း ကပ်ပွဲ လုပ်ပြီး ညနေပိုင်း ကျောင်းတိုက် နားက ပင်လယ် ကမ်းစပ်မှာ ရေဆင်း ကစားရင်း ရေနစ် ခဲ့တာလို့ ဖန်င အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း တာဝန်ခံ ကိုမိုးဝေက ပြောပါ တယ်။

“တကွာပါ မြို့နယ်မှာ ဘုရားပွဲ အကြီး တခု လုပ်တယ်။ စူရတ် ဌာနီက လူ ၁၀၀ နီးပါလောက် လာတယ်၊ ညနေ ဘက် ဘုရားပွဲပြီးလို့ ကမ်းခြေမှာ ရေသွား ကူးကြတယ်။ လူ ၅၀ လောက်ကူး နေတဲ့ကြား ထဲမှာမှ မိုးလည်း နည်းနည်း ရွာတယ်၊ လေလည်း တော်တော်တိုက်တယ်။ ဒေသခံလှေတွေ ပေးမထွက်တဲ့ အချိန်မှာ သူတို့လည်း မသိဘဲနဲ့ ဆင်းကူးမိရင်းနဲ့ အဲဒီလို ဖြစ်သွားတာ။”

ရာသီဥတု မကောင်းဘဲ ရေထဲ ဆင်းချိန်မှာ လှိုင်းထန် လာပြီး ၂ မီတာလောက်မြင့်တဲ့ ရေလှိုင်းတခုက အလုပ် သမား  ၂ ဦးကို ပုတ်ခတ် သွားတာလို့ ဆိုပါတယ်။
နမ့်ခိမ်းနာရေး ကူညီမှု အသင်းက ရေနစ်တဲ့ အလုပ် သမားတဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး တကွာ ပါဆေးရုံ ကို ပို့ဆောင်ပေး ခဲ့တယ်။ နောက် တဦးကိုတော့ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန် နမခင်း ကမ်းခြေမှာ အလောင်းပြန်တွေ့တယ်လို့ ကိုမိုးဝေက ပြောပါတယ်။

သေဆုံး သွားသူဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ပုလောမြို့နယ်က  အသက် ၂၄ နှစ်ရွယ် ကိုချမ်းစုအောင် ဖြစ်ပြီး ဆုရတ်ဌာနီက ကွန်ဒုံစက်ရုံမှာ အလုပ်လုပ်နေကြောင်း၊ သူရဲ့အလောင်းကို ဆွေမျိုး တွေက ဆူရတ် ဌာနီကို ပြန်သယ်သွားပြီး ဒီကနေ့ ညနေပိုင်း သင်္ဂြိုဟ်မယ်လို့ ကိုမိုးဝေက  ပြောပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်