Tuesday, July 16, 2013

မြောက်ဥက္ကလာပတရားရုံးရှေ့ လမ်းမ၌ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Posted by drmyochit Tuesday, July 16, 2013, under | No comments

မြောက်ဥက္ကလာပတရားရုံး၌ ဦးထင်ကျော်နှင့် ဦးအိုက်လင်း တရားရင် ဆိုင် အပြီး ပြန်လည်ထွက်လာစဉ် သင်္ကန်း ကန်းမိကျောင်းကန် အပါအ၀င် မရမ်းကုန်း(၆)ရပ်ကွက်မှ ပြည်သူများမှ ဦးအိုက်လင်းအား လိုက်လံ တားဆီးရန်ကြိုးစားခဲ့ရမှာ ဦးအိုက်လင်း၏ တပည့်များနှင့် ခိုက်ရန်ဖြစ်ပွားပြီး ရုန်းရင်းဆန်ခတ်အသွင်ဆောင် ခဲ့ကြောင်း သိရှိရသည်။

 နန်းထိုက်တော်ဝင် စားသောက်ဆိုင်နှင့် ဂရိတ်နိုင်းကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အသရေဖျက်မှုဖြင့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ဦးထင်ကျော်နှင့် အပေါင်းအပါများအား တရားစွဲဆိုခဲ့သည့်အမှုအတွက် ဇူလိုင်လ(၁၆)ရက်နေ့ မြောက်ဥက္ကလာ ပ တရားရုံး အမှုချိန်း၌ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးထင်ကျော်မှလည်း ဦးအိုက်လင်းအား ဇွန်လနောက်ဆုံးအပတ်အတွင်းက တရားခံပြေးလက်ခံမှုနှင့် တရားစွဲ ဆိုရန် ကြံစည်ခဲ့သော်လည်း သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်ပေးခြင်းမရှိသည့်အတွက် ကျင့်ထုံးဥပဒေ (၅၉)အရ ဦးအိုက်လင်းအား ဖမ်းဆီးရန် ဦးထင်ကျော်အဖွဲ့မှ ဖဖ်းဆီးရန်ကြိုးပမ်းခဲ့ရာမှ ရုန်းရင်းဆန်ခတ်အသွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ ဒီကိစ္စမှာ ဦးထင်ကျော်အနေနဲ့ ဖမ်းဆီးချင်တယ်ဆိုရင် ဥပဒေပညာရှင်တစ်ဦးဦးနဲ့ တိုင်ပင်ဆောင်ရွက် သင့်တယ်”ဟု အဆိုပါနေရာသို့ သတင်းလာရောက်ရယူနေသူ သတင်းထောက်တစ်ဦးက ၄င်းအမြင်ကို ပြောသည်။

မည်သည့်အရပ်သားမဆို မိမိရှေ့မှောက်တွင် အာမခံမပေးနိုင်သော ရဲအရေးယူပိုင်ခွင့်ရှိသော တရားကျူး လွန်သူ (သို့) ပြစ်မှုကျူးလွန်ကြောင်းကြေညာခြင်းခံရသူ မည်သူကိုမဆို ဖဖ်းဆီးနိုင်သည်ဟု အရပ်သားများက ဖဖ်းဆီးခြင်းနှင့် လိုက်နာရန် ကျင့်ထုံး(၅၉)၌ ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖဖ်းဆီးထားသူကို အကြောင်းမဲ့ ကြန့်ကြာခြင်းမရှိပဲ ရဲအရာရှိတစ်ဦးထံ ပို့အပ်ရမည်။ ရဲအရာရှိ မရှိပါက ထိုသူကိုချုပ်နှောင်ပြီး အနီးဆုံး ရဲတပ်ဖွဲ့ စခန်းသို့ ပို့အပ်ရမည်ဟုပါရှိကြောင်းကိုလည်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပဋိပက္ခမဖြစ်အောင် လာပြီးထိန်းသိမ်းပေးတာပါ”ဟု မြောက်ဥက္ကလာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမှုစစ်ဆေးရာ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရဲဝန်ထမ်း(၂၀)ကျော် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း သိရသည်။

By ဇော်မျိုးဦး(မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်