Friday, July 05, 2013

ဖခင်အရင်းဖြစ်သူက သမီးနှစ်ဦးအား သားမယားပြုကျင့်

Posted by drmyochit Friday, July 05, 2013, under | No comments



မန္တလေး၊ ဇူလိုင် ၎

ဖခင်အရင်းဖြစ်သူမှ သမီးနှစ်ဦးအား သားမယားအဖြစ်ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း မန်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာတွင်ဖြစ်ပွားခဲ့ပြီး မှုဖြစ်စဉ်မှာပြီးခဲ့သောဇွန်လဆန်းပိုင်းက
မ--------(၁၆)နှစ်နှင့်ညီမဖြစ်သူ မ-----တို့နှစ်ဦး နေအိမ်အပေါ်ထပ်တွင်အိပ်နေစဉ် ဖခင်အရင်းဖြစ်သူဦး---မှ မ----၏ပခုံးအား လှုပ်နှိုးပြီး မအော်နှင့် အော်လျှင်သတ်ပစ်မည်ဟု ချိန်းခြောက်ပြောဆိုကာ သားမယား အဖြစ်ပြု ကျင့် ခဲ့ကြောင်း၊ အမဖြစ်သူနှင့် ယောင်းမတော်သူတို့အားပြောပြရာ အစ်မဖြစ်သူမှာလည်း ဖခင်ဖြစ်သူဦး--က လွန်ခဲ့သောတစ်နှစ်ခန့်က သားမယားအဖြစ်ပြုကျင့်ခံခဲ့ရဘူးကြောင်း ဖခင်ဖြစ် သူအားကြောက်၍ မည်သူမှ မပြောပြခဲ့ကြောင်း ၊သားမယားအဖြစ် ပြုကျင့်ခံရစဉ် ၀တ်ဆင်ခဲ့သည့် ထဘီနှင့် အတွင်းခံဘောင်း ဘီအားသိမ်းဆည်းထားပြီး မုံရွာမြို့တွင်နေထိုင်သူ ဦးလေးထံ ညီမနှစ်ဦးမှ ဖြစ်စဉ်အားပြောပြရ်ျ ဦးလေးဖြစ်သူမှ မကျေနပ်၍့် သားမယားပြုကျင့်ခံရသူ မ---မှ တရားလိုပြုလုပ်
ကာ ယခုလ ၃ရက်နေ့တွင် တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းများမှသိရသည်။

၎င်းအမှုအား တရာလိုနှင့်သက်သေထွက်ဆိုချက်များအရ တရားခံမှာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် အုန်းချောရဲစခန်းမှ (ပ)၈၃/၂၀၁၃ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်အရေးယူထား
ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖိုးလပြည့်
From: popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်