Friday, July 05, 2013

ခရိုင်သာသနာရေးမှူးမှ အရွယ်မရောက်သေးသူ အိမ်အကူမိန်းကလေးအား အဓ္ဓမပြုကျင့်သည့် အမှုကို ထိထိရောက်ရောက် အရေးယူစေလို

Posted by drmyochit Friday, July 05, 2013, under | 2 comments



ဟင်္သာတ၊ ဇူလိုင် ၅။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်သာသနာရေးမှူး ဦးသန်းထွန်းသည် ၎င်း၏အိမ်ဖော် အရွယ် မရောက်သေး သူ မ—–အား အလိုမတူဘဲသားမယားအဖြစ် ပြုကျင်ခဲ့သောကြောင့် အရေးယူပေးပါရန် အစ်မ၀မ်း ကွဲဖြစ်သူ ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက်နေ ဒေါ်—–က သာသနာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ထံ တိုင်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ သာသနာ ရေးဝန်ကြီးဌာနက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌသည် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ရုံးထိုင်ပြီး ဟင်္သာတမြို့နယ်တရားရုံးမှ တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေ၊ ဟင်္သာတမြို့နယ် အမှတ် (၁) ရဲစခန်း စခန်းမှူး၊ ဘုရားကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ အပါအ၀င်သက်သေ (၁၉) ဦးတို့ကို အသေးစိတ် စစ်ဆေးကြောင်း သိရှိရသည်။

အမှတ် (၁) ရဲစခန်းမှ ရန်ကုန်မြို့ ပုဇွန်တောင် (၅၁) လမ်းရှိ ဆုပြည့် ဆေးခန်းအထိ သွားရောက်ပြီး စစ်ဆေးချက်များ ရယူခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ဦးသန်းထွန်းသည် သာသနာရေးဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ဆောင်ခြင်း၊ ပြည်သူလူထု အကြည်ညိုပျက်ပြားစေနိုင်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရ ထိရောက်ဆုံးသော ပြစ်ဒဏ်ချမှတ်သင့်ကြောင်း စုံစမ်း စစ်ဆေးရေးအဖွဲ့က တင်ပြခဲ့ကြောင်း သိရှိရပါသည်။

၎င်းအား မူလရာထူးတာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်းလည်း သိရသည်။ ဟင်္သာတခရိုင်သာသနာရေးမှူး ဦးသန်းထွန်းကို တရားစွဲရန် ရဲတပ်ဖွဲ့က မြို့နယ်ဥပဒေအရာရှိထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသော်လည်း အရေးယူဆောင်ရွက်မှု နှောင့်နှေးနေသေးကြောင်း သိရသည်။

Hinthata HumanRights

2 comments:

ဆောက်ဆင်မရှိတဲကောင်ကျိုးမိန်ပေးရမှာ

ဆောက်ဆင်မရှိတဲကောင်ကျိုးမိန်ပေးရမှာ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်