Wednesday, July 17, 2013

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် လက်ပစ်ဗုံးနှစ်လုံးတွေ့

Posted by drmyochit Wednesday, July 17, 2013, under | No comments

စနက်တံဖြုတ်ထားသည့် လက်ပစ်ဗုံး နှစ်လုံး။ ဓာတ်ပုံ - ကျော်ဇေယျ။

ရန်ကုန် - ဇူလိုင် - ၁၆ ။           ။ပဲခူးတိုင်း ဒေသကြီး တရား လွှတ်တော် ရုံးအတွင်း  စနက် တံဖြုတ် ထား သည့် လက်ပစ်ဗုံး နှစ်လုံး တွေ့ရှိ ခဲ့သဖြင့် တရား ရုံးကို ပိတ်ခဲ့ ရကြောင်း သတင်းရ ရှိသည်။ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ရှိ တိုင်းဒေသကြီး တရားလွှတ်တော် ရုံး အဝင်ဝ ဂိတ်တဲ အနီး ဇူလိုင် ၁၆ရက်နံနက် ၉နာရီ ၂ဝမိနစ် တွင် စနက်တံဖြုတ်ထားသည့် လက်ပစ်ဗုံး နှစ်လုံး တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး လက်ပစ်ဗုံး ရှင်းလင်းရေး များ အတွက် စစ်ဖက် ဆိုင်ရာမှ တာဝန်ရှိ သူများက ၁နာရီကြာခန့် လာရောက် ရှင်းလင်း ခဲ့ပြီး ယင်းဖြစ် စဉ်ကြောင့် တိုင်းဒေ သကြီး တရား လွတ်တော်ရုံးကို နေ့တဝက် ပိတ် ခဲ့ရကြောင်း သိရသည်။

''မနက် ၉ နာရီ လောက်က ရဲ တပ်ရင်း(၁)၊ တပ်ခွဲ(၄)က ရဲတပ် ကြပ်ကြီးတစ်ဦးက စနက်တံ ကလစ် ကို တရား လွှတ်တော်ရုံး အဝင် အဝမှာ တွေ့ခဲ့လို့ တိုင်း ရဲမှူးကို သတင်း ပို့လိုက်တာ''ဟု ရဲတပ်ခွဲ(၄)က ရဲ သား တစ်ဦးက ပြောသည်။ ယင်းစနက် တံဖြုတ်ထားသည့် လက်ပစ်ဗုံး ၂လုံးသည် (အမ်- ၆-၁-၀၅/၂၀၀၁ အမျိုး အစား လက်ပစ် ဗုံး)များဖြစ်ပြီး နေ့လည် ၁၂နာရီတွင် ပေါက်ကွဲမှု မရှိဘဲ ထိန်း သိမ်းနိုင် ခဲ့ကြောင်း၊ ယင်းလက်ပစ် ဗုံး များသည် ပလတ် စတစ် အမျိုး အစား လက်ပစ်ဗုံး များဖြစ်ကြောင်း နှင့် မြန်မာ နိုင်ငံ ကချင် ပြည်နယ် ဘက်တွင် အသုံးပြု တတ်ကြောင်း ကို ယင်းလက်ပစ်ဗုံးများ မပေါက်ကွဲရေး တာဝန်ယူ ရှင်းလင်း ခဲ့သည့် စစ်တပ်မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ယင်းနှင့် ပတ်သက်ပြီး'' စနက် တန် ဖြုတ်ပြီးတော့ မပေါက် ကွဲတာက ဗုံးကလစ်က အာပြီးတော့ ဂျမ်း ဖြစ်သွား တာကြောင့် မကွဲခဲ့ တာပါ'' ဟုအဆိုပါ လက်ပစ်ဗုံး နှစ်လုံးကို ရှင်းလင်း ခဲ့သူ တပ်မတော်သား တစ်ဦးက ပြောသည်။ ယင်း လက်ပစ် ဗုံးများ တွေ့ရှိ ခြင်းကြောင့် နံနက်၁၁ နာရီဝန်းကျင် ၁၂နာရီ ၁ဝမိနစ်ခန့် အထိ ပဲခူး တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းတရား လွှတ်တော် ရုံးများ ရှေ့မှ ဖြတ်သန်း သွားလာမှု များကို ခေတ္တ ပိတ်သိမ်း ခဲ့ကြောင်း တွေ့ရ သည်။ ယခု အခါ အဆိုပါ ဖြစ်စဉ်ကို တာဝန် ရှိသူ များက ဆက်လက်စုံစမ်း စိစစ် နေဆဲ ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျ

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်