Wednesday, July 17, 2013

iPhone 5 ကြောင့် ဓာတ်လိုက်သေဆုံးရသော တရုတ်မလေးနှင့်နောက်ဆက်တွဲသတင်း

Posted by drmyochit Wednesday, July 17, 2013, under | No comments


iPhone 5 ကိုအားသွင်းရင်း ဖုန်းပြောမိသောကြောင့် သေဆုံးသွားသောတရုတ်မလေး သတင်းကို တင်ပေး လိုက်ပြီးဖြစ် သည်။ ယခုအခါတွင် အဆိုပါသတင်းသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး တရုတ် လူမှု ကွန်ယက်များ ကလည်း Apple ကုမ္ပဏီ အပေါ် အပြစ်တင်ဝေဖန်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။

သေဆုံးသွားသူ Ma Ailun သည် China Southern Airlines တွင်တာဝန်ထမ်းဆောင်နေသည့် လေယာဉ် မယ် တစ်ဦးဖြစ်ပြီး သတင်းများ အရ မကြာမီ လက်ထပ်မည့်သူ တစ်ဦးဖြစ်ကြောင်း လည်း သိရသည်။
မင်္ဂလာ ကိစ္စများ တိုင်ပင်ရန် iphone-5 ကိုအားသွင်းရင်းဖုန်းပြောနေစဉ် ဓာတ်လိုက်သေ ဆုံးရခြင်းဖြစ်ကြောင်း မိသားစုက အတည်ပြုပြောကြားခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့ ၏ထုတ်ပြန်ကြေညာချက် တွင်လည်း ဓာတ် လိုက်မှုကြောင့်ဖြစ်ကြောင်း ပါရှိခဲ့သည်။

အဆိုပါဖြစ်ရပ် အတွက် Apple ကုမ္ပဏီ က Ma Ailun၏ မိသားစုထံ အထူးဝမ်းနည်းကြေကွဲကြောင်း e-mail တစ်စောင် ပေးပို့ခဲ့ကြောင်းသိရသည်။ ၄င်းအပြင် Apple ကုမ္ပဏီသည် ယခု ကိစ္စရပ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည် ဆိုသည်။

MMT

Ref & Credit: The Golden Fresh Land Daily Newspaper

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်