Wednesday, July 17, 2013

စင်္ကာပူနိုင်ငံ Kovan ၌ အသတ်ခံရသော သားအဖနှစ်ဦး

Posted by drmyochit Wednesday, July 17, 2013, under | No comments

စင်္ကာပူနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင် (၁၀)ရက်နေ့ က Kovan ၌ အသက်(၆၆)နှစ်အရွယ် အမျိုးသား တစ် ဦးနှင့် အသက် (၄၂)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ တစ်ကီလိုမီတာလောက် အကွာအဝေး၌ သေဆုံးနေ ခဲ့ကြောင်း သိရသည်။

အသက်(၆၆)နှစ်အရွယ်အမျိုးသားဟာ Hillside Drive မှာရှိတဲ့ ကိုယ်ပိုင်နှစ်ထပ်အိမ်ယာထဲမှာ သေဆုံးနေ ခဲ့ တာဖြစ်ပြီး အသက်(၄၂)အရွယ် အမျိုးသားမှာမူ Kovan အထက် Serangoon လမ်းမကြီးရှိ ရထား ဘူ တာရုံ အပြင်ဘက်မှာ နေ့လည်ကြောင်တောင်ကြီး သေဆုံးနေခဲ့ကြတာ ဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသားနှစ်ဦးဟာ သားအဖဖြစ်ပြီး ၎င်းတို့ဟာ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မှုခင်း စုံစမ်း စစ်ဆေးရေး အဖွဲ့က အတည်ပြု ခဲ့သည်။

မျက်မြင်တွေ့ခဲ့ ရ သူတစ်ဦး၏ အဆိုအရ အသက်(၄၀)နှစ်အရွယ် အမျိုးသားအား ငွေရောင် Toyota Camry ယာဉ် အမှတ် SGM 14J က Hillside Drive ကနေ Kovan အထက် Serangoon လမ်းမကြီးရှိ ရထား ဘူတာရုံ အရှေ့နားအထိ ကားဖြင့်ဆွဲပြီး တိုက်သတ်သွားခဲ့တာဖြစ်ကြောင်းနှင့် ယင်းသို့ တိုက်သွား သည်ကို ယာဉ်အချို့က ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ကာ ယာဉ်ပေါင်း(၂၀)ခန့်က ထိုယာဉ်မောင်းအား ကားရပ် ဖို့ ဟွန်းတွေတီးကြပေမယ့် ထိုယာဉ်မောင်းက မရပ်တန့်ခဲ့ဘဲ မောင်းပြေးသွားခဲ့တာဖြစ်ကြောင်း သိရ သည်။

ယာဉ်မောင်း မောင်းပြေးသွားပြီးနောက် သွေးအလိမ်လိမ်းဖြင့် ကျန်ခဲ့သည့် ထိုအမျိုးသားအား ထိုကဲ့သို့ ဟွန်း တီးသည့် ကားများထဲမှ လူတစ်ဦးဟာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ သေဆုံးပြီးဖြစ်တာမို့ အဖြူရောင် အဝတ်နှင့် သေဆုံးသူ၏ ခေါင်းပေါ် အုပ်ပေးခဲ့ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ ကားက တရွတ်တိုက်ဆွဲတိုက်ခဲ့သောကြောင့် သေဆုံးသွားခဲ့သူမှ ထွက်လာသော သွေးများဟာ Hillside Drive မှ Kovan အထက် Serangoon လမ်းမကြီးရှိ ရထားဘူတာရုံနားအထိ ထင်သာမြင်သာ ရှိနေ ခဲ့ကြောင်း လည်း သိရသည်။ ထိုအဖြစ်အပျက်ဟာ တကယ့်ကို အသွားအလာများတဲ့ လူသူ ရှုပ်ထွေးသော နေရာမှာ နေ့ခင်းကြောင်တောင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲများရောက်ရှိလာသောအခါ ကားတရွတ်တိုက်ဆွဲလာသော သွေးများနောက် ခြေရာခံလိုက်ရာ Hillside Drive နေအိမ်တွင် ဓါးအချက်များစွာဖြင့် သေဆုံးနေခဲ့သော အမျိုးသားကြီးအား တွေ့ရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အသက်(၄၀)နှစ်အရွယ် အမျိုးသားဟာ ရဲတစ်ဦးဖြစ်ကြောင်း ၊ ဇူလိုင်(၁၁)ရက်နေ့တွင် ၎င်းအား တရွတ် ဆွဲ တိုက်ပြေး သွားခဲ့သည့် ကားအား Eunos Avenue 7A မှ အလုပ်ရုံတစ်ခုရှေ့တွင် ရပ်တန့် ထားသည် ကို တွေ့ရှိခဲ့ရကြောင်း ၊ ထိုကားဟာ အသတ်ခံခဲ့ရသော Tan Boon Sin ပိုင်ဆိုင်သည့် ကားဖြစ် ကြောင်း သိရသည်။

စင်္ကာပူရဲများဟာ မလေးရဲများနှင့် ပူးပေါင်းပြီး ယင်းအမှုအား ဖော်ထုတ်ရာ ထိုသားအဖနှစ်ဦးအား သတ်ခဲ့ သူ စင်္ကာပူနိုင်ငံ Bedok ရဲဌာနမှာ တာဝန်ထမ်းဆောင်နေသော အသက်(၃၄)နှစ် အရွယ်ရှိ တပ်ကြပ်ကြီး တစ်ဦး ဖြစ်ပြီး ထိုသူဟာ ရဲတာဝန်ထမ်းသက် (၁၄)နှစ်ပင် ရှိနေခဲ့ပြီဖြစ်ကြောင်း သိရသည်။

သားအဖနှစ်ဦးအား သတ်ခဲ့သူ Iskandar Rahmat အား စင်္ကာပူမှ မလေးရှားနိုင်ငံထဲသို့ Vespa မော်တော် ဆိုင်ကယ် အစိမ်းရောင်ဖြင့် ဖြတ်သွားခဲ့တာကို နယ်စပ် ကင်မရာမှတ်တမ်းမှတဆင့် သိရှိ ခဲ့ကြခြင်း ဖြစ်ကြောင်း ၊ စင်္ကာပူရဲများက စင်္ကာပူ-မလေးနယ်စပ် Johor ရဲများအား  Iskandar Rahmat ၏ ကိုယ်ရေး ရာဇ ဝင်ပေး ကာ ၎င်းအား ဖြတ်သန်းသွားလာမှု တားထားဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊  Iskandar Rahmat အား ပြီးခဲ့သည့် သောကြာနေ့ညက စင်္ကာပူ-မလေးနယ်စပ် Johor ရှိ Danga Bay စားသောက် ဆိုင် တစ် ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၁၃)ရက်နေ့တွင်  Iskandar Rahmat အား အခင်းဖြစ်ပွားခဲ့သော Kovan သို့ ခေါ်ဆောင်ကာ ၎င်းကျူး လွန်ခဲ့သော မှုခင်းသရုပ်ပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။  ၂၀၁၂ နိုဝင်ဘာတုန်းက  သေဆုံးသူ Tan Boon Sin ဟာ Bedok ရဲစခန်းတွင် ခိုးမှုတင်ပြခဲ့ကြောင်း ၊ ထိုအချိန်၌ Iskandar Rahmat ဟာ မှုခင်းစုံ စမ်းထောက် လှမ်းမှု အရာရှိတစ်ဦးဖြစ်ကြောင်း ၊ သို့ပေမယ့် ၎င်းကြုံတွေခဲ့ရသော ငွေကြေး အကြပ် အတည်းအား ရဲတပ်ဖွဲ့သို့ မတင်ပြခဲ့သောကြောင့် ၎င်းအား ထိုရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရပြီး ရုံးစီမံခန့်ခွဲရေး တာဝန်သာ လုပ်ခဲ့ရကြောင်း ၊ ဒါ့အပြင် လက်နက်ကိုင်ဆောင်ခွင့်မှလည်း ရုပ်သိမ်းခြင်း ခံခဲ့ရကြောင်း ၊ နောက်ပိုင်း စုံစမ်းဖော် ထုတ်ချက်အရ  Iskandar Rahmat ဟာ ငွေကြေးခဝါချထားသူတစ်ဦးဖြစ်ပြီး အကြွေး များ တင်ရှိနေခဲ့သူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးသူ ထိုအမျိုးသားနှစ်ဦး၏အမည်မှာ Tan Boon Sin  နှင့် Tan Chee Heong တို့ ဖြစ်ကြပြီး ယနေ့ မနက် (၁၀)နာရီခွဲ အချိန်ခန့်တွင် ၎င်းတို့၏ မိသားစုဝင်(၁၅)ဦးက အသုဘအခမ်းအနား ကျင်း ပပေး ခဲ့ကြောင်း သိရသည်။

Source : Straitstimes, Wiki
From: ပုံရိပ်(burmesehearts.com)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်