Monday, July 22, 2013

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ဖို့ အမျိုးသမီးတွေ လိုလား..?

Posted by drmyochit Monday, July 22, 2013, under | 2 comments

၁၉၄၉ ​ခုနှစ် ​ပြည့်တန်ဆာ ​နှိပ်ကွပ်ရေး အက်ဥပဒေကို ​ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ ​မရှိဘူးလို့ ​ပြည်ထဲရေး ​ဒုဝန်ကြီးက ​ပြောခဲ့ပေမယ့် ​ပြည်သူ့ လွှတ်တော်က ​အမျိုးသမီး ​လွှတ်တော်ကိုယ်စားလှယ် ​အများစုက ​ဒီဥပဒေကို ​ပြင်ဆင်ဖို့ လိုလားနေကြပါတယ်။

ပြည်သူ့လွှတ်တော် ​ကိုယ်​စား လှယ် ​ဒေါ်စန္ဒာမင်း ​ကတော့ ​ပြည်တွင်းက ​ပြည့်တန်ဆာ ​လုပ်ငန်းလုပ် ကိုင်နေ တဲ့ ​အမျိုးသမီးတွေကို ​ကာကွယ်ပေးဖို့ ​လိုတယ်လို့ ​ပြော လိုက်တဲ့ အကြောင်း ​ရေဒီယို ​သြစတြေး လျ သတင်းထောက် ဝေစန္ဒာကျော်က ​သတင်းပေးပို့ ​ထားပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ​ဒုတိယ ဝန်ကြီး ​ရဲချုပ်ကျော်ကျော်ထွန်းက ​၁၉၄၉ ​ခုနှစ် ​ပြည့် တန်ဆာ ​နှိပ်​ကွပ်ရေး ​အက်​ဥပဒေ ကိုပြင် ​ဆင်​ရန် ​မလို အပ်ဘူးလို့ လွှတ်တော်မှာ ​ပြန်လည် ​ဖြေကြား ​အပြီးမှ ​အဆိုရှင် ​ဒေါ်စန္ဒာ မင်း ကတော့ ​ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေရတဲ့ ​အမျိုးသမီးတွေကို ​အကာအကွယ်ပေးပို့ ​ဥပဒေ တစ်ရပ် ​ပြဌာန်းဖို့ ​လွှတ်တော်က ​ပြဌာန်းနိုင်အောင် ​ကြိုးစားသွားမယ်လို့ ​ပြောပါတယ်။

ဒီတော့ ​တကယ်တမ်း ​ပြောချင်တာက ​ရဲ​ချုပ်က ​ပြင်သည် ​ဖြစ်စေ ​မပြင်သည်ဖြစ်စေ ​လွှတ်တော် ​ကိုယ်စား လှယ် ​ဆိုတာက ​ဥပဒေ ​ပြုနိုင်တဲ့ ​အာဏာ ​ရှိပါတယ်။ သူက ​မပြင်ဘူးဆိုပေမဲ့ ​ကျွန်မတို့က ​လွှတ်တော်ထဲ​မှာ ​ဒီ ​ဥပဒေ ကို ​ပြင်နိုင်အောင် ​ကျွန်မတို့ ​အနေနဲ့ ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ်တွေ ​အနေနဲ့ ​ဥပဒေ ​အသစ်ရေး ဆွဲ ​နိုင်အောင် ​ကြိုးစားသွားမှာပါ။ 

မြန်မာနိုင်ငံမှာ ​ပြည့်တန်ဆာ ဆိုတာ ​တရားဝင် ​လုပ်ကိုင်ရတာ ​မဟုတ်တဲ့ ​အတွက် ​သူတို့ရဲ့ ​ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ​လုပ်မပေးနိုင်သလို ​သူတို့မှာ ​အိပ်အိုင်ဗီ ​ရောဂါ ​ကူးစက်သူဟာ ​ဘယ်လောက်ရှိနေတယ် ​ဆိုတဲ့ ​အရေအတွက် ကိုလည်း ​အတိအကျ ​မသိရပါဘူး။ ​လက်ရှိ ​ရှိနေတဲ့ ​ဥပဒေဟာ ဆိုရင် ​ပြည့်တန်ဆာ ​တိုးပွားလာတာကို ​မဟန့်တားနိုင်သလို ​ကျန်းမာရေး ​ရှု့ထောင့်အရလည်း ​ထိရောက် လုပ်ဆောင်ချက်မျိုး ​မရှိတဲ့ ​အတွက် ​ဒီဥပဒေကို ​ပြင်ဖို့ ​လိုတယ်လို့ အခိုင်အမာ ယုံကြည်တဲ့ ​အကြောင်း ​ဒေါ်စန္ဒာမင်းက ပြောပါတယ်။ ​အဆိုးရွားဆုံး ကတော့ ​၁၃၊ ​၁၄ ​နှစ် ကလေးငယ်တွေ ​ပြည့်တန်ဆာ ​ဖြစ်နေကြရတာတွေ​ကို ​အမြန်ဆုံ ​ကာကွယ် ​ထိန်းသိမ်း ​ဖို့ ​လိုတဲ့အတွက် ​ပြည်တန်ဆာ ​ဥပဒေ ​အသစ် ​တစ်ခု ​တကယ်​လိုအပ် ​နေပါပြီလို့ ​GENERATION ​WAVE ​အဖွဲ့မှ ​ကိုမိုးသွေး ​ကပြောပါတယ်။

၁၃၊ ​၁၄ ​နှစ် ကလေးငယ်တွေ အများကြီးတွေ့ရတယ်။ ဒါတွေက ​ဥပဒေ တစ်ရပ်နဲ့ ​သေသေချာချာ ​ထိန်းသိမ်းဖို့ လိုအပ်နေပြီ။ ​မှတ်ပုံတင် ​ဥပဒေ ​လုပ်မယ်ဆိုရင် ​ဒါတွေကို ​အများကြီး ​လျှော့ချနိုင်လိမ့်မယ် ​လို့မြင်ပါတယ်။ ​ကျန်းမာရေး ​ရှုထောင့်​အရရော ​အကျင့် ​စာရိတ္တ ​ရှုထောင့် ​အရရော ​ဒီ​ဥပဒေ ​လိုအပ်တယ်လို့ ​မြင်ပါတယ်။

ပြည့်တန်ဆာတွေ ​အပေါ်မှာ ​ခေါင်းပုံဖြတ်မှုတွေ၊ ​အတင်အဓမ္မ ​ခိုင်းစေတာတွေကို ​အလိုမတူပဲ ​ခိုင်းစေလာတာတွေ ​ရှိရင် ​ထိထိရောက်ရောက် ​အရေးယူနိုင်ဖို့​နဲ့ ​ပြည်တန့်ဆာတွေ ​အခွင့်အရေးကို ​ကာကွယ်နိုင်ဖို့ အတွက် ​ခိုင်မာတဲ့ ​ဥပဒေ ​တစ်ရပ် ​ပြဌာန်း ​ဖို့ လိုတယ်ဆိုတာ ​ထောက်ခံကြောင်း ​လူ့အခွင့်အရေး လှုပ်ရှားသူ ​မဇင်မာအောင်က ပြောပါတယ်။

ဒီ​ပြည့်တန်ဆာ ​ဥပဒေကို ​ပြင်ဆင်ပေးဖို့ အဆိုကို ဆဌမအကြိမ် ​ပြည်သူ့ လွှတ်တော် ​အစည်းဝေးမှာလည်း ​တင်ပြခဲ့တာကိုလည်း ​ရဲချုပ် ​ကျော်ကျော်ထွန်းက ​အခုလိုပဲ ​ပြင်ဆင်ဖို့ မလိုအပ်ဖူးလို့ ​ငြင်းဆိုခဲ့ ဘူးပါတယ်။

New Collection

2 comments:

မထူးပါဘူးဇာတ်ကားပါ ရိုက်ခွင့်တောင်လိုက်ပါလား

ပြင် ဖို့မလိုဘူးဆိုတဲ့သူ ငယ်ငယ်ကခိုးချောင် ခိုးဝှက်နဲ့

ဖါမချဘူး ဘူးလား မချဘူး၇င်တော့

အ ခြောက်မဘဲဖြစ်မယ်။အနည်းဆုံးတော့မုဒိန်းမှု

ပ ပျောက်သွားနိုင်တယ်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်