Wednesday, August 14, 2013

စောက်ရွက်ဆစ်အတွက် ပေးစာတစ်စောင်

Posted by drmyochit Wednesday, August 14, 2013, under | No comments


ငါတို့ရှမ်းပြည်မှာ အခုထင်ပေါ်ကျော်ကြားနေသူ တစ်ဦးကို ဂုဏ်ပြုချင်ပါတယ် သူကတော့ SSA ခေါင်းဆောင် ရွက်ဆစ်ပါ ပြီးခဲ့တဲ့လထဲမှာ သမ္မတကြီးနဲ့လဲ နေပြည်တော်မှာ သွားပြီး စကားပြောတယ်၊ ပြီးတော့ ရန်ကုန်-နေပြည်တော်-ရှမ်းပြည် ထဲမှာ ၁ လလောက်လှည့်ပြီး သတင်းသမားတွေကော၊ ပြည် သူတွေ နဲ့ကော တွေ့သေးတယ်လေ၊ နိုင်ငံခြားဖြစ် မျက်မှန်အမဲကြီးတပ်ပြီး ရှမ်းလိုဝတ်လိုက်၊ အနောက် တိုင်း ကုတ်အင်္ကျီကြီး ၀တ်လိုက်နဲ့ တရုတ်သူဌေးကြီး ၁ ဦး လိုပါပဲ၊ တကယ့်ကို လေးစား အထင်ကြီးလောက် တဲ့ ပုံတွေ လုပ်ပြသွားခဲ့တယ်။

သြော် … ဒါပေမယ့် မင်းဘယ်လိုတွေ လုပ်ပြနေနေ ရွက်ဆစ်တို့၊ စိုင်းနော်ခမ်းတို့ ဆိုတာ မူးယစ်ဆေးဝါးကြောင့် နာမည်ကြီး ချမ်းသာနေတဲ့ ဘိန်းရာဇာတွေဆိုတာ ငါတို့နယ်မှာ မသိတဲ့မရှိ သလောက်ပဲလေ၊ ၂ ယောက်စလုံး ခွန်ဆာရဲ့ တပည့်တွေ ဖြစ်ခဲ့ပြီး ဆရာကတောင် ထိန်းမနိုင်ခဲ့တဲ့ သူတွေမဟုတ်လား၊ နော်ခမ်း ၁ ယောက်တော့ သွားရှာပြီ တရုတ်ပြည်မှာ သေဒဏ်ပေးခံလိုက်ရပြီတဲ့၊ ရွက်ဆစ်ရေ မင်းကတော့ လူကသာ အတန်းပညာမတတ်တယ် အင်မတန် ဥာဏ်နီဥာဏ်နက်များသူပဲ မင်းရဲ့ လှည့်ကွက်တွေနဲ့ ထိုးကျွေး၊ ပေးကျွေးတာ စားနေတဲ့ ထိုင်းအဖွဲ့တွေက သိသိကြီးနဲ့ ပျော်ပျော်ကြီး မင်းကို ဆုတံဆိပ်တောင်ပေးလိုက်သေးတယ်ဆိုပဲ။

ငယ်ငယ်က ၇ တန်းနဲ့ စည်းကမ်းပျက်လို့ကျောင်းထုတ်ခံရပြီး ၁၇ နှစ် သားနဲ့ ဘိန်းမှောင်ခို မိုးဟိန်းအဖွဲ့ထဲဝင်ခဲ့ပေမယ့်လည်း မင်းရဲ့ လူသတ်၊ ရက်စက်ကြမ်းကြုတ် အနိုင်ကျင့်မှုတွေမှာ အများက သြချလောက်အောင် လုပ်ပြနိုင်တာကြောင့် နေရာရလာတာဟာလည်း မင်းရဲ့ပညာပဲမဟုတ်လား။

ဘိန်းမှောင်ခို မိုးဟိန်းနဲ့ ခွန်ဆာတို့ ပူးပေါင်းတော့ မင်းကို ခွန်ဆာက ဗိုလ်မှူးကြီး ရာထူးပေးတယ်၊ ခွန်ဆာအဖွဲ့ စစ်အစိုးရမှာ အလင်းဝင်တော့ ခွန်ဆာနဲ့အတူ လိုက်ပါခဲ့ပေမယ့် မူယစ်ဆေးဝါး လုပ်ငန်းက ရတဲ့ငွေတွေ၊ ဒေသမှာ လက်နက်ပြ လုပ်ချင်တိုင်းလုပ်နိုင်မဲ့ အခွင့်အာဏာတွေ မရနိုင်မှန်းသိလို့ တစ်ပတ်အတွင်းမှာပဲ ခွန်ဆာရဲ့ ငြိမ်းချမ်းရေးအဖွဲ့က ပြန်ထွက်ပြေးပြီး သူခိုး၊ ဂျပိုး၊ ဘိန်းစား တွေကိုစုဖွဲ့လို့ SURA ကို ဖွဲ့ပြီး မင်းခေါင်းဆောင် စလုပ်ခဲ့တယ်မဟုတ်လား။

ငါတို့လူမျိုးမှာ အကြီးအကဲ စော်ဘွားမျိုးတွေကို ဂုဏ်ပြုပြီး နာမည်ရဲ့ရှေ့မှာ အသုံးအနှုန်း တစ်ခု ဖော်ပြကြတယ်။ အဲဒါကတော့ မြန်မာစာနဲ့ရေးရင် “စပ်” ၊ ရှမ်းစာနဲ့ရေးတော့ “စ၀်” ၊ အသံ ထွက်တော့ “စောက်” ဆိုတဲ့ စကားလုံးပဲဖြစ်တယ်။ အခု တို့ရှမ်းပြည်မှာ မင်းသားလို နာမည်ကြီးနေတဲ့ SSA ခေါင်းဆောင်ကြီး မင်းကို ငါတို့အသိအမှတ်ပြုပြီးခေါ်ပါရစေ။ အဲဒါကတော့ “စောက်ရွက်ဆစ်ရေ”

“စောက်ရွက်ဆစ်ရေ” ဆိုတော့ ကိုယ့်ကိုယ်ကို အထင်ကြီးသွားမှာဆိုးလို့ ဘာကြောင့်ဒီလို ခေါ်တယ်ဆိုတာ ရှင်းပြဦးမယ်။ မြန်မာစကားမှာ အသုံးမကျတဲ့သူကို ရင့်ရင့်သီးသီး ထိထိရောက်ရောက် ဖြစ်စေဖို့ “စောက်သုံးမကျသူ” ဆိုပြီး သုံးတဲ့အတိုင်းပြောလိုက်တာ၊ ငါတို့ ရှမ်းပြည်နဲ့ လူမျိုးတွေအတွက် မင်းဟာ စော်ဘွားအရာမှာထားဖို့ မထိုက်တန်ဘဲ စောက်သုံးမကျတဲ့သူသာဖြစ်တယ်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်နေချိန်ဖြစ်လို့ စစ်အစိုးရတပ်တွေ အသွားအလာနည်းတာကို အခွင့်ကောင်းယူပြီး ရွာတွေကို ဘိန်းစိုက်ပျိုးဖို့ တွန်းအားပေးခဲ့တယ်၊ ဘိန်းစိုက်ဖို့ ငွေကြိုထုတ်ပေးတယ်၊ ပြီးတော့ ဘိန်းပြန်ကောက်တယ်၊ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းကိုလုပ်ပြီး ပြည်တွင်း ပြည်ပ ဖြန့်တယ် ငါတို့ဒေသခံတွေကလဲ တစ်ခြားသီးနှံစိုက်တာထက် ဘိန်းကငွေပိုရပြီး ရောင်းဖို့ အဆင် ပြေတော့ ဘိန်းပဲ စိုက်ကြတာပေါ့။ ဒေသမှာရှိတဲ့ ၉၀% ကျော်လဲ ဘိန်းစားတွေဖြစ်ကုန်ပြီ။ ဒေသခံတွေရဲ့ ဘိန်းအရောင်းအဝယ်ကို ချုပ်ကိုင်ထားပြီး အာဏာရှိနေတာရယ်၊ နယ်မြေအတွင်း ဘုရင်တစ်ဆူလိုသာမက အရီးကြီး တစ်ယောက်လို ကိုးကွယ်နေကြရတာရယ်ကြောင့် ရွက်ဆစ်ဟာ ဆရာ့ဆရာကြီးပဲမဟုတ်လား။ ၂၀၁၀ လွယ်တိုင်းလျှံနှစ်ပတ်လည်နေ့မှာ ကိုယ့်ဘာသာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် သတ်မှတ်ခဲ့တာလည်း ချီးကျွေး ထိုက်ပါပေတယ်။ ရွာတိုင်း တစ်အိမ်တစ်ယောက် ရှမ်းစစ်သားအဖြစ် ပေးရတယ်။ တကယ်လို့ အဲဒီစစ်သား ထွက်ပြေးခဲ့ရင် သူ့ရဲ့မိသားစုကို ဖမ်းတယ်။ နှစ်ခါထွက်ပြေးလို့ ပြန်မိရင် မင်းတို့ပြောနေကျ စကားရှိတယ် “အမဲခြောက် လုပ်ပစ်လိုက်” (သတ်ပစ်လိုက်လို့ပြောတာ) အဲဒီတော့ တော်ရုံတန်ရုံ ဘယ်ပြေးရဲတော့မလဲ။ ရောက်တဲ့ရွာမှာ မိန်းမပျို တစ်ယောက်မက ဆက်သပေးရတယ်။ မင်းတင်မက အဲဒီ မိန်းကလေးတွေကို ပြည်ပနိုင်ငံကိုပို့ပြီး မင်းရဲ့အပေါင်းအသင်း မူးယစ်ရာဇာတွေအတွက် လက်ဆောင်ပေး ရက်ရောတာ မင်းရဲ့ အကုသိုလ်ယူမှုလား။ တရားဝင်မယား ၂၇ ယောက် (တရားမဝင်မပါ) ရှိတဲ့အပြင် မင်းတို့အဖွဲ့က ဒုတိယဦးစီးချုပ် ခေးငယ် ရဲ့သမီးကိုလဲ တရားဝင်ယူတယ်။ ကဲ ပြောမယ့်သူ ဘယ်သူ ရှိသေးလဲ။

စောက်ရွက်ဆစ်ရေ မင်း ငါတို့ရှမ်းပြည်နဲ့ လူမျိုးအတွက် ဘာတွေများ ကောင်းတာလုပ်ခဲ့လဲ မင်းကြောင့် ငါတို့ပြည်နယ်မှာ မတရားအသတ်ခံခဲ့ရတဲ့ မိသားစုတွေရဲ့မျက်နှာ၊ အစော်ကားခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့ခံစားချက်၊ လူညွန့်တုံးပြီး ဘာမှမလုပ်နိုင်တော့တဲ့ ဘိန်းစားဖြစ်သွားသူတွေရဲ့ဘဝ၊ ပညာကောင်းကောင်းမသင်ရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှမ်းပြည်စစ်တပ်ထဲဝင်လို့ အသေဆိုးနဲ့ သေခဲ့ရ သူတွေရဲ့ ဝိဥာဉ်တွေ၊ အနာဂတ် မှုန်ဝါးနေတဲ့ ကလေးသူငယ်တွေ ဒါတွေဒါတွေကို မင်းသိစေဖို့ ရေးသားလိုက်တာပါ။ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ မင်းနဲ့ အကျင့်စရိုက်တူ မင်းရဲ့ သူငယ်ချင်း စိုင်းနော်ခမ်းကတော့ မင်းရောက်မလာသေးလို့ တမျှော်မျှော်နဲ့ အထူးငရဲပြည်မှာ စောင့်နေမှာ ဖြစ်လို့ “စောက်ရွက်ဆစ်ရေ” ဒီစာလေးကိုဖတ်ပြီး . . . . . . .

စိုင်းမောက်(မိုင်းရှူး)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်