Wednesday, August 14, 2013

ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သော နေပြည်တော်- ရန်ကုန် နှစ်ဖက် အသင်းသားများအား ပြစ်ဒဏ်အသီးသီးချမှတ်ပြီ

Posted by drmyochit Wednesday, August 14, 2013, under | No comments



ရန်ကုန်-သြဂုတ်၁၃

သြဂုတ် ၄ ရက်နေ့ ညနေ(၆း၀၀)နာရီက နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပခဲ့သော ၂၀၁၃ မြန်မာ
နေရှင်နယ်လိဂ် MNL Myanmar 2013 နောက်ဆုံး အပတ်ပွဲစဉ် ဖြစ်သည့် နေပြည်တော် အက်ဖ်စီနှင့် ရန်ကုန် ယူနိုက်တက် အသင်း၌ ပွဲစဉ်္ကဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ် ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် နည်းပြများနှင့် ကစားသမားများ ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ သြဂုတ် ၁၃ ရက်နေ့ ရက်စွဲဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အနေဖြင့် သြဂုတ် (၉)ရက်နေ့တွင် ပဏာမ စုံစမ်း စစ်ဆေးပြီး သြဂုတ် ၁၂ ရက်နေ့တွင် တာဝန်ရှိ သူများကို ခေါ်ယူ မေးမြန်းခြင်းနှင့် မှတ်တမ်း ဗီဒီယိုများ၊ ဓာတ်ပုံ အထောက်အထား များအား ကြည့်ရှု စစ်ဆေးခြင်းတို့ ပြုလုပ်ပြီးနောက် အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။

နေပြည်တော် အက်ဖ်စီ အသင်းမှ ပြစ်ဒဏ်များ

(၁) အိမ်ရှင် နေပြည်တော် အက်ဖ်စီ အသင်း အနေဖြင့် ၀ဏ္ဏသိဒ္ဓိ ကွင်းအတွင်း ပျက်စီးဆုံးရှုံးမှု ကုန်ကျစရိတ် များကို တစ်ဝက်ပေးလျော်ရန်။
(၂) ၂၀၁၄ ခုနှစ် MNL Myanmar 2014 ပြိုင်ပွဲ ပထမ အကျော့ ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် မပြုရန်။
(၃) နေပြည်တော် အက်ဖ်စီ အသင်းမှ ကျောနံပါတ် (၁၂) ခိုင်ထူး အား စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ်(၄)နှင့် (၁၃)အရ ၂၀၁၄ ခုနှစ် MNL Myanmar 2014 ပြိုင်ပွဲတွင် တစ်ရာသီ ပါဝင် ကစားခွင့် မပြုရန်။
(၄) နေပြည်တော် အက်ဖ်စီ အသင်း၏ ကျောနံပါတ် (၄) ဇော်လင်းအား စည်းကမ်း ထိန်းသိမ်းရေးမူ (၁၃)အရ ၂၀၁၄ ခုနှစ် MNL Myanmar 2014 ပြိုင်ပွဲမှ စ၍ (၅)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ငါးသိန်း (၅၀၀၀၀၀ိ/-) ပေးဆောင်ရန်။
(၅) နေပြည်တော် အက်ဖ်စီ အသင်း၏ ကျောနံပါတ် (၁၆) တင်ဇော်မိုးနှင့် ကျောနံပါတ် (၂၉) အရန် ဂိုးသမား ဇော်မျိုးဦး တို့နှစ်ဦးအား စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ်(၁၃)အရ ၂၀၁၄ ခုနှစ် MNL Myanmar 2014 ပြိုင်ပွဲမှ စ၍ ပွဲစဉ်(၅)ပွဲ ပါဝင် ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် နှစ်သိန်း (၂၀၀၀၀၀ိ/-)စီ ပေးဆောင်ရန်။
(၆) နေပြည်တော် အက်ဖ်စီ နည်းစနစ် အကြံပေး ဦးမျိုးဝင်းနှင့် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း တို့နှစ်ဦးအား စည်းကမ်းထိန်းသိမ်း ရေးမူ အပိုဒ် (၁၃)အရ ၂၀၁၄ ခုနှစ် MNL Myanmar 2014 ပြိုင်ပွဲမှ စ၍ ပွဲစဉ်(၃)ပွဲ ကွင်းအတွင်း ၀င်ရောက် ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ငါးသိန်း (၅၀၀၀၀၀ိ/-)စီ ပေးဆောင်ရန်။

ရန်ကုန် ယူနိုက်တက် အက်ဖ်စီ အသင်းမှ ပြစ်ဒဏ်များ

(၁) ရန်ကုန် ယူနိုက်တက် အသင်း လက်ထောက်နည်းပြ ဦးတင်မောင်ထွန်းအား စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ်(၁၃) အရ ၂၀၁၄ ခုနှစ် MNL Myanmar 2014 ပြိုင်ပွဲမှ စ၍ ပွဲစဉ်(၃)ပွဲ ကွင်းအတွင်း ၀င်ရောက်ကြီးကြပ်မှု မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ၅ သိန်း (၅၀၀၀၀၀ိ/-) ပေးဆောင်ရန်။
(၂) ရန်ကုန် ယူနိုက်တက် အသင်းမှ ကျောနံပါတ်(၈) ကြည်လင်းအား ၂၀၁၄ ခုနှစ် MNL Myanmar 2014 ပြိုင်ပွဲမှ စ၍ ပွဲစဉ်(၃)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ငါးသိန်း (၅၀၀၀၀၀ိ/-) ပေးဆောင်ရန် ပြစ်ဒဏ်အသီးသီးချမှတ်ကြောင်းသိရသည်။ t

Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်