Wednesday, August 14, 2013

အင်တာနက် နှင့် မီဒီယာအချို့၌ပျံ့နှံ့နေသည့် အသံဖိုင်ကိစ္စ မြန်မာ အမျိုးသား ကွန်ရက်ပါတီ ဥက္ကဌရှင်း

Posted by drmyochit Wednesday, August 14, 2013, under | No comments


မြန်မာအမျိုးသားကွန်ဂရက် ပါတီဥက္ကဋ္ဌနှင့် အင်ပါယာနေ့စဉ် သတင်းစာ ဦးဆောင် ဦးရွက်ပြုနေသူ တစ်ဦးဖြစ် သည့် ဦးကောင်းမြင့်ထွဋ်က မြန်မာ့နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသော ခေါင်းဆောင်များနှင့် ပတ်သက် ၍ ဝေဖန်ပြောစကားအသံဖိုင်များအင်တာနက်စာမျက် နှာများနှင့် သတင်း မီဒီယာအချို့ ၌ ပျံ့နှံ့လျက် ရှိနေပြီး ယင်းအသံဖိုင် ဝေဖန်ချက်အချို့နှင့် ပတ်သက်၍ Hot News က ဦးကောင်းမြင့်ထွဋ်ထံ ဆက်သွယ်၍ မေးမြန်း အတည် ပြုခဲ့သည်များကို ရေးသားတင်ပြလိုက်ပါသည်။

“ကျွန်တော်လည်း မီဒီယာ ကိစ္စတွေ ၀င်လုပ်နေတာပဲလေ။ ဒေါ် အောင်ဆန်းစုကြည်ဆိုတာ ကျွန်တော်နဲ့ ခုမှသိတာမဟုတ်ဘူး။ ဟိုငယ် ငယ်လေးကတည်းကသိခဲ့တာ အဲဒီတုန်းက ကျွန်တော်က Lecture ရိုက်ခဲ့ တယ်လို့ပြောတာမဟုတ်ဘူး။ ကောင်းမြင့်ထွဋ်က ၄၅ မိနစ်ကြာအောင် ဒေါ်စုကို Lecture သွား ရိုက်တာ၊ အဘွားကြီးစိတ်ညစ်နေ ဦးမယ်ဆိုပြီး ပါလာတဲ့ သူတွေကပြောတာ။ ပြီးကျတော့ ကျွန်တော်ရှင်းပြတယ်။ အသံ ဖိုင်က ဘယ်လို လဲတော့မသိဘူး။ နောက်ပြီးတော့ ၀န်ကြီးတွေကို ကျွန်တော့် သတင်းစာယူဖို့နှုတ်မိန့်နဲ့ လုပ်တယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။ နိုင်ငံရေးပွဲ တွေမှာ ရင်းနှီးခဲ့တဲ့ မွေး/ရေ ၀န်ကြီးဦးအုန်းမြင့်က သူနဲ့ ခင်တဲ့ အခါကျတော့ ကောင်းမြင့်ထွဋ်ရဲ့ သတင်းစာကို ၀န်ထမ်းတွေကို ယူခိုင်းရမယ်ဆိုပြီး နှုတ်မိန့်နဲ့ ပြောတာ။ ကျွန်တော်ပြောတာမဟုတ် ပါဘူး။ သူတို့မှာလည်း အားပေး ချင်တဲ့ စိတ်လေးလည်းရှိနေတယ်။ နောက်ဦးသုဝေတို့ ဦးခင်မောင်ဆွေ တို့ကိုပါတီထောင်ဖို့ကျွန်တော်ပဲ လုပ်ပေးခဲ့တာ ဒါအမှန်ပဲလေ။ အဲဒီလူတွေကို သွားမေးလိုက်။ ဦးသုဝေကိုဆိုလည်းဆုံးသွားရှာပြီ ဖြစ်တဲ့ ဦးရဲထွန်းတို့နဲ့ ဦးသုဝေလို လူမျိုးတွေကို ပခုံးထမ်းပြီးတင်ပေး ခဲ့ရတာ။ ၂၀၀၉ မှာလုပ်တဲ့ မြန်မာ့နိုင်ငံရေးသုံးသပ် ဆွေးနွေးပွဲဆိုတာကလည်း ကျွန်တော့်မှာရှိတာတွေကို ရောင်းချပြီးတော့ အခမ်းအနား တွေလုပ်ပေးခဲ့ရတာ။ ဦးခင်မောင် ဆွေဆိုလည်း ပါတီထောင်ဖို့ ကျွန်တော့်ကိုပထမဆုံးတိုင်ပင်ခဲ့တာ။ ဓာတ်ပုံအထောက် အထားတွေလည်းရှိတယ်။ ဦးခင်မောင် မောင်ဆွေလည်း အသိပဲ။ ကျွန်တော့်အနေနဲ့ကလည်း ဖြစ်လာသမျှကို တရားတဘောင်နဲ့ ရှင်းသွားဖို့ အားလုံးစီစဉ်ပြီးပါပြီ၊ မီဒီယာတွေအနေနဲ့ကလည်း ဒါကိုရေးမယ်ဆိုလည်း တရားဝင်ရေးလို့ရပါတယ်”ဟု ပျံ့နှံ့အသံဖိုင်ပါပြောစကားများအပေါ် ဦးကောင်း မြင့်ထွဋ်ကပြန် လည်ပြောကြားသွားခဲ့သည်။

ပျံ့နှံ့အသံဖိုင်မှာ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းရုံး တွင်းပြုလုပ်သော အစည်းအဝေးမှ ပြောဆိုချက်များဟု သိရပြီး အလုပ်မှထုတ်ပယ်ခံရ၍ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ဆုံးရှုံးခဲ့ရသည်ဟုဆိုသော ၀န်ထမ်းများမှ တစ်ဆင့် ယင်းအသံဖိုင်မှာ အင်တာနက်စာမျက်နှာအချို့နှင့် သတင်းမီဒီယာ အချို့သို့စတင်ပျံ့နှံ့ ခြင်းဖြစ်ကြောင်းသိရသည်။

From : ..ခန့်ခန့်(ဒဿနိက)
=====================================================

ဦးကောင်းမြတ်ထွဋ် ပြောထားသည့် အသံဖိုင်နှင့် ကိုယ်ရေးအကျဉ်း

ဒေါ်အောင်ဆန်းစုကြည်ကို ၄၅ မိနစ် ဆုံးမခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ကိုကောင်းမြတ်ထွဋ် (အသံဖိုင် နှင့် ကိုယ်ရေးအကျဉ်း)







မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်အနောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းရှိ မြန်မာအမျိုးသား ကွန်ကရက်ပါတီရုံးချုပ်တွင် နေထိုင်သူ ပါတီဥက္ကဌ ဖြစ်သူ ဦးကောင်းမြတ်ထွဋ် သည် ပါတီပိုင် အပတ်စဉ်ထုတ် (အင်ပါယာ) ဂျာနယ်ကို သတင်းစာအဖြစ်ပြောင်း ထုတ်လုပ်နေပြီး ပါတီ၏စည်းရုံး ရေးလုပ်ငန်းစဉ်များကို (၂ဝ၁၅) ရွေးကောက်ပွဲ အောင်နိင် ရေး အတွက် ကြိုးစားနေသူဖြစ်သည်။





၈၈ မျိုးဆက် ကျောင်းသား ကိုကောင်းမြတ်ထွဋ် မိန့်ခွန်း ကောက်နှုတ်ချက် အချို့မှာ

အမည်မဖော်လိုလျှင် ဂျာနယ်လစ် မလုပ်နဲ့ ဆိုက်ကားပြောင်းနင်း....
နေဝင်းမြင့်က ဘာတတ်တုန်း.. ဘာမှစောက်သုံးမကျပဲ အမတ်ဖြစ်တာ...
ဦးသုဝေ ၂၀၀၈-၂၀၀၉ တုန်းက ပြဿနာတတ်တာသိလား...
သူ့မွေးသက်ကရဇ်ကို ပြုစားမှာကြောက်လို့ဖုံးကွယ်ထားတာ သိလား..
သူ့ရည်းစားတွေက ဘယ်လိုခေါ်လဲသိလား..
ဦးခင်မောင်ဆွေက သူခိုးကြီးများ သမဂ္ဂလုပ်ခဲ့တာသိလား..
ဘယ်နိုင်ငံရေးသမားတွေက စောက်သုံးကျမယ်မင်းထင်လဲ...
NLD က ကောင်တွေရော.. သူတို့ ဘုရားလိုကိုးကွယ်နေတဲ့ ဒေါ်စုရော? သူ့ကို ငါ ၄၅ မိနစ်လောက် လက်ချာရိုက်ခဲ့တာ..
မြန်မာ့နိုင်ငံရေးထဲက မင်းတို့အထင်ကြီးတဲ့ တစ်ယောက် ငါ့ကို ထုတ်ပြ...

သတင်းစာ မှာ အမေစု ဆိုတာ မရေးနဲ့.. အဲလိုလျှောက်ဖားနေမယ်ဆိုရင် ဒီလှိုင်းမှာသွားရေး..
နိုင်ငံရေးသမားတွေ တစ်ကောင်မှ စောက်သုံးမကျဘူး... သူတို့စောက်သုံးမကျလို့ ဒီလိုဖြစ်နေတာ..
မနေ့တစ်နေ့ရမှပေါ်လာပြီး သူရဲကောင်းယောင်ယောင်... ဘာယောင်ယောင်နဲ့...
သတင်းထောက်လောကမှာ ကြောင်တောင်တောင်ကောင်တွေ အမျာြး ကီးရှိတယ်...
ဥက္ကာကိုကို တို့ ဟာဂျီဦးလှသန်းနဲ့ အမျိုးတော်တဲ့ကောင်...
ပြုတ်စားပစ်လိုက်လို့ရတယ်...
စောက်တလွဲကောင်တွေနဲ့ မပေါင်းနဲ့...



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်