Wednesday, August 14, 2013

ဗြိတိန်၏ လူကြိုက်အများဆုံး သီချင်းပိုင်ရှင် မိုင်လီဆိုင်းရပ်စ်

Posted by drmyochit Wednesday, August 14, 2013, under | No comments



မိုင်လီဆိုင်းရပ်စ်၏ သီချင်းတစ်ပုဒ်သည် ဗြိတိန်နိုင်ငံ၏ လူကြိုက်အများဆုံး သီချင်းများ စာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သည်။ Disney စတားဟောင်းဖြစ်သည့် အမေရိကန် အဆိုတော် မင်းသမီးသည် Hannah Montana ရုပ်သံစီးရီးများတွင် လူငယ်ကြယ်ပွင့်လေး တစ်ဦးအဖြစ် စတင်ထင်ရှားလာပြီး ယခုအချိန်တွင်မူ ဆွဲဆောင်မှု ပြည့်ဝသည့် မိန်းကလေး တစ်ဦးအဖြစ် လူလားမြောက်လာခဲ့သည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီသည် We Can't Stop သီချင်းဖြင့် ဗြိတိန်၏ လူကြိုက်အများဆုံး သီချင်းများ စာရင်းတွင် နံပါတ်(၁) နေရာကို သိမ်းပိုက်နိုင်ခဲ့သည်။

ယခင်က ဗြိတိန်တွင် ယင်းကဲ့သို့ လူကြိုက်အများဆုံး သီချင်းစာရင်း ထိပ်ဆုံးနေရာ၌ မိုင်လီတစ်ခါမျှ ရပ်တည်ဖူးခြင်း မရှိခဲ့ပေ။ အဆိုပါ သီချင်းသည် သူမ၏ အသစ်ထွက်ရှိမည့် စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ် Bangerzတွင် ပါဝင်လာမည် ဖြစ်သည်။ We Can't Stop သီချင်းသည် အမေရိကန်၏ လူကြိုက်အများဆုံး စာရင်းတွင် နံပါတ်(၂)နေရာ ရရှိထားသည်။ မိုင်လီသည် ဗြိတိန်တွင်လည်း လူငယ်ပရိသတ် အင်အားကို အခိုင်အမာ ရရှိထားသူ ဖြစ်သည်။ သူမအနေဖြင့် ယခုနှစ် နှောင်းပိုင်းတွင် Bangerz အယ်လ်ဘမ်သစ်ကို ထုတ်ဝေနိုင်ရန် မျှော်လင့်ထားသည်။

We Can't Stopတွင် မိုင်လီအတွက် ဆွီဒင်နိုင်ငံသား DJတစ်ဦးဖြစ်သည့် အေဗစ်စီက အကောင်းဆုံး ကူညီ ပံ့ပိုးပေးထားသေးသည်။ Billboard မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် မိုင်လီက သူမအနေဖြင့် ယခင်နှစ်အနည်းငယ်က ဂီတခံစားချက်မျိုးနှင့် ကင်းကွာသွားပြီဟု ဝန်ခံခဲ့သည်။ "ခုချိန်မှာ လူတွေက iTuneကနေ ကျွန်မရဲ့ သီချင်းဟောင်းတွေကို နားထောင်ကြပါတယ်။ တကယ်တော့ ကျွန်မအသက် (၁၆)နှစ်၊ (၁၇)နှစ်လောက်မှာ ဆိုခဲ့တဲ့ သီချင်းတွေကို ပြန်ခံစားကြည့်တဲ့အခါ ကျွန်မနဲ့ အရမ်း ကင်းကွာသွားသလို ဖြစ်နေပါပြီ။ ခုဆို ကျွန်မအသက် (၂၀)ရှိပြီ မဟုတ်လား"ဟု မိုင်လီက ပြောဆိုသွားခဲ့သည်။

From: Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်