Wednesday, August 14, 2013

ချစ်သူဟောင်းများကြောင့် နောင်တရနေသည့် တေလာဆွစ်ဖ်

Posted by drmyochit Wednesday, August 14, 2013, under | No comments



သူမ၏ ချစ်သူဟောင်း အတော်များများနှင့် ပတ်သက်လျှင် သူမအတွက် ကျန်ရှိခဲ့သော အရာသည် နောင်တ တရား သာ ဖြစ်ကြောင်း တေလာဆွစ်ဖ်က ဖွင့်ဟပြောကြားလိုက်သည်။ နာမည်ကျော် လူငယ်ကြယ် ပွင့်များ အပါအဝင် အမျိုးသား အတော်များများနှင့် ခေတ္တမျှသာ တွဲလေ့ရှိခဲ့ဖူးသူ Country ဂီတ အဆိုတော်မလေးက အသည်းကွဲ ဝေဒနာသည် သူမ၏ ဂီတဘဝတွင် အောင်မြင်အောင် အထောက် အပံ့ ပေးကြောင်းလည်း ဖွင့်ဟခဲ့သည်။ We Are Never Ever Getting Back Together သီချင်းဖြင့် အောင်မြင် မှုများ ရရှိနေသည့် တေလာသည် ဂျွန်မေယာ၊ ဂျက်ဂါလင်ဟားလ်၊ တေလာလော့တ်နာ၊ ဟယ်ရီစတိုင်းလ် တို့ အပါအဝင် အမျိုးသား အချို့နှင့် တွဲခဲ့ဖူးသည်။

အသက်(၂၃)နှစ်ရှိ ဂရမ်မီဆုရှင် အဆိုတော်မလေးက စက်တင်ဘာလထုတ် Marie Claire မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် "ကျွန်မ တွဲခဲ့တဲ့ အမျိုးသားတွေဆီက ရလာတာကတော့ နောင်တတရားပါပဲ။ အဲဒီ နောင်တကပဲ ကျွန်မကိုယ်တိုင် ဖန်တီးထားတဲ့ ဂုဏ်ယူလောက်စရာ သီချင်းတွေ ဖြစ်လာစေတယ်။ အချစ်ဆိုတာ အညှာအတာ ကင်းမဲ့တဲ့ ကစားပွဲမျိုးပါ။ ဒါကို ရှင့်အနေနဲ့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် ကစားတတ်ဖို့တော့ လိုလိမ့်မယ်"ဟု မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။ I Knew You Were Trouble အဆိုတော်က "အသည်းကွဲတဲ့အခါ ဂီတကို သာမန်အချိန်တွေထက် ပိုလိုအပ်လာတတ်တယ်"ဟုလည်း ဆိုသည်။

သူမက "အသည်းကွဲနေသူ တချို့အတွက် လှပတဲ့ သက်ရောက်မှုတွေလည်း ရှိတတ်ပါတယ်။ ကိုယ်က ပျော်ရွှင်နေတယ်၊ ချစ်ခင်မှုကို ရနေတယ်ဆိုရင် ထိရှခံစားမှုတွေကို တွေးနေစရာ မလိုဘူးလို့ ကျွန်မထင်တယ်။ ကောင်းနေရင် ဘာမှ မတွေးဘူး။ အချစ်ကြောင့် အဆိုးတွေ ကြုံလာရင်တော့ အထီးကျန်လာမယ်၊ တစ်ယောက်ယောက်ကို လွမ်းမိမယ်။ ကိုယ်ဘာတွေ ခံစားရတယ် ဆိုတာကို သီချင်းအနေနဲ့ ရေးချမိလိမ့်မယ်။ ကျွန်မအတွက်တော့ ဒီခံစားချက်က ကျေနပ်စရာ ဖြစ်လာပါတယ်။ ကျွန်မရဲ့ ဂီတဖြတ်သန်းမှုမှာ ဒီလို အခြေအနေကနေ အထောက်အကူတွေ အများကြီး ရစေခဲ့တယ်လေ"ဟုလည်း ပြောဆိုသွားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်