Friday, August 09, 2013

ကန်ဒေါ်လာတစ်သောင်းကျော် လိမ်လည်မှုဖြင့် ကိုရီးယားနိုင်ငံသား အချင်းချင်း အမှုဖွင့်

Posted by drmyochit Friday, August 09, 2013, under | No comments


ရန်ကုန်၊ သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် နေထိုင်သည့် ကိုရီးယားနိုင်ငံ သား တစ်ဦးက အမေရိကန်ဒေါ်လာ တစ်သောင်းကျော် လိမ်လည်ရယူသည်ဟုဆိုကာ အခြားကိုရီးယား နိုင်ငံသား တစ်ဦးက အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အမှုဖွင့်ခြင်းခံရသူ Mr. Choi Chung Hyun နှင့် အမှုဖွင့်တိုင်ကြားသူ Mr.Choi Jung Ho တို့သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ရင်းနှီးခဲ့ပြီး အဆောင်ငှားရမ်းခြင်းလုပ်ငန်း အကျိုးတူ လုပ်ကိုင်ရန် လိုအပ်သော Mark II ယာဉ်တစ်စီးကို အမှုဖွင့် တိုင်ကြားခံရသူ Mr. Choi Chung Hyun ထံမှ အမေရိကန်ဒေါ်လာ ၁၄,၄၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း၊ တစ်လပြည့်သည်အထိ ယာဉ်နှင့် ပတ်သက်သည့် စာချုပ်စာတမ်းများကို ပေးအပ်နိုင်ခြင်း မရှိသဖြင့် ယာဉ်နှင့် ပတ်သက်၍ စုံစမ်းခဲ့ရာ ငှားရမ်းထားသည့် ယာဉ်ဖြစ်နေသဖြင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါယာဉ်ကို Mr. Choi Chung Hyun ထံမှ ဝယ်ယူခဲ့သူသည် ငွေပေးစာချုပ်ဖြင့် ဝယ်ယူထားခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ကန်ဒေါ်လာ တစ်သောင်းကျော် လိမ်လည်မှုဖြင့် ကိုရီးယားနိုင်ငံသားကို (ပ) ၃၃၀/၁၃၊ ပြစ်မှုပုဒ်မ-၄၂၀ ဖြင့် အမှု ဖွင့် စစ်ဆေးလျက် ရှိကြောင်း မရမ်းကုန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်