Friday, August 09, 2013

ဓားနှင့်ခုခံတဲ့ မူးယစ် တရားခံပြေးကို လက်နက်မှုနဲ့ ထပ်မံ အရေးယူ

Posted by drmyochit Friday, August 09, 2013, under | No comments



စစ်ကိုင်းတိုင်းဒေသကြီး၊ ပင် လည်ဘူးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် များက မူးယစ်အမှုမှ တရားခံ ပြေးအား ဖမ်းဆီးရာဓားဖြင့်ခုခံခဲ့ ၍ လက်နက်ပုန်း ကိုင်ဆောင်မှု ဖြင့် ထပ်မံအရေးယူခဲ့ကြောင်းသိ ရသည်။

ဇူလိုင်လ ၇ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်က ပင်လည်ဘူး မြို့နယ် ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေ များနှင့်အတူ ပင်လည်ဘူးရဲစခန်း မယ (ပ)၁၂/၂၀၁၂၊ မူးယစ်ပုဒ်မ ၁၅/၁၉(က) အမှုမှ ကွင်းဆက် တရားခံ တရားခံပြေး မင်းဇော်ဆို သူအား သွားရောက်ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်များအား မင်းဇော်က ဓားဦးချွန်ဖြင့် ပြန်လည်ခုခံရာ လုံး ထွေး သတ်ပုတ် ဖမ်းဆီးခဲ့ရသည်။

တရားခံပြေးမင်းဇော်ထံမှ အရိုးအသွား (၁၃)လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းကို သက် သေများ၏ ရှေ့မှောက်၌သိမ်းယူ ဖမ်းမိခဲ့သည်။ ပင်လည်ဘူးမြို့မ ရဲစခန်းမှ (ပ) ၈၇/၂၀၁၃၊လက် နက်ပုဒ်မ ၁၉ (င) ဖြင့် မင်းဇော် (၃၆)နှစ်၊ ၀ါးယူသာကျေးရွာ၊ပင် လည်ဘူးမြို့နယ် နေသူအား ဖမ်းဆီး၍ အမှုစစ် ဒုရဲအုပ်ကျော် သန်းက စစ်ဆေးနေကြောင်း သိ ရသည်။

ရွှေလင်း-ပြည့်စုံ

Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်