Friday, August 23, 2013

ကုလကိုယ်စားလှယ် လုံခြုံရေးကိစ္စဝေဖန်မှု အစိုးရငြင်းဆို

Posted by drmyochit Friday, August 23, 2013, under | No comments

ကုလသမဂ္ဂ ​လူ့အခွင့်အရေးဆိုင်ရာ ​အထူးကိုယ်စားလှယ် ​မစ္စတာ ​သောမတ်စ်အိုဟေး ​ကင်တားနားရဲ့ ​မြန်မာနိုင်ငံ ​ခရီးစဉ်အတွင်း ​မြန်မာလုံခြုံရေးသမားတွေက ​သူ့ကို ​ကာကွယ်မှု ​မပေးနိုင်ခဲ့ဘူးလို့ ​ပြောဆိုတဲ့အပေါ် ​မြန်မာအစိုးရက ​ငြင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomas Ojea Quintana (Credit: AFP)

မစ္စတာ ​သောမတ်စ် ​အိုဟေး ​ကင်တားနား ​ရဲ့အဆိုအရ ​သြဂုတ်လ ​၁၉ ​ရက်နေ့က ​မိတ္တီလာမြို့အဝင်မှာ ​ဆန္ဒပြသူအယောက် ​၂၀၀ ​လောက် ​ဆန္ဒပြခဲ့ကြပြီး ​တချို့လူတွေက ​ကားပြတင်းနဲ့ ​တခါးတွေကို ​ကန်ပြီး ​ဆဲဆိုအော်ဟစ်ခဲ့ကြတယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံ ​ရဲတပ်ဖွဲ့ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ​ဆန္ဒပြသူတွေက ​ကင်တားနားကို ​လက်ကမ်းစာတွေ ​ဓာတ်ပုံတွေ ​ပေးခိုင်းတဲ့အတွက် ​အရပ်ဝတ် ​ဝတ်ဆင်ထားတဲ့ ​လုံခြုံရေးတပ်တွေကနေ ​လက်ကမ်းစာပေးနိုင်ဖို့ ​ကားပြတင်းမှန်ကို ​ချဖို့ ​အချက်ပြတဲ့အနေနဲ့ ​တံခါးခေါက်တာတွေ ​ပြီးတော့ ​ကားအရှေ့တိုးဖို့ ​သတိပေးတဲ့အနေနဲ့ ​ကားမှန်ကို ​ရိုက်ပြီး ​သတိပေးရုံသာ ​လုပ်ခဲ့တယ်လို့ ​ပြောပါတယ်။

ဒီလို ​လုပ်ဆောင်တာကို ​အထင်လွဲပြီး ​သူ့ကို ​ရန်မှုတဲ့ ​သဘောလို့ ​မြင်ခဲ့တာလို့ ​ဆိုပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်ကတော့ ​သူ့အနေနဲ့ ​အဲဒီအချိန်မှာ ​ခံစားခဲ့ရတဲ့ ​ကြောက်စိတ်တွေဟာ ​မိတ္တီလာ ​ပဋိပက္ခဖြစ်စဉ်အတွင်း ​အုပ်စုလိုက် ​အကြမ်းဖက်တဲ့ ​ရန်ကနေ ​ထွက်ပြေးခဲ့ရသူတွေရဲ့ ​အကြောက်တရားတွေကို ​ပိုပြီး ​နားလည်စာနာရတယ်လို့ ​ပြောခဲ့ပါတယ်။



ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စာလှယ်ထိုင်း-မြန်မာနယ်စပ်ရှိ ​အဖွဲ့အစည်းများနဲ့တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​အထူး ​ကိုယ်စားလှယ် ​မစ္စတာ ​သောမတ်စ် ​အိုဟေး ​ကင်တာနားဟာ ​မြန်မာနိုင်ငံကနေ ​ထိုင်း-မြန်မာနယ်စပ် ​မဲဆောက်မြို့ကို ​သြဂုတ်လ ​၂၂ ​ရက်နေ့ ​မနက်ပိုင်းမှာရောက်ရှိခဲ့ပြီး ​နယ်စပ် ​လူ့အခွင့်အရေးကိစ္စတွေ ​လှုပ်ရှားဆောင်ရွက်နေကြတဲ့ ​တိုင်းရင်းသား ​အဖွဲ့အစည်း ​၆ ​ဖွဲ့က ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံခဲ့တယ်လို့ ​သိရပါတယ်။

မစ္စတာကင်တားနားနဲ့တွေ့ဆုံခဲ့တဲ့ ​အဖွဲ့ကိုယ်စားလှယ်များကတော့ ​မယ်တော်ဆေးခန်း ​MTC ​၊ ​ကရင်အမျိုးသမီးအစည်းရုံး ​KWO ​၊ ​နိုင်ငံရေးအကျဉ်းသားများ ​ကူညီစောင့်ရှောက်ရေးအသင်း ​(မြန်မာနိုင်ငံ) ​AAPP၊ ​ထိုင်း ​မြန်မာ ​နယ်စပ် ​ကော်မတီ ​TBBC၊ ​ကရင်လူ့အခွင့်အရေးစောင့်ကြည့် ​လေ့လာရေးအဖွဲ့ ​KHRC ​နဲ့ ​Burma ​Partnership ​အဖွဲ့ ​တို့ဖြစ်ကြပါတယ်။

တွေ့ဆုံပွဲအတွင်း ​တိုင်းရင်းသားနယ်စပ်ဒေသမှာ ​ဖြစ်ပေါ်နေတဲ့ ​လူ့အခွင့်အရေးကိစ္စတွေကို ​မစ္စတာ ​ကင်တာနားအားတင်ပြခဲ့တာတွေနဲ့ပတ်သက်ပြီး ​မယ်တော်ဆေးခန်းက ​နယ်စပ်ဒေသ ​ကျန်းမာရေး ​တာဝန်ခံ ​စောသာဝင်း ​က ​အခုလို ​ပြောပါတယ်။

“အဓိကက ​အခုအပြောင်းအလဲတွေမှာတော့ ​ကျနော်တို့ ​အောက်ခြေမှာ ​ပြောင်းလဲတာတွေ ​သိပ်မရှိသေးဘူးပေါ့လေ၊ ​အရင်နဂိုအတိုင်းပဲဆက်ရှိနေတာပေါ့၊ ​သိပ်အကြီးကြီး ​ပြောင်းလဲမှုတွေလည်း ​မရှိသလို ​အပေါ်ပိုင်းမှာပြောနေတဲ့ ​ပြောင်းလဲမှုတွေဟာလည်း ​ဒီအောက်ခြေမှာ ​သိပ်သဘောမပေါက် ​နားမလည်သေးဘူး၊ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေကတော့ ​လမ်းမိုင်းတို့ ​ဒီအမျိုးသမီး ​အစ်ချူး ​တို့ ​ပေါ့နော် ​ဒီ ​မက်လထရီ ​တွေက ​တပ်တွေကို ​မရုတ်သိမ်းသေးတဲ့အပေါ်မှာ ​အမျိုးသမီးအပေါ်မှာ ​အကြမ်းဖက်မှုတွေစိုးရိမ်ရတဲ့ ​အနေအထားတွေပေါ့နော်၊ ​ပြည်သူတွေရဲ့ ​စိတ်ထဲမှာ ​စိုးရိမ်နေတဲ့ ​အကြောင်းတွေ ​အဲ့ဒီ ​အနေအထားတွေကို ​တင်ပြဖြစ်တယ်ပေါ့၊ ​နောက်တခုက ​အစိုးရတပ်တွေရဲ့ ​လှုပ်ရှားမှုတွေဟာ ​ပုံစံတမျိုးနဲ့ ​နောက်ပိုင်းမှာ ​ဖြစ်နေကြတာပေါ့ ​အဲ့ဒီပုံစံမျိုးတွေ ​တင်ပြတာရှိတယ်၊ ​မူးယစ်ဆေးဝါး ​ကိစ္စတွေကိုလည်း ​တင်ပြတာရှိတယ်။”

မစ္စတာ ​ကင်တာနားက ​တွေ့ဆုံပွဲကရရှိတဲ့အချက်အလက်တွေနဲ့ ​မြန်မာနိုင်ငံတွင်းမှာ ​လေ့လာတွေ့ရှိခဲ့တဲ့အချက်တွေကို ​အောက်တိုဘာ ​၂၄ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ကုလသမဂ္ဂအထွေထွေညီလာခံမှာ ​အစီရင်ခံတင်ပြသွားမှာဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

From: ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်