ဆရာမ
ဒေါ်စိုးစိုးခိုင်
ရန်ကုန်
၊ သြဂုတ် ၂၂ ။ ။ ၈၈ ငွေရတုသတင်းစာ
ရှင်းလင်းပွဲ တက်မိသည့် ဆရာမ ဒေါ်စိုးစိုး ခိုင်အား မယူ မနေရ ပင်စင် ပေးပြီး နှစ်ရက် အကြာတွင် ရာထူးမှ ထုတ်ပယ်သည့်
အမိန့်ကို ပြောင်းလဲ ထုတ်ပြန် ခဲ့ကြောင်းသိ ရသည်။ အဆိုပါ ဆရာမအား ဩဂုတ် ၁၅ရက် နံနက်
ပိုင်းတွင် မယူ မနေရ အငြိမ်းစား (Forced
to Retire) ပေးသည့် ပြန်တမ်း အမှတ်(၃၀၇)အား ပယ်ဖျက်၍ ပညာရေး ဝန်ကြီး ဌာန၊ ဝန်ကြီးရုံး
၏ (၁၇- ၈- ၁၃) ရက်စွဲပါ စာအမှတ် ၁ ပညာ၊ ၂(ယ)၊ ၂၀၁၃ (၂/၂၀၁၃) ဖြင့် အကြောင်း ကြားချက်အရ
နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းမှ ဆရာမ ဒေါ်စိုးစိုးခိုင်အား
ရာထူးမှ ထုတ်ပယ် (Removal) လိုက်သည့် ပြန်တမ်းအား အမှတ်(၂) အခြေခံပညာ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး(စီမံ)က
လက်မှတ် ရေးထိုးကာ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
ယင်းနှင့်
ပတ်သက်ပြီး ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မက ၈၈ သမိုင်း တစ်ခုဖြစ်ခဲ့တော့ ဒီပွဲကို
သွားရောက် တက်ခဲ့ တာပါ။ ဒီပွဲကို တက်ခဲ့တဲ့ အတွက် ကျွန်မမှာ အပြစ် မရှိဘူး။ ကျွန်မလို
တခြား ဝန်ထမ်းတွေကို ဒီလို မဖြစ် စေချင်ဘူး။ အပြစ်ပေးတာ ကလည်း ဒီလောက် မပြင်းထန် သင့်ဘူး။
ဝန်ထမ်းတွေကို ဥပဒေ အတိုင်း စဉ်းစားမယ် ဆိုရင် မိခင်ဌာန အနေနဲ့ အမှန် အတိုင်း ဖြစ်ဖို့
ဆောင်ရွက် ပေးစေ ချင်တယ်'' ဟု ပြောကြားခဲ့ သည်။
အောင်သက်ကို
From:
Yangon Media Group
Time in Rangoon


0 comments:
Post a Comment