Friday, August 23, 2013

ဖေ့စ်ဘွတ်ခ်တင် ဓာတ်ပုံကြောင့် မလေးစုံတွဲကို နိုင်ငံတော် အကြည်ညိုပျက်မှုဖြင့် တရားစွဲ

Posted by drmyochit Friday, August 23, 2013, under | No comments

ရာမာဒန် ပါတီ တခုမှာ ၀က်သား စားနေတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ခဲ့ တဲ့ မလေးရှား စုံတွဲကို နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု နဲ့ တရား စွဲဆို လိုက်ပါ တယ်။

အယ်လ်ဗင်းတန် နဲ့ဗီဗီယန်လီး တို့နှစ်ယောက်ဟာ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်း ဖော်ထုတ်တဲ့ ဘလော့ဂ် တခုကို တင်ထားတဲ့ အတွက် မလေးရှားမှာ နံမည် ဆိုးနဲ့ ကျော်ကြားပါတယ်။

အစိုးရက အခု သူတို့တွေ သိပ် လွန်လွန်း လာတဲ့ အတွက် နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲ ရတာလို့ ပြောပါတယ်။
အယ်လ်ဗင်းတန် နဲ့ ဗီဗီယန်လီတို့ဟာ လွန်ခဲ့တဲ့ နှစ်က သူတို့ဖန်တီး တည်ဆောက် ထားတဲ့ လိင်အသားပေး ဘလော့ဂ် တခုကို တင်လိုက်တဲ့ အချိန်မှာ အများ အာရုံ စိုက်တာကို ခံခဲ့ကြ ရတာပါ။

အယ်လ်ဗင်းက စင်ကာပူ နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် တခုက အာဆီယံ ဥပဒေ ကျောင်းသား တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ခုတော့ သူ့ ပညာသင် ဆုကို ပြန်ရုပ်သိမ်း ခံလိုက် ရပါပြီ။ သူ့ချစ်သူ ဗီဗီယန်လီ ကတော့ မလေးရှား တက္ကသိုလ်တခုက ဘွဲ့ရ တယောက် ဖြစ်ပါတယ်။ ဘလော့ဂ်ကိုတော့ မိသားစု ဖိအား ပေးမှုကြောင့် သူတို့ ပိတ်ပစ် လိုက်ပါပြီ။

နောက်တော့ သူတို့က လိင် အကြောင်း ဆွေးနွေး ပြောဆိုတဲ့ ဗွီဒီယို တခုကို ယူကျု(ပ်)ကနေ တင် လိုက်ပြန် ပါတယ်။ တင်လိုက်တဲ့ ပို့စ်တွေ အတွက် မကျေနပ် သံတွေ အများကြီး ထွက်ပေါ် လာခဲ့ ပါတယ်။ ဒါပေမယ့် သူတို့က အခု သူတို့ ဥပဒေကြောင်း အရ အရေးယူ ခံရဖို့ ဖြစ်လာတဲ့ အငြင်း ပွား စရာ ပုံကို တင်လိုက်တဲ့ အခါမှာမှ ဖြစ်လာခဲ့တာပါ။ ပုံက ဟာလာ လုပ်တဲ့ အမှတ် သင်္ကေ တ တခုနဲ့ သူတို့ ၀က်သား စားနေတဲ့ ပုံပါ။

အစိုးရက အဲဒါကို အမျိုးသား တည်ငြိမ်မှုနဲ့ လူမျိုးအရ ညီညွတ် အဆင် ပြေမှုကို ခြိမ်းခြောက်မှု အဖြစ် ရှုမြင်ပြီး သူတို့ကို နိုင်ငံတော် အကြည်ညို ပျက်စေ မှုနဲ့ တရား စွဲဆို ခဲ့တာပါ။

မလေးရှား ကာကွယ်ရေး ၀န်ကြီး ဟစ်ရှာမူဒင်ဟူစိန်က “အဲဒါက လွန်လွန်း ပါတယ်ဗျာ။ တကယ်လို့ ကျနော်တို့က ပြင်ဆင်မှု မလုပ်ရင် လူတွေက အဲဒါကို သာမန် ဖြစ်ရိုးဖြစ်စဉ် တခုလို့ စပြီး လက်ခံ ယူဆ သွားနိုင် တာမျိုးပါ။ အထူးသဖြင့် လူငယ်တွေ အတွက် ပေါ့ဗျာ။ တကယ်လို့ မလုပ်ခဲ့ရင် ရာမာဒန် ကာလမှာ လူ့အဖွဲ့အစည်းကို သွေးကွဲအောာင် လူမျိုးရေး ကိစ္စမျိုးတွေကို အသုံးချမယ့် သူတွေ ရှိလာ နိုင်ပါတယ် လို့ပြောပါတယ်။

အပြစ်ရှိကြောင်း တွေ့ရှိမယ် ဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ဒဏ်ငွေနဲ့ ထောင်ဒဏ် ကျခံ ရပါ လိမ့်မယ်။ ဒါပေမယ့် ဗွီဒီယို တခုထဲ မှာတော့ သူတို့က သူတို့ရဲ့ လုပ်ရပ်တွေ အတွက် တောင်းပန် ထားပါတယ်။

အယ်လ်ဗင်းတန်က “ဒီ ဗွီဒီယိုကို ရိုက်ကူး ရတဲ့ အကြောင်းကတော့ ဒီရာမာဒန် ဥပုသ်လမှာ မွတ်စလင် တွေကို စိတ်ဆိုး ဒေါသ ဖြစ်အောင် လုပ်မိတဲ့ အတွက် မလေးရှား အားလုံးရဲ့ ခွင့်လွှတ် မှုကို တောင်းချင် လို့ပါပဲ လို့ ပြောပါတယ်။

သူတို့ဟာ အကျဉ်းထောင် ထဲမှာ တပတ်နေခဲ့ ရပြီး အမှုကို စောင့်နေရတဲ့ အချိန်မှာ အာမခံနဲ့ လွှတ်ပေး ထားပါတယ်။ ဒါပေမယ့် သူတို့ကို လွှတ်ပေး ရာမှာ တင်းကျပ်တဲ့ အခြေ အနေတွေ ချမှတ် ထားခဲ့ ပါတယ်။

အယ်လ်ဗင်းနဲ့ ဗီဗီယန်လီ တို့ရဲ့ ရှေ့နေ ချောင်ဂျူးထျန်က “တချက် ကတော့ သူတို့ရဲ့ ပတ်စ်ပို့တွေကို သိမ်းဆည်းပြီး တရားရုံးမှာ လုံလုံခြုံခြုံ သိမ်းထား ပါလိမ့်မယ်။ နောက်တခုက သူတို့ကို အင်တာနက်၊ စမတ်ဖုန်း နဲ့ အင်တာနက် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို အသုံးပြုခွင့် မပေးပါဘူး။ ဘာသာရေး၊ လူမျိုးရေး အနက် အဓိပ္ပာယ် ရှိတဲ့ သတင်း အချက် အလက်တွေ ဝေဖန် ချက်တွေ၊ ဖော်ပြချက် တွေကို ဖြန့်ဝေတာ မျိုးလို အလားတူ ချိုးဖောက်မှုတွေ ထပ် မကျူးလွန် နိုင်အောင်လို့ပါ လို့ပြောပါတယ်။

အဲဒီကတည်းက ဗီဗီယန်နဲ့ အယ်လ်ဗင်းတို့ နှစ်ယောက် လုံးဟာ လူထု အာရုံ စိုက်မှု တွေကို ရှောင်ရှား နေခဲ့ ပါတယ်။ သတင်း မီဒီယာ တွေရဲ့ မေးခွန်း တွေကို တိုတိုပဲ တုံ့ပြန် ဖြေကြား ခဲ့ပါတယ်။

အဲဒီအမှုက အွန်လိုင်းနဲ့ သတင်း မီဒီယာတွေမှာ ဒေါသတကြီး အပြန် အလှန် ငြင်းခုန် ဆွေးနွေးမှု တွေကို ဖြစ်ပေါ် လာစေ ခဲ့ပြီး လူ အများစု ကတော့ အစ္စလာမ်ကို ရည်ရွယ်ချက် ရှိရှိ စော်ကားတဲ့ အတွက် အပြစ်ဒဏ် ပေးသင့် တယ်လို့ ပြောကြ ပါတယ်။ တရားရုံးက နောက်ဆုံး စီရင်ချက် ချဖို့ နေ့ကိုတော့ မသတ်မှတ် ရသေး ပါဘူး။

အာရှဒေသ သတင်းဆောင်းပါး အတွက် သတင်းထောက် ဖိုင်ဇယ်လ် မိုတာက ကွာလာလမ်ပူ ကနေ  သတင်း ပေးပို့ထားတာ ဖြစ်ပါတယ်။

From: ဒီဗွီဘီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်