Friday, August 02, 2013

ဂွာတာနာမိုရှိ အကျဉ်းသားများ လွတ်မြောက်ရန် အယ်လ်ကေးဒါး လုပ်ဆောင်မည်ဟုဆို

Posted by drmyochit Friday, August 02, 2013, under | No comments

အရှေ့အလယ်ပိုင်း ဒေသတွင် အကျဉ်းစခန်းများကို အယ်လ်ကေးဒါး တို့က စီးနင်း ကာ အကျဉ်းသားများကို ကယ်ထုတ်မှုများ ဖြစ်ပွား ခဲ့သည့်နောက် ကျူးဘားနိုင်ငံ၊ ဂွာတာနာမို ပင်လယ်ကွေ့ရှိ နာမည် ဆိုးဖြင့် ကျော်ကြားသော အကျဉ်းစခန်းကြီးတွင်လည်း အလားတူ အခြေ အနေမျိုး ဖြစ်လာစေမည်ဟု အယ်လ်ကေး ဒါး ခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီက ဗီဒီယို ရိုက်ကူးမှု တစ်ခုဖြင့် သတင်းစကား ပါးလိုက် သည်

ဂွာတာနာမိုရှိ အကျဉ်းသားများ လွတ်မြောက်ရန် အယ်လ်ကေးဒါး လုပ်ဆောင် မည်ဟုဆို အမေ ရိ ကန် အစိုး ရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ဂွာတာနာမို အကျဉ်းထောင်ကြီးမှ မွတ်ဆလင် အကျဉ်း သားများ ကို လွှတ်ပေးနိုင်ရန် မိမိတို့ လုပ်ဆောင်သွားမည်ဟု အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့ကစိန်ခေါ် လိုက် သည်။ အရှေ့အလယ်ပိုင်း ဒေသတွင် အကျဉ်းစခန်းများကို အယ်လ်ကေးဒါးတို့က စီးနင်းကာ အကျဉ်း သား များကို ကယ်ထုတ်မှုများ ဖြစ်ပွားခဲ့သည့်နောက် ကျူးဘားနိုင်ငံ၊ ဂွာတာနာမို ပင်လယ်ကွေ့ရှိ နာမည် ဆိုးဖြင့် ကျော်ကြားသော အကျဉ်းစခန်းကြီးတွင်လည်း အလားတူ အခြေအနေမျိုး ဖြစ်လာစေမည်ဟု အယ်လ်ကေး ဒါး ခေါင်းဆောင် အေမန်အယ်လ် ဇာဝါဟီရီက ဗီဒီယို ရိုက်ကူးမှု တစ်ခုဖြင့် သတင်းစကား ပါးလိုက် သည်။

ဂွာတာနာမိုသည် အစောင့်အကြပ် ထူထပ်စွာ ချထားသော နာမည်ကျော် အကျဉ်းထောင်ကြီးလည်း ဖြစ် သည်။ အိုစမာ ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့များက လုပ်ကြံပြီး ကတည်းက အယ်လ်ကေးဒါးကို ဦးဆောင်နေသည့် ဇာဝါဟီရီက "အမေရိကန်တွေက မွတ်ဆလင်တွေကို (၁၃)နှစ်လောက် ဘာစွဲချက်မှ မတင်ဘဲ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ ပြုလုပ်ခဲ့တယ်။ ဒါဟာ ရာဇဝတ်မှု တစ်ခုပဲ။ လွတ်လပ်ခွင့်ကို လိမ်ညာ တာပဲ။ အမေရိကန်တွေ ကြွေးကြော်နေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဆိုတာကို သူတို့ကိုယ် တိုင် ချိုးဖောက်တာပဲ"ဟု အဆိုပါ ဗီဒီယိုထဲတွင် စွပ်စွဲပြောကြားထားခဲ့သည်။

အယ်လ်ကေးဒါးတို့သည် အသေခံ ဗုံးသမားများ၊ စီးနင်းတိုက်ခိုက်မှုများဖြင့် ပြီးခဲ့သည့် သီတင်းပတ် များ အတွင်း အရှေ့အလယ်ပိုင်း ဒေသများမှ ထောင်များကို ဝင်ရောက်တိုက်ခိုက်ကာ ထောင်နှင့်ချီသော အကျဉ်း သား များကို လွတ်မြောက်စေခဲ့သည်။ ယင်းဗီဒီယိုကို AFPသတင်းဌာနက ဘာသာပြန်ဆိုကာ ထုတ် လွှင့် ပြသခဲ့ခြင်း ဖြစ်သည်။ လေ့လာသူများကမူ ဂွာတာနာမို အကျဉ်းထောင်သည် အရှေ့ အလယ် ပိုင်း ဒေသမှ ထောင်များထက် များစွာ လုံခြုံမှုစနစ် များစွာ သာလွန်ကြောင်း သုံးသပ်ထားသည်။

ဇာဝါဟီရီက "ကျုပ်တို့ဟာ ဘုရားသခင်ကို တိုင်တည်ပြီး ပြောမယ်။ မွတ်ဆလင် အကျဉ်းသားတွေ လွတ်မြောက် ဖို့ အဆုံးစွန်ထိ အားထုတ်သွားမယ်။ အိုမာ အက်ဘ်ဒဲလ် ရာမန်၊ အာဖီရာ ဆီဒီကီ၊ ခါလစ်ရှီတ် မိုဟာ မက် တို့အပြင် ဘယ်နေရာ မွတ်ဆလင် အကျဉ်းသားတွေကိုမဆို ကယ်တင်ဖို့ ကြိုးစားမယ်"ဟုလည်း ပြောဆို ထားသည်။ အဆိုပါ ဗီဒီယိုကို အယ်လ်ကေးဒါးတို့အား ထောက်ခံသည့် ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုက လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ဇာဝါဟာရီ အမည်တပ် ပြောဆိုသွားသူ (၃)ဦးအနက် မိုဟာမက်ကို ဂွာတာနာမို အကျဉ်းထောင်ရှိ Camp-7 အဆောင် တွင် ချုပ်နှောင်ထားသည်။ အဆိုပါ နေရာသည် အစောင့်အကြပ် အင်အား ထူပြောစွာ အသုံးပြု ကာကွယ်ထား သည့် အစိတ်အပိုင်းလည်း ဖြစ်သည်။ မိုဟာမက်နှင့်အတူ (၂၀၀၁)ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့၊ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်မှု စင်တာ အမြွှာမျှော်စင်ကို အကြမ်း ဖက် တိုက်ခိုက်သည့် စီမံကိန်းအတွက် အကူအညီပေးသူ (၄)ဦးကိုလည်း ယင်းအချုပ်ဆောင်ရှိ လျှို့ဝှက် အချုပ် ခန်းများတွင် ဖမ်းဆီးထားကြောင်း သိရသည်။ သွားမည် ဖြစ်သည်။ ယင်းတို့အနက် တစ်ခုသည် အလက် ပိုမြို့ အပြင်ဘက်နားရှိ ခန်အယ်လ်အဆူလ်တွင် ဖြစ်သည်။ ယခုနှစ် အစောပိုင်းက ဓာတု လက်နက် အသုံးပြုမှုကြောင့် ယင်းနေရာတွင် လူ(၂၇)ဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

ကုလသမဂ္ဂသည် အခြားနေရာ (၂)ခုကိုမူ အမည်ဖော်ထုတ်ခြင်း မရှိချေ။ ခန်အယ်လ်အဆူလ်သည် မတ်လက အစိုးရ ထိန်းချုပ်မှုအောက် ကျရောက်ခဲ့သော်လည်း ဇူလိုင်လ (၂၂)ရက်နေ့တွင် သူပုန်များက သိမ်းပိုက်ခဲ့သည်။ ဆီးရီးယား အစိုးရနှင့် သူပုန်တပ်ဖွဲ့တို့သည် ဓာတုလက်နက် အသုံးပြုကြောင်း အပြန်အလှန် စွပ်စွဲမှုများ ပြုလုပ်နေပြီး ယခုအခါ ကုလသမဂ္ဂမှ ပညာရှင်များက ကြားဝင် စစ်ဆေးမည် ဖြစ်သည်။ အတွင်းရေးမှူးဘန်က ကုလသမဂ္ဂ အနေဖြင့် (၂၈)လကြာ ပဋိပက္ခ စတင်ချိန် ကတည်းက ဆီးရီးယားတွင် မည်သည့် အတိုင်းအတာထိ ဓာတုလက်နက် အသုံးပြုမှုများ ရှိခဲ့ကြောင်းကို စစ်ဆေးလိုကြောင်း ပြောဆိုထားသည်။ ဇွန်လက အမေရိကန် ထောက်လှမ်းရေး ဌာနသည် ဆီးရီးယား စစ်တပ်အနေဖြင့် ဓာတုလက်နက်များ သုံးစွဲခဲ့သည့် အထောက်အထားမျိုး တွေ့ရှိရကြောင်း စွပ်စွဲခဲ့သေးသည်။ လတ်တလောတွင်မူ ဓာတုလက်နက် စွပ်စွဲချက်နှင့် ပတ်သက်ပြီး သူပုန်များကရော၊ ဆီးရီးယား အစိုးရတပ်များကပါ တွင်တွင်ငြင်းဆန်ထားသည်။

From : ..planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်