Friday, August 02, 2013

အမျိုးသမီး ၀န်ထမ်းများအား ကာယိနြေ္ဒပျက်အောင် ပြုလုပ်ခဲ့သည့် လက်ပံတောင်းတောင်ကုမ္ပဏီ စတိုမန်နေဂျာအား တိုင်ကြား

Posted by drmyochit Friday, August 02, 2013, under | No comments



"ပင်ပေါက်အောက်ရှင်း ကုမ္ပဏီမှ တရုတ် အမျိုးသား တစ်ဦးအား မြန်မာ အမျိုးသမီးဝန်ထမ်း လေးဦးကို ကာယိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည့် အတွက် သက်ဆိုင်ရာဌာနများကို တိုင် ကြားစာပေးပို့ထားကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြီး အခြေစိုက် ပင်ပေါက် အောက်ရှင်း ယမ်းခွဲကုမ္ပဏီမှ စတို မန်နေဂျာတစ်ဦး ဖြစ်သူ တရုတ်လူမျိုး Mr.Guo Xia Jin အား ရုံးချိန်အတွင်း အလုပ်နှင့် မသက်ဆိုင်သည့် ကိစ္စရပ် များအား ခိုင်းစေခဲ့သည့် အပြင် မြန်မာ အမျိုးသမီး ၀န်ထမ်းများ၏ ကာယိနြေ္ဒ ပျက်ပြားအောင် ပြုမူခဲ့သည့်အတွက် အရေးယူဆောင်ရွက်ပေးရန် ၀န်ထမ်း အမျိုးသမီးလေးဦးတို့က လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကြီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သြဂုတ် ၁ ရက်တွင် တိုင်ကြားစာပေးပို့ ထားကြောင်း သိရသည်။

 အဆိုပါ တိုင်ကြားစာအရ Mr.Guo Xia Jin သည် မေလ (၅၊ ၁၂ ၊ ၁၉၊ ၂၆) ရက်များတွင် ရုံးခန်းအတွင်း စာရင်းများပြုစုနေသော စာရေးမ နှစ် ယောက်အား အလုပ်နှင့်မသက်ဆိုင် သည့် အပြုအမူများဖြင့် ထိကပါး ရိကပါး ပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၂၄ ရက်တွင်လည်း အဆိုပါ တရုတ် အမျိုးသားသည် မြန်မာဝန်ထမ်း အမျိုးသမီးများ အားမဖွယ်မရာ ဓာတ်ပုံများ ခေါ်ယူ ပြသခဲ့ကြောင်း နှင့် ဇူလိုင် ၂၇ ရက် နံနက်ခင်းတွင် အဆိုပါ မြန်မာအမျိုး သမီး ၀န်ထမ်းနှစ်ဦးအား ထပ်မံ၍ အလုပ်နှင့် မသက်ဆိုင်သည့် ကျောက် စရစ်ခဲ အကြီးအသေးကို ရွေးခိုင်းခဲ့ပြီး ကျောက်စရစ်များ ရွေးချယ်နေစဉ်တွင် ၀န်ထမ်း အမျိုးသမီးများ၏ အင်္ကျီ ရင်ဘတ်အတွင်းသို့ ကျောက်စရစ် ခဲလေးများ ပစ်သွင်းခဲ့သည့် ကိစ္စရပ် များနှင့် ပတ်သက်၍ နိုင်ငံပိုင်ကြေးနီ စီမံကိန်းကြီးအတွင်း မြန်မာအမျိုးသမီး ၀န်ထမ်းများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ က အရေးယူ ဆောင်ရွက်ပေးရန် အတွက် ၀န်ထမ်းအမျိုး သမီး လေးဦးက တိုင်ကြားခဲ့ခြင်းဖြစ်သည်။ "


သုခရှင်၊ မုံရွာ၊ သြဂုတ်-၁
|စံတော်ချိန်သတင်းစာ၊ အတွဲ(၁)၊ အမှတ်(၁၁၁)
သောကြာနေ့(၂-၈-၂၀၁၃)|

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်