Thursday, August 01, 2013

နိုင်ငံခြားသားများ ပုဂံတွင်မရိုက်ရဲနိုင်လောက်သော ရုပ်ရှင်ဇာတ်ကား ၂ဝ၁၄တွင် ဒါရိုက်တာ အောင်ကိုလတ် ရိုက်မည်

Posted by drmyochit Thursday, August 01, 2013, under | No comments


မည်သည့် နိုင်ငံခြားသားမှ ပုဂံ တွင် ဇာတ်ကားမရိုက်တော့ဘူး ကွာ ဖြစ် စေရမည့် ရုပ်ရှင်ဇာတ်ကား တစ်ကား ကို ၂ဝ၁၄ ခုနှစ်တွင် စတင် ရိုက်ကူးမည် ဟု ဒါရိုက်တာ အောင်ကိုလတ်က ပြော သည်။

''ဇာတ်ကားနာမည်က 'ကျွန်တော့် နာမည် မောင်ကြည်လင်'။ ဒါကို ရုပ်ရှင် အဖြစ်ရိုက်မယ်။ အဲဒီဇာတ်ကားအတွက် အချို့ လုပ်ဆောင်ပြီးနေပြီ။ အဆင်သင့် ပဲ။ ဘာကြောင့်ဆို မောင်ကြည်လင် ဇာတ်က တကယ်တမ်းတော့ 'ကယန်း အလှ' ထက် အရင်ရေးခဲ့တဲ့ ဇာတ်ပါ။ ဒါပေမဲ့လည်း ကယန်းကို ဦးစားပေးဖြစ် သွားတော့ သူက ဒုတိယဖြစ်သွားတာ ပေါ့။

ဒီရက်ပိုင်းအတွင်းမှာ မောင်ကြည် လင်ကို ဇာတ်လမ်းခွင့်ပြုချက် ယူမယ်။ ပြီးတာနဲ့ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ လောက်မှာ စရိုက်မယ်။ အဲဒီကားမှာ ကလေးသရုပ်ဆောင်တွေချည်း ပါမှာမို့ ထူးဆန်းတယ်။ ပင်တော့ပင်ပန်းမယ်။ ပုဂံနဲ့ပုပ္ပားဒေသတွေမှာ သွားရိုက်မှာ။ တစ်ခုရှိတာက ဒီဇာတ်ကားက ခရီးသွား လမ်းညွှန်၊ ဧည့်လမ်းညွှန်ကားမဟုတ် ဘူး။ တကယ့်အဖြစ်အပျက် ရုပ်ရှင် ဇာတ်လမ်းအစစ်အမှန်ကို ရိုက်မှာ။

ကမ္ဘာပေါ်မှာ ဂျိမ်းစ်ဘွန်း ဇာတ် ကား ကွာလတီ၊Sky Fall ဇာတ်ကား ကွာလတီ အဲဒီကွာလတီတွေ ဘယ် လောက်ကောင်းလဲ။ အဲဒီကွာလတီမျိုးနဲ့ ချပြမှာ။ ဒါကို အချိန်ယူပြီး ရိုက်မယ်။ နောက်ထပ် ဘယ်နိုင်ငံခြားသားမှ ပုဂံ မှာ လာရိုက်လာရိုက် ဆောရီးပဲ။

ဒီဇာတ်ကားရိုက်ပြီးသွားရင် သူတို့ အနေနဲ့ ငါတို့ပုဂံမှာ မရိုက်တော့ဘူးကွာ လို့ ဖြစ်စေရမယ်။ အဓိက ကိုယ့်နိုင်ငံ ဂုဏ်မငယ်ရစေဖို့အတွက်ပါ။ တချို့ နိုင် ငံခြားသားတွေဆိုရင် ဟိုတစ်ကွက်၊ သည်တစ်ကွက် ဖြတ်ညှပ်ကပ်တွေ လုပ် ပြီး ဂုဏ်တွေယူ လုပ်စားသွားကြတယ် လေ။ အများကြီးပဲ။ ဒီတော့သူတို့ ကျော ချမ်းသွားအောင်၊ ကြောက်သွားအောင် လုပ်မှာ။ ကြွားချင်လို့ မဟုတ်ပါဘူး။ ပြီး တော့ မြန်မာအချင်းချင်း ပြိုင်ဖို့လည်း မဟုတ်ဘူး။ နိုင်ငံတကာနဲ့ အနုပညာ အရ ယှဉ်ပြိုင်ဖို့ တစ်ခုတည်းပဲ။ ဒီအ တွက် 'မောင်ကြည်လင်' ကို အပီပြင်ဆုံး နဲ့ အကောင်းဆုံး လက်ရာဖြစ်အောင် လုပ်မယ်'' ဟု ၄င်းက ပြောသည်။

Mဘွယ်
Popular Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်