Thursday, August 01, 2013

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ပက်သက်၍ ပြည့်စုံသော အစီရင်ခံစာထုတ်

Posted by drmyochit Thursday, August 01, 2013, under | No comments


ရန်ကုန်၊ သြဂုတ် ၁။


၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ၊ အကြမ်းဖက်မှုများတွင် သတင်း လွဲမှားပေး ခဲ့ကြသော နိုင်ငံတကာမီဒီယာများကြောင့် ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများကိုယ်တိုင် အောင့် အည်း သည်း ခံ၍ ခံစားလာခဲ့ရသော ဒုက္ခများကို ရိုဟင်ဂျာဆိုသူများအပေါ် ရခိုင်များကပင် ပြုလုပ် သယောင် အပြစ်ဖို့၊ စွပ်စွဲခံလာရသောကြောင့် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) မှ “ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ၊ အကြမ်းဖက် မှုများနှင့် ပတ်သက် ၍ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှု မည်သို့ဖြစ်နေပုံ၊ အ ဘယ့်ကြောင့် ဖြစ်ရပုံနှင့် လုပ်ဆောင်ရမည့် အရာများ ” ဟု အမည်ပေးထားသော အစီရင်ခံစာကြီးတစ်ခုကို စုစည်းရေး သား၍ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

“ အဓိကရည်ရွယ်တာကတော့ တချို့နိုင်ငံတကာမီဒီယာတွေက ဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခတွေကို ပြန်လည် တင်ပြရာမှာ သူတို့သတင်းတွေက အချက်အလက်တွေမှားတော့ ရခိုင်လူမျိုးတွေအပေါ် အပြစ်တင် ခံရတယ်၊ စွပ်စွဲခံရတာတွေ ရှိတယ်။အဲဒါကြောင့် ဒီအစီရင်ခံစာကို စုစည်းထုတ်ပြန်တာပါ။ တခြားနိုင်ငံ တကာ အဖွဲ့ အစည်းတွေ၊ မီဒီယာတွေ၊ NGO တွေလဲ ဒီအစီရင်ခံစာကို လေ့လာပြီး အခြေနေအမှန်ကို သိလာ ဖို့၊ အချက်အလက်မှန်တွေကို သိနိုင်ဖို့ ရည်ရွယ်ပါတယ် ” ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (AHRDO)၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ကိုအောင်မင်းဦးကပြောသည်။

ယင်းအစီရင်ခံစာကို ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ အမှုဆောင်ဒါရိုက်တာ ကိုအောင်မင်းဦးနှင့် အဓိကရေးသားသူ Rick Heizman တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သုတေသနပြု ရေးသား တင်ပြ ထားပြီး ပဋိပက္ခနောက်ကွယ်မှ သမိုင်းကြောင်း၊ အင်္ဂလိပ်လူမျိုးများ၊ မြန်မာခေါင်းဆောင် အမျိုးမျိုး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ပါဝင် ခဲ့သော အခန်းကဏ္ဍများ၊တကယ့်အမှန်တရားများကို ပြညွှန်းသွားမည့် သတင်းအချက်အလက်များစွာကို သမိုင်း အမှန် တရားမှ သာမက ကိုယ်တွေ့ကြုံခဲ့ရသော ဒုက္ခသည်များ၏ ပြောပြချက်များ၊ ဆက်စပ် နေသော ပဋိပက္ခများနှင့် နှိုင်းယှဉ်မှုများဖြင့်ပါ တင်ပြထားကြောင်း သိရသည်။


သတင်းဓါတ်ပုံ-သီဟသစ်
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်