ဧရာဝတီတိုင်း လပွတ္တာမြို့က အမျိုးသမီး ၂၀၀ ကျော်လောက်ဟာ ကလေးသူငယ်များနဲ့ အမျိုး သမီးများ အပေါ် အဓမ္မပြုကျင့်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မနက်က လပွတ္တာ မြို့လယ်ခေါင် လမ်းမတွေပေါ်မှာ လှည့် လည် ဆန္ဒပြခဲ့ကြပါတယ်။ လပွတ္တာမြို့နယ်အတွင်း မကြာသေးခင်က အမျိုးသမီးတွေအပေါ် အဓမ္မပြု ကျင့်မှု နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက် သက်ဆိုင်ရာ အာဏာ ပိုင်တွေ အနေနဲ့ ဒီကိစ္စကို ထိရောက်စွာ အရေးယူပေးဖို့ ဆန္ဒထုတ်ဖော်ကြတာလို့ မြို့ခံ ကိုဇော်မိုးက ပြောပါ တယ်။“ကလေးသူငယ်များနဲ့ အမျိုးသမီးများအပေါ် အဓမ္မ ပြုကျင့်မှု ဆန့်ကျင်ရှုတ်ချ ဆန္ဒထုတ်ဖော် ပွဲပါ။
မုဒိမ်းမှုက လောလောဆယ် ဒီလအတွင်းမှာ ၂ မှုလောက် တက်နေတယ်။ မြန်မာအမျိုးသမီးတွေက အသက် ကလေးကြည့်လိုက်ရင် ၁၅ နှစ်၊ တယောက်က ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ကလေးတွေက အဲဒီလို ပြုကျင့် ခံနေ ရတယ်။ အာဏာပိုင်တွေကလည်း ထိရောက်စွာ အရေးယူပေးဖို့နဲ့ ကျနော်တို့ သူတို့ကို အသိ ပညာပေး ချင်တဲ့ သဘောနဲ့ပါ။ ဒီဟောပြောပွဲလုပ်ရင် စီတန်းလှည့်လည်တာ။”ဆန္ဒပြမှာ အမျိုးသမီးတွေက အဓ မ္မမှုတွေ တိုက်ဖျက်ရေး၊ အမျိုးသမီးများဘ၀လုံခြုံရေး၊ မုဒိမ်းမှု ပပျောက်ရေး၊ မြန်မာ့ယဉ်ကျေးမှု ထိန်း သိမ်းရေး နဲ့ မြန်မာအမျိုးသမီးများဘ၀ ကာကွယ်ပေးရေး စတဲ့အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြ ပွဲကို မြို့ခံ ရဲစခန်းနဲ့ မြို့နယ် အုပ်ချုပ်ရေးရုံးဆီက တရားဝင်ခွင့်ပြုချက်တောင်းခံပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အတွက် အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်မှု မရှိဘူးလို့ သိရပါတယ်။
From:dvb
Time in Rangoon
.jpg)

0 comments:
Post a Comment