Thursday, August 01, 2013

မူးယစ်ဆေးစွဲနေသူက အိမ်နီးနားချင်းထံမှ အရိုးပြာအိုးကို ဘိန်းဖြူအမှတ်ဖြင့် ခိုးယူ

Posted by drmyochit Thursday, August 01, 2013, under | No comments



မူးယစ်ဆေး စွဲနေသူ တစ်ဦးက ၎င်း၏ နေအိမ်အနီးရှိ အိမ်နီးချင်း တစ်ဦး၏ နေအိမ်မှ အရိုးပြာ အိုးကို ဘိန်းဖြူ အမှတ်ဖြင့် ခိုးယူမှု အမေရိကန် နိုင်ငံ တင်နက်ဆီ ပြည်နယ် နက်ရှ်ဗယ်လီ ဒေသတွင် ဖြစ်ပွားခဲ့ သည်။ အသက် ၂၈ နှစ် အရွယ်ရှိ ၀ီလျံဘယ်လီသည် အိမ်နီးနားချင်း နေအိမ်မှ သေဆုံးသွားသော အမျိုးသီး တစ်ဦး၏ အရိုးပြာ အိုးကို ဘိန်းဖြူ ထည့်ထားသော အိုးဖြင့် ထင်မှတ်ကာ ခိုးယူခဲ့သည်။ ၀ီလျံဘယ်လီသည် ထိုအိုး ကို အဘွား ဖြစ်သူ၏ နေအိမ်သို့ ယူဆောင် သွားကာ မူးယစ်ဆေးဝါး အမှတ်ဖြင့် သုံးစွဲရန် ကြိုးပမ်း ခဲ့သည်။ ၎င်း၏ အဖွားဖြစ်သူက အဆိုပါ အိုးမှ သေသူ၏ အမည်၊ မွေးနေ့၊ သေဆုံးပြီး ရက်စွဲတို့ကို သတိ ပြုမိ ခဲ့ပြီးနောက် မူးယစ်ဆေးစွဲ ရောဂါ ခံစားနေရသော မြေးဖြစ်သူကို အာဏာပိုင်တို့ လက်တွင်းသို့ အပ်နှံခဲ့ သည်။ မြေးဖြစ်သူ၏ လုပ်ရပ်အပေါ် စိတ်မကောင်း ဖြစ်မိကြောင်းနှင့် မြေးဖြစ်သူကို မူးယစ်ဆေးစွဲ ရောဂါ ပပျောက်အောင် ပြုလုပ် ပေးရန် အဘွားဖြစ်သူ ကေသီက အာဏာပိုင် များကို တောင်းဆိုခဲ့ကြောင်း သိရ သည်။
(Mirror,23.7.13) ကိုစိုး
30-7-2013 ရက် (အင်္ဂါနေ့) ထုတ် ပြည်မြန်မာ ဂျနယ်မှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်