Thursday, August 01, 2013

အရှေ့တောင် အာရှဒေသတွင် မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံး

Posted by drmyochit Thursday, August 01, 2013, under | No comments



United Nations World Tourism Organization (UNWTO) ၏ ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေသည့် UNWTO Tourism Highlight ၏ ဖော်ပြချက်အရ အရှေ့တောင်အာရှအတွင်း မြန်မာနိုင်ငံက ခရီးသွား လုပ်ငန်း တိုးတက်မှုရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ အာရှနှင့် ပစိဖိတ်ဒေသ၏ ခရီးသွား လုပ်ငန်း ဆိုင်ရာ သုံးသပ်ချက်တွင် အရှေ့တောင်အာရှ ဒေသသည် အခြားသော အာရှဒေသခွဲများထက် ခရီးသွား လုပ်ငန်း တိုးတက်မှု အမြင့်ဆုံးဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှု ရာခိုင်နှုန်း အနေဖြင့် ထိုင်းနိုင်ငံသည် ၁၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၂၄ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံသည် ၁၄ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသည် ၅၂ ရာခိုင်နှုန်းရှိကြောင်း UNWTO က သုံးသပ် တင်ပြထားသည်။ မြန်မာနိုင်ငံ သည် ၂၀၁၂ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုဦးရေ တစ်သန်းကျော် ခဲ့သော်လည်း အရှေ့တောင်အာရှ ဒေသအတွင်း၌ ခရီးသည်ဝင်ရောက်မှု အနည်း ဆုံးနိုင်ငံများ ထဲပါဝင်နေဆဲဖြစ်သည်။

 မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲများကြောင့် ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်ကာ ၂၀၁၂ ခုနှစ် တွင် ပထမဆုံး ကမ္ဘာလှည့်ခရီးသွား တစ်သန်း ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ သည် ၁၉၉၆ ခုနှစ်က UNWTO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ၁၉၉၈ ခုနှစ်တွင် ခေတ္တဆိုင်း ငံ့ခဲ့ကာ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးချုပ် လာရောက်ခဲ့ပြီးနောက် ထိုနှစ်တွင် UNWTO အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်