Sunday, September 01, 2013

ကိုယ်ဝန် ပျက်ကျခြင်း အကြောင်း

Posted by drmyochit Sunday, September 01, 2013, under | No comments


ဉာဏ်စမ်းက အဖြေမှန်တွေပါ ... ။

၁။ (C) သန္ဓေအောင်သည့်အချိန်

၂။ (A) သန္ဓေအောင်ပြီး (၂၁)ရက်

၃။ (D) အထက်ပါအချက်များအားလုံး

မှတ်ချက် ။ ။ ကိုယ်ဝန်ပျက်ကျခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများမှာ အထက်ဖော်ပြပါအချက်များအပြင် သားအိမ်ပေါက်ခြင်း (uterine perforation) ၊ သွေးဆိပ်တက်ခြင်း (endotoxic shock) ၊ သားအိမ်ခေါင်း စုတ်ပြဲခြင်း (cervical laceration) ၊ သားအိမ်ကွဲခြင်း (uterine rupture) နှင့် အသက်သေဆုံးခြင်း (death) စသည်တို့လည်း ပါဝင်ပါသည်။

၎။ (A) ကိုယ်ဝန်ဆောင်ပြီး ၈ ပတ်မှ ၁၂ ပတ်ကြား

မှတ်ချက် ။ ။ ကိုယ်ဝန်ပျက်ကျခြင်းများ၏ ၆ ရာခိုင်နှုန်းသည် ၁၃ ပတ်မှ ၁၅ ပတ်အတွင်း ဖြစ်ပေါ်သည်။ ၄ ရာခိုင်နှုန်းသည် ၁၆ ပတ်မှ ၂၀ ပတ်အတွင်း ဖြစ်ပေါ်သည်။ ၁ ရာခိုင်နှုန်းသည် ရက်သတ္တပတ် ၂၀ နောက်ပိုင်းတွင်ဖြစ်ပေါ်သည်။

၅။ (A) မှန်

ကိုယ်ဝန်ပျက်ကျခြင်းများ၏ ၅၄ ရာခိုင်နှုန်းသည် အသက် ၂၅ နှစ်အောက် အမျိုးသမီးများတွင် ဖြစ်ပေါ် သည်။ ၁၉ ရာခိုင်နှုန်းသည် ဆယ်ကျော်သက်အရွယ်တွင် ဖြစ်ပေါ်သည်။

၆။ (B) မှား

အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း/ကိုယ်ဝန်ဖျက်ချခြင်းသည် ၁ ရာခိုင်နှုန်းခန့်သာရှိသည်။

၇။ (A) မှန်

ကိုယ်ဝန်ဖျက်ချခြင်းပြုလုပ်သော အမျိုးသမီးသည် သာမန်အမျိုးသမီးထက် ရင်သားကင်ဆာဖြစ်ရန် အခွင့် အရေး ၅၀ ရာခိုင်နှုန်း ပိုများသည်။ ကိုယ်ဝန်ဆောင်နေချိန်၌ အမျိုးသမီး၏ ရင်သားဆဲလ်များအတွင်း ဆဲလ်ဖွံ့ဖြိုး ကြီးထွားမှုသည် အလွန်လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိသည်။ ၎င်းင်းဆဲလ်ဖွံ့ဖြိုးကြီး ထွားမှုသည် ကလေးမွေးသောအခါမှ ရပ်တန့်သွားသည်။ ကိုယ်ဝန်ဖျက်ချ လိုက်သောအခါ ရင်သားဆဲလ်များ ဖွံ့ဖြိုးကြီး ထွားမှုကို မရပ်တန့်စေဘဲ ဆက်လက်ဖြစ်ပေါ်စေခြင်းဖြင့် ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အရေးကင်ဆာဖြစ် ဖို့ အခွင့်အရေးများလာပါသည်။

၈။ (A) မှန်

ကိုယ်ဝန်ဖျက်ချခြင်း ပြုလုပ်မိသော အမျိုးသမီးသည် မိမိကိုယ်ကို အပြစ်ရှိသည်ဟု ခံစားရလေ့ရှိသည်။ ကိုယ်ဝန်ဖျက်ချပြီး နှစ်ပေါင်းများစွာ ကြာအောင် ကိုယ်ဝန်ဖျက်ချခြင်းကြောင့်ဖြစ်သော စိတ်ဒဏ်ရာကို ခံစား ရလေ့ရှိသည်။ မိခင်သာမက ဖခင်၌ပင် ကိုယ်ဝန်ဖျက်ခြင်းအတွက် စိတ်ထိခိုက် ဒဏ်ရာဖြစ်ပေါ်စေသည်။

Yangon Health Guide

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်