Sunday, September 01, 2013

ပြစ်မှုကျူးလွန်သူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာ၍ ရဲအင်အားကို ကျူးလွန်သူများ အင်အားထက် သာလွန်အောင် အသုံးပြု၍ ဖမ်းဆီးမည်

Posted by drmyochit Sunday, September 01, 2013, under | No comments


ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အခင်းဖြစ်ပွားရာ လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်နေရာအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် အချို့ ကျူးလွန် သူများက ပြန်လည်တိုက်ခိုက်သဖြင့် ထိရောက်စွာ အရေးယူသွားမည့်အပြင် ကျူးလွန်သူများကို ဖမ်းဆီး ပါက ၎င်းတို့ထက် သာလွန်သည့် အင်အားတို့ဖြင့် ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "အခုနှစ်ပိုင်း မှာဆိုရင် ရဲတွေကို ပြစ်မှုကျူးလွန်တဲ့ သူတွေက ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ မကြာ ခဏ ဆိုသလို ဖြစ်နေပါတယ်။ ဒါကြောင့် နောက်ပိုင်းဖမ်းဆီးမှုတွေ ပြုလုပ်တဲ့အခါမှာ ကျူးလွန် သူတွေရဲ့ အင်အားထက် ပိုများတဲ့ ရဲတပ်ဖွဲ့အင်အားကို တိုးပြီးတော့ ဖမ်းဆီးသွားမယ်။ တိုက်ခိုက်တဲ့ သူတွေ ကိုလည်း မူလပြစ်ဒဏ်အပြင် ၀တ္တရားနှောင့်ယှက်မှုနဲ့ ပြန်လည်တိုက်ခိုက်တဲ့ ပြစ်မှုအပေါ် မူ တည်ပြီးတော့ ထပ်မံအရေးယူ သွားပါမယ်" ဟု သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သုံးသပ်ပြောကြားသည်။

၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၈ ရက် ညပိုင်းက မတ်တူးငွေမှင်ရောင်ကားကို မောင်းနှင်သည့် အမျိုးသားတစ်ဦးက ညဘက် ယာဉ် စစ်ဆေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့်ထိုးကာ ဒုရဲအုပ် တစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်နှင့် သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ယာဉ်လိုင်းအမှတ် ၁၈၇ ခရီးသည် တင် ယာဉ်တစ်စီး၏ ယာဉ်မောင်းဖြစ်သူက ၎င်း၏ကားကို ချလန်ဖြတ် အရေးယူမှုကြောင့် မကျေ မနပ်ဖြစ် ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့သည်။
ဆက် လက်၍ ဒုတိယရဲမှူးကြီး ၀င်းကြည်က "ရဲတပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးတဲ့ အခါ အသာတကြည် အဖမ်းခံဖို့ လိုတယ်။ ဖမ်းတဲ့သူကို စစ်ဆေးမှုတွေ ပြုလုပ်လို့ မရအောင် ဟန့်တားလာတဲ့ အပိုင်းကို ရှောင်ကြဉ်ဖို့ လိုပါတယ်" ဟု ပြောကြားသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်