Sunday, September 01, 2013

အောင်လံ မြို့နယ် လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အား ဗဟိုကော်မရှင်မှ အတည်ပြု စာရင်းထုတ်ပြန်

Posted by drmyochit Sunday, September 01, 2013, under | No comments

စက်တင်ဘာ ၁၊ အောင်လံ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ် ညီလာခံ ကျင်းပရေး ကော်မရှင်က အောင်လံမြို့နယ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်အဖြစ် အဖွဲ့ဝင်(၁၅)ဦးပါသောအဖွဲ့အား သြဂုတ်လ(၃၀)ရက်နေ့ ရက်စွဲ ဖြင့် အတည်ပြု စာရင်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အထက်ပါ မြို့နယ် လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အား တိုင်းဒေသကြီး လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်နှင့် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ ပါတီဝင်များ ညှိုနှိုင်း ဆုံးဖြတ်မှုဖြင့် ဗဟိုကော်မရှင်သို့ တင်ပြခဲ့ခြင်းဖြစ် ကြောင်း တိုင်းကော်မရှင် အဖွဲ့ဝင် ဦးမြတ်ကိုက ပြောသည်။

ကော်မရှင်များ ရွေးချယ်ရာတွင်လည်း လူငယ် လုပ်ငန်းအတွေ့အကြုံရှိသူ၊ ညီလာခံ အတွေ့အကြုံရှိသူ၊ အဖွဲ့ချုပ်မူဝါဒနှင့် လုပ်ငန်းစဉ်များကို နားလည်ပြီး အဖွဲ့ချုပ်အပါ် သစ္စာ စောင့်သိသူ၊ တိုင်းရင်းသား အမျိုးသမီး နှင့် လူကြီးလူငယ်ကြား နားလည်ပြီး ဆက်ဆံရေး ပြေပြစ်သူ စသည်အချက်များဖြင့် ကိုက်ညှိုပြီး ဆွေးနွေး တိုင်ပင်ကာ ရွေးချယ်တာဝန်ပေး အပ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းကပင် ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစောပိုင်းကာလများကပင် အဖွဲ့ချုပ် လူငယ်ညီလာခံ များအား သီးခြားကျင်းပမည်ဟု ပြောကြားခဲ့ပြီး ဇူလိုင်လ(၉)ရက်နေ့က အဖွဲ့ဝင်(၂၄)ဦး ပါဝင်သော ဗဟိုလူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အား ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံ တက်ရောက် ရွေးချယ်ခံခွင့်နှင့် မဲပေးခွင့်အား၊ အသက် (၁၆)နှစ်မှ (၃၅)နှစ်အတွင်း သတ်မှတ်ထားပြီး ညီလာခံများအား ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ကျင်းပ၍ ဇန်န၀ါရီလတွင် တစ်ပြည်လုံး အပြီးကျင်းပနိုင်မည်ဟု ခန့်မှန်းကြောင်းလည်း ဦးမြတ်ကိုကပင် ပြောသည်။

လင်းသက်
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်