Sunday, September 29, 2013

မျိုးချစ်စိတ် ကလေးကိုဖြင့် အလှမယ်လေး အောက်ဖဲ အသွင်းခံနိုင်ဘူးရယ်

Posted by drmyochit Sunday, September 29, 2013, under | No comments


၁၊ ၁၀၊ ၇၀ နေ့က ထုတ်ဝေသော အိုးဝေဂျာနယ်ပါ မောင်လူချော၏ ဆောင်း ပါးမှ ဆရာသန်းထွန်း၏ သရုပ်ဖော် ပုံကို ပြန်လည် အသုံးပြု ထားခြင်း ဖြစ်ပါသည်။

ကဲ … စာဖတ် ပရိသတ် တို့ရေ …တစ်ခါ လာလည်း ပြည်သူ့ ဘက်သား တို့ ဘက်သား၊ တစ်ခါ လာလည်း ပြည်သူ သာလျှင် အာဏာရှင်လို့ ပြောပြော နေရ လွန်းလို့ မောလှပြီ။ မပြောရင် မသိတဲ့ သူတွေ ရှိလို့လည်း ဆက်ပြော နေရတယ် မှတ်ပါဗျာ။ ဒီတော့ အလှည့် အပြောင်း လေးလည်း ဖြစ်အောင်၊ ဆိုတော့ ဘယ်ဘက်ကို လှည့်ကြ မတုန်းဗျို့။

တစ်နေ့ တစ်နေ့ စိတ်မောစရာ၊ စိတ်ပင်ပန်း စရာတွေကြား မောပန်း ဖြေစ ရာများ ဆိုပြီး ဟိုဘက် နည်းနည်း တိုးလိုက် ကြရ အောင်လား။

ပရိသတ်ရေ … ဒီလပိုင်းထဲ တို့ဗမာကွလို့ လက်သီးထောင်၊ အာခေါင်ခြစ်၊ နဖူးကြောတွေ တင်းတင်း လာအောင် ဂုဏ်ယူ ၀င့်ကြွား ချီးကျူး စကား ပြောရမယ့် ကိစ္စတွေ ရှိနေတယ် မဟုတ်လား ကွယ်ရို့။ စုတ်လိုက် တာမှ လွန်ရော၊ ချာလိုက်တာမှ ကမ်းကို ကုန်ရော ဆိုတဲ့ အ၀ိုင်းလေး လည်တယ် လည်တယ်နဲ့ ဖွတ်ကလိ ဒင်္ဂါး (ဆရာ အီကြာ ကွေးရေ …ဆရာ့ စကား ခိုးသုံး တယ်လို့ မထင်ဘဲ မျှဝေတယ်လို့ သဘော ထားပေးပါ) ပါပါ သွားတဲ့ ပုံပျက် ပန်းပျက် အင်တာနက်နဲ့ အားပေး လိုက်ကြ ရတာ တို့မြန်မာတွေ ကမ္ဘာ့ အလယ် ၀င့်ထည် ခဲ့တယ် မလား။ ဘာတဲ့ ဆုကလေးတောင် နှစ်ခု ပိုက် သူက ပိုက်၊ လေးခု ပိုက်သူက ပိုက်နဲ့ ပွဲပြန် ကြော့ကြော့ ဖြစ်ခဲ့ ပုံများ မျက်မြင် မဟုတ် လားဗျ။ ဘယ်သူ တွေများ ပါလိမ့်လို့ ဆိုပြီး တွေးမနေနဲ့၊ အချိန် ကုန်တယ်။ သူတို့ လေးတွေက မြန်မာ့ ဂုဏ်ဆောင် အလှမယ် တွေလေ။

တို့ရွှေမြန်မာ တွေများ အားပေးချက် ကမ္ဘာ ကတောင် ဘေးထွက်ထိုင် သွားစေ တယ်မလား။ ဘာအက်သစ်၊ ညာအက်သစ်၊ ဘာကျင့်ဝတ်၊ ညာကျင့်ဝတ်တွေ လာမပြောနဲ့၊ ရဘူး။ တို့ကတော့ အနိုင် ရဖို့ပဲ ဆိုပြီး ရှိရှိ သမျှ ကွန်ပျူတာတွေကို ရီဖလက်ရှ်လုပ်၊ အပြန်အလှန် ဘုတ်လိုက် ကြတာ။ မဘုတ်တဲ့ လူတောင် မျိုးချစ်စိတ် မရှိဘူး ဆိုပြီး လှည့်ငေါက် လိုက်သေး တယ်မလား။ …ဒီလောက်တောင် အားကောင်း မောင်းသန် ဖြစ်မှတော့ တို့မြန်မာ နိုင်ပြီ တို့မြန်မာ နိုင်ပြီ ဆိုပြီး ဂုဏ်ယူ လိုက်ရတာ နဲ့တင် တန်တယ်ဟေ့။

ဟော … နောက်ထပ် ဂုဏ်ယူ စရာလေး လာပြန် ပြီဟေ့…။ ရှေ့က မယ်မလေး တွေကို အားကျလို့ နောက်ထပ် ထပ်လာပြန် ပြီဗျာ။ ကဲ… ၀ိုင်းအုပ် မလား … အဲ လေ … မှားလို့ … ၀ိုင်းဘုတ် ကြဦး မလားပဲ။ ကလေးတွေ ဆိုဆို နေသလို ဘူလေးလဲ … ဘူလေးလဲ။ ဒါနဲ့ ဘယ်နိုင်ငံက ဘယ်ပွဲမှာ ပြိုင်မှာ တုန်း။ နိုင်ငံတွေ၊ လူတွေ ဘေးချိတ်။ တို့မြန်မာတွေ ကျန်တဲ့ နေရာ အောက်တန်း ကျချင်ကျ၊ ဒီနေရာတော့ မနိုင် နိုင်အောင် ဘုတ်ပြ လိုက်ဦးမယ်။ ကဲ…ပြော …ဘူလေးလဲ … ဘယ်မှာ ပြိုင်မှာလဲ။

ဘာ.. Xinning  မှာ…။ ဒါဆိုရင် ဆွေမျိုး ပေါက်ဖော် တရုတ် တော်တို့ နိုင်ငံပေါ့ …၊ တို့များ ရွှေလူမျိုး တွေက ပေါက်ဖော် တရုတ် ရယ်လို့ ဆိုလိုက် တာနဲ့ တီကောင်ကို ဆားတို့ သလို တွန့်ခနဲ တွန့်ခနဲ ဖြစ်ဖြစ် တတ်တာ (သင်း) ဒင်းလေး မသိ လေရော့ သလား။ ထားချေဦး။ မတော် တရော် စိတ်တွေ ထားနေရင်ဖြင့် တို့ရွှေ မြန်မာလေး အားငယ် လေမယ်ဟဲ့ မျိုးချစ် စိတ်ကလေး ပြန်သွင်း လိုက်ဦးမှ…။ တို့ များ မျိုးချစ်စိတ် ပျောက်အောင်တော့ လုပ်နဲ့။ ချစ်လွန်းလို့ (ညည်းကို ပြောတာ မဟုတ်၊ တို့ပြည်ကြီးကို ချစ်တာနော်) ဘုတ်မလား စဉ်းစားပြီး မေးမြန်း မိပါတယ်။ ငါးပါးတင် မက သံဃာ စင်ပါ မှောက်မယ့် ကိန်း။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပုံ ဆိုပုံလေးက သင်းပါ့၊ ဒါတင်လား မဟုတ်ပြန် ဘူးနော့် …။

ခရီးသွား မယ်လေး လုပ်မယ် ဆိုတော့ မြန်မာ ဟန်ပန် မြန်မာ ဆန်ဆန်နဲ့ ၀ါဝါ တောက်လေး ၀တ်တုန်းက တို့များက မရှိမဲ့ ရှိမဲ့ အားနဲ့ တို့မြန်မာဟေ့ ဆိုပြီး ဘုတ်လိုက် မဟဲ့ … (စိတ်ထဲ တွေးမိတာ လေးနော်၊ အတည် မယူ နဲ့ဦး)။ သြော် …နောက်တစ်ဖန် ထွက်လာ ပြန်တော့လည်း တစ်မျိုးလေး ရင်သပ် ရှုမော ရပြန် ကောငဲ့။

““ပုလဲပေါက် ၀တ်စုံတိုပေါ် စကပ်ဟန် ပ၀ါ ပတ်ပါလို့ မြူးလှတဲ့ ဟန် ”” လို့ပဲ မြှောက်ပေး ရမလား မသိ။ တစ်မျိုး ကြည့်ကောင်း ပြန်ကောဗျာ။ ဘုတ်ဦးမှာ …ဘုတ်ဦးမှာ (၆၀ ရာခိုင် နှုန်းတော့ သေချာ ပြီဟေ့ …ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက အင်တာနက်ပေါ် မူတည် တယ်နော်။)

ဇာတ်လမ်းက ကောင်းဆို အရေးက ဒိန်းဒေါင်း ဖျက်ပြီ …(မီးပြတ်တာ မဟုတ် ဘူးနော်၊ တို့မြန်မာပြည်က အရေး ဆိုရင် မီးက ပြတ်တတ် လွန်းလို့ အထင်တော် မှားနေ ဦးမယ်)။ ဖြုန်းခနဲ ဒိုင်းခနဲ လက်ပန်းတောင်း ရောက်သွား သလို လင်းခနဲ ရှင်းခနဲ ဖြင်းခ နဲပဲ။ လင်းခနဲ ရှင်းခနဲက စက္ခူ အာရုံမှာ ဖြစ်တာနော် …၊ ဖြင်းခနဲ ဆိုတာက တို့များရဲ့ ရွှေမျက်နှာ တော်ကို ပြောတာဗျ။

၁၉၇၀ တုန်းက အိုးဝေ ဂျာနယ် ဖတ်လိုက် ရသလို ပါပဲလား။ မောင်လူချော ရဲ့““ ဓာတ်ပုံ သတင်းထောက်၏ ရှာပုံတော် ””  ဆောင်းပါးထဲ ကလို ““ ထူးထူး ဆန်းဆန်း အလှမယ်၏ ထဘီ လဲခန်းတွင် ””၊ ““ မယ်ဗမာ ၏ နောက်ကြည့် အလှ””၊ ““ တင်တင်မူကို နောက်က ကြည့်တော့ ””၊ ““ ခုတင် ပေါ်မှ ပုဇွန် ထုပ်ကြီး”” စတဲ့ စတဲ့ စာတန်းထိုး တွေနဲ့ ဓာတ်ပုံ တွေက ကွင်းခနဲ ကွက်ခနဲ ပါခဲ့ ဖူးတာ မဟုတ်လား ပရိသတ်ရဲ့  …။

မရှိမဲ့ ရှိမဲ့ မျိုးချစ် စိတ်လေး ကြက်ပျောက် ငှက်ပျောက်နဲ့ ဒုက္ခသည် စခန်းများ ရောက်သွား လေသလား မသိ။ မြင်သမျှ ရင်ဝကို အင့်ခနဲ အင့်ခနဲ ဆောင့်ဆောင့် ထိုးလိုက် သလို ပါပဲ ကွယ်ရို့။ ဘယ်နှယ့်ဗျာ …(သင်း) ဒင်းလေး တော့မသိ၊ ကိုယ်ရွှေ သတင်းထောက် တွေရဲ့ ကင်မရာ ကတော့ ဖြောင်းခနဲ ဖြောင်းခနဲပဲ။ (ဖြောင်းခနဲ ဆိုလို့ တစ်မျိုးတော့ မထင် လိုက်ပါနဲ့။ မီးအား ကောင်းကောင်းသုံး ရိုက်ကြ လေတော့ ဒီ အသံ ထွက်လာ တာဗျ)

ဘုရားလည်း စူးရ စေရဲ့ …မြေကြီး လည်း မျိုရ စေရဲ့ …တစ်သက်နဲ့ တစ်ကိုယ် ဒီမောင် မမြင် ဖူးတာ တွေချည်း မြင်လိုက် ရတယ်။ အဟီး…။ သတင်းစာ ရှင်းလင်းပွဲ ကြီးကို ရေကူးကန် အလား အောက်မေ့ပြီး ခရီးသွား မယ်လေး ထွက်လာ ပုံများ ဟာခနဲ ဟင်ခနဲ၊ ရဲခနဲ ဗြဲခနဲကို ဖြစ်သွားတယ် မလား။ ဘယ်နှယ့်ဗျာ … ငယ်ငယ်က အစ်ကို ကြီးများ လူကြီး မသိအောင် ခိုးခိုး ဖတ်ကြတဲ့ နိုင်ငံခြားထုတ် မဂ္ဂဇင်း ထဲက လိုပဲ။

တော်ပြီ …တော်ပြီ …။ နဂိုကမှ တို့ရွှေမြန်မာတွေ မျိုးချစ်စိတ် ပြင်းတယ်ဟဲ့ ဆိုပြီး အင်တာနက် ကနေ ဖွတ်ကလိ ဒင်္ဂါး ကုန်ချင် သလောက်ကုန် ဘုတ်လိုက် မဟဲ့ ဆိုတဲ့ စိတ်လေး တင်းပုတ်နဲ့ ထုခံ ရပါ လေကော။ တင်းပုတ် ဆိုလို့ တို့များ အိမ်က အိမ်သူကို မြင်ယောင် နေသလား၊ ဒီလောက်တောင် ကြောက်ရ လားလို့ မယိုး စွပ်လိုက်နဲ့။ အမျိုးချစ်တဲ့ စိတ်ကို တင်းပုတ်နဲ့ ညွှန်းလိုက် တာပါဗျ …။

ပြိုင်ပွဲ စတိတ်စင် ပေါ်ကျမှ ရှိသမျှ အကုန် ထုတ်ပြရမယ့် ဟာကြီး သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြ လိုက်တော့ အရပ် စကားနဲ့ ပြောရရင် အောက်ဖဲများ ထုတ်ရှိုးလေး သလားပဲ။ ရဘူး …ရဘူး …(နှုတ်ခမ်းကို ရှေ့ တစ်လံလောက် ထော်ပြီး ပြောတဲ့ အသံနဲ့)။ ဒါမျိုး ကတော့ ရဘူးပဲ။ မရိုး မသားနဲ့ မြန်မာဟေ့ ဆိုရင် ဘုတ်ကလေးများ ခိုးခိုး ပေးတဲ့ စိတ်က ဒါကျတော့ လက်ခံ ဘူးနော်။ မြန်မာ ဆိုတဲ့ မျိုးချစ် စိတ်ခံ လေးကို ဟီရိနဲ့ သြတ္တပ္ပ ဆိုတဲ့ မန်းကွင်း လေးက ချည်ထား တာဗျ … ဒါလေးက နင် မှားမယ်ဟဲ့ ဆိုပြီး သတိပေးတဲ့ ဟန်နဲ့ တင်းတင်း လာတော့ ပေးဘူးဗျာ။

ဘယ်နှယ့် … ပေါက်ဖော်ကြီးတို့ နိုင်ငံ ရောက်မှ ပြိုင်ပွဲ နည်းလမ်းလေး အတိုင်း လုပ်ချင်ရာ လုပ်ပေါ့လေ။ ခုများ တော့ဗျာ … ““ လုပ်ချက်က နာ”” လို့ပဲ ပြောရ မလို။ တို့ရွှေမြန်မာ တွေများ မျိုးချစ်စိတ် အပြည့်နဲ့ မြန်မာပြည်က ဘယ်သူ ပြိုင်ပြိုင် တောင်ဘက်က ပိတ် မြောက်ဘက်က ဘုတ်၊ ရှေ့ဘက်က ပိတ် နောက်ဘက်က လှည့်အုပ် … အဲလေ …လှည့်ဘုတ်မယ့် သူတွေပါ။ ဒါပေသိ အဘယ် ကြောင့်ရယ် မသိ … မရှိမဲ့ ရှိမဲ့ သဒ္ဓါ စိတ်လေး ပျောက်သွားလေ သတည့်လေ။

လုပ်ချင် ရင်လည်း လုပ်ပေါ့ ညီမငဲ့ … သို့ပေသိ ရှေ့ရှေ့က မယ်လေးများ ဖြစ်တဲ့ ““ခင်”” မမ များ လုပ်သွား ပုံလေး နမူနာ ယူလိုက် ရင်ဖြင့် ဘုတ်ဖြစ် ဦးမှာ၊ ဘုတ်ဦး မှာပါပဲ။ ဒါနဲ့များ စကားမစပ် ညီမငယ်ရဲ့ နည်းကိုများ နောက်ထပ် နောက်ထပ် မယ်လေးများ နမူနာ ယူကြ ရင်ဖြင့် အိုးဝေ မဂ္ဂဇင်း ဆောင်းပါးထဲက အယ်ဒီတာ မင်းက သတင်းထောက်ကို ငေါက်ငမ်းဟန် လေးနဲ့ …။

““မင်းဟာ တော်တော် အသုံး မကျတဲ့ အကောင်ပဲ၊ တင်တင်မူလို မျက်နှာ လှတဲ့ အမျိုးသမီး တစ်ယောက်ကို နောက်ကရိုက် လာတာ အံ့သြ ပါရဲ့ကွာ၊ ခါးသေး ရင်ချီ တင်ပါးဆုံ ကြီးကြီးနဲ့ ကိုယ်လုံး ပေါ်တာမျိုး ကျမှ နောက်က ရိုက်ရ တာကွ””

အောင်ထွန်းလင်း(မြန်မာသံတော်ဆင့်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်