Sunday, September 29, 2013

ဓာတ်ပုံမော်ဒယ်အဖြစ်က အနားယူတော့မယ့် မြနှင်းရည်လွင်

Posted by drmyochit Sunday, September 29, 2013, under | No comments

၂၀၁၁ ခုနှစ် အကယ်ဒမီဗန်းကိုင်အဖြစ် ပရိသတ်သတိထားမိခဲ့သော မြနှင်းရည်လွင်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး ဓာတ်ပုံမော်ဒယ် အလုပ် ကို ရပ်နားမည်ဖြစ်ကြောင်း ပြောကြားသည်။ “အစ်မ နောင်နှစ် အစပိုင်း က စပြီး မလုပ်တော့ဘူး။ အသက်လည်းကြီးလာပြီ။ အစ်မ တခြား စီးပွားရေးပဲ လုပ်တော့မယ်။ အနှောင့်အယှက်ကတော့ ရှိ တာပေါ့။ အစ်မမှမဟုတ်ပါဘူး။ ဒီလောကမှာ ကိုယ့်ထက် အနှောင့် အယှက် များတဲ့ သူတွေလည်း အများကြီးရှိတယ်”ဟု မြနှင်းရည်လွင် ကပြော သည်။

ယခုနှစ်မကုန်မီအထိသာ အနုပညာအလုပ်များကို လက်ခံရိုက်ကူးသွားမည်ဖြစ်ပြီး လတ်တလောတွင် ကြော်ငြာ၊ အမ်တီဗီ၊ မဂ္ဂဇင်းကာဗာဓာတ်ပုံများကို ရိုက်ကူးရန်ရှိကြောင်း သိရသည်။ စိုင်းစိုင်းခမ်းလှိုင်နှင့် ရင်းနှီးသဖြင့် အတူရိုက်ကူးထားသော ဇာတ်ကားနှစ်ကားရှိပြီး ဇာတ်ကားများကို ထပ်မံရိုက်ကူးရန် အစီအစဉ်မရှိနိုင်တော့ကြောင်း မြနှင်းရည်လွင်က ပြောသည်။ မြနှင်းရည်လွင်က ရင်းနှီးခင်မင်သူအချို့ အကူအညီတောင်းမှသာ ရိုက်ကူးဖြစ်တော့မည်ဖြစ်ကြောင်း ပရော်ဖက်ရှင်နယ်အဖြစ် အနုပညာအလုပ် လုပ်ကိုင်မည်မဟုတ်ကြောင်း ပြောသည်။

လတ်တလောထွက်ရှိထားသည့် အနုပညာဂျာနယ်တစ်စောင်တွင် မျက်နှာဖုံးရိုက်ကူးပေးခဲ့သောအင်္ကျီမှာ ရင်ဘတ်ဖော်ထားသလိုဖြစ်နေသောကြောင့် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။ “အစ်မ လက်ဝတ်ရတနာ ကြော်ငြာတွေ ရိုက်ရင်တော့ ရင်ဘတ်အဟိုက်တွေဝတ်တယ်။ အခုက အစ်မ သက်သက်ကြီးဖော်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့လူတွေက အစ်မကို မြန်မာအင်္ကျီရိုးရိုးနဲ့ တွဲတွေ့တဲ့သူတွေက အဲဒီလို ရုတ်တရက်မြင်လိုက်တော့ ရိုင်းသလိုဖြစ်သွားတယ်။ ပရိသတ်တွေကိုလည်း ဒါကို နားလည်ပေးကြပါ။ အင်္ကျီက အနေအထားလွဲသွားတော့ ဒီလိုဟပြဲကြီးဖြစ်သွားတာပါလို့ ပြောချင်ပါတယ်” ဟု မြနှင်းရည်လွင်ကပြောသည်။

Credit: 7Day Daily Newspaper

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်