Wednesday, September 04, 2013

ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်ချေးငွေမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို နှစ်ရှည်ချေးငွေအဖြစ် ရယူရန်လျာထား

Posted by drmyochit Wednesday, September 04, 2013, under | No comments



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်ချေးငွေမှ အမေရိ ကန်ဒေါ်လာ သန်း ၅၀ ကို နှစ်ရှည်ချေးငွေအဖြစ် ရယူရန်လျာထားကြောင်း သိရသည်။

ထိုကဲ့သို့ လျာထားပြီး အမေရိကန်ဒေါ်လာ ၃၁.၅ သန်းကို ကနဦးချေးငွေဖြင့် ရယူမည်ဖြစ်ကာ ၎င်းချေးငွေဖြင့် Telecommunications Sector Reform Project ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၂၆၁.၅၀ သန်း ချေးယူခွင့်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်ချေးငွေမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို နှစ်ရှည်ချေးငွေအဖြစ် ရယူရန်လျာထားများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာနက ရှင်းလင်းတင်ပြခဲ့ရာတွင် အထက်ပါအချက်ကို ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးဈေးကွက်နှင့် ဆက်သွယ်ရေးအိုင်တီကဏ္ဍအတွင်း ကူးပြောင်းသည့်အချိန်တွင် နည်းပညာပိုင်း ဖြည့်ဆည်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေး လုပ်ငန်းစဉ်များအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ထိုလုပ်ငန်းစဉ်များအတွက် ဘဏ္ဍာငွေပမာဏ ကြီးမားစွာလိုအပ်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးသောင်းတင်က တင်ပြခဲ့သည်ဟု သိရသည်။ ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ ၂၆၁.၅၀ သန်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ၃၁.၅၀ သန်း ချေးယူမည်ဖြစ်ကြောင်းသိရသည်။

၎င်းအပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၁၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက် စီမံကိန်းအတွက် သန်း ၁၄၀ ပညာရေးဝန်ကြီးဌာန၏ ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာသင်ဆုပေးအပ်ခြင်းစီမံကိန်းအတွက်  သန်း ၆၀၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲရေး၊ စီမံကိန်းအတွက် သန်း ၃၀ တို့ အသီးသီး ချေးယူမည်ဖြစ်ကြောင်း သိရသည်။ အထောက်အပံ့ရမည့် ငွေများအား Telecommunications Sector Reform Project အမည်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်း ပညာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပိုင်းများတွင် နည်းပညာကူညီပေးခြင်း၊ Capacity Building ထူထောင်ပေးခြင်း၊ ရေဒီယိုလှိုင်းနှုန်းစဉ် စီမံခန့်ခွဲမှုနှင့် တိုင်းတာရေးစနစ် ထူထောင်ရန် အကူအညီပေးခြင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများအား ကော်ပိုရေးရှင်းပြုလုပ်ခြင်းနှင့် ပုဂ္ဂလိက ပြုလုပ်ခြင်းများအတွက်နည်းပညာ ကူညီပေးခြင်း၊ နိုင်ငံတွင်းရှိ ကျေးလက်ဒေသများအတွက် အခြေခံဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ e-Government မဟာဗျူဟာချမှတ်ဆောင်ရွက်ခြင်း၊ Public-Private Patnership e-Government Approch အတွက် နည်းပညာကူညီမှုပေးခြင်း၊ Civil Servant များအတွက် Capacity Building ထူထောင်ပေးခြင်း၊ e-Government Interoperability Framework ချမှတ်ဆောင်ရွက်နိုင်ရေး အထောက်အကူပေးခြင်းတို့တွင် စသည့် လုပ်ငန်းစဉ်များတွင် ခွဲဝေအသုံးပြုသွားမည်ဟု ဒုတိယဝန်ကြီးက ပြောသည်။

နိုင်ငံတော်သမ္မတရုံး၏ ၁၄.၅. ၂၀၁၃ ရက်စွဲပါစာဖြင့်လည်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ်မှ IDA အထောက်အပံ့ရယူရေးကိစ္စအား သဘောတူခွင့်ပြုကြောင်းကိုလည်း နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ထွန်းထွန်း၊ ကျော်ဇေယျ
အတွဲ (၁၄)၊ အမှတ် (၃၄)
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်