သို့ဖြစ်၍ သေဆုံးသူမောင်ကောင်း ရာဇာ၏ မိခင် မသန်းသန်းမြင့်(ခ)အငယ်မ ဈေးရောင်းလုပ်ကိုင်သူနှင့် ပထွေးဖြစ်သူ စိုးသူ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတို့အား ခေါ်ယူ စစ်ဆေးရာ ပထွေးဖြစ်သူ ရိုက်နှက် ကိုင်ပေါက်၍ သတိ လစ်မေ့ မြောနေသော ကလေးငယ်အား အပူအပုပ်များပြီး တက်သွားသည်ဟု အကြောင်းပြ၍ ဆေးကုသမှုခံယူရန် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံး မှုဖြစ်ပွားခဲ့သည်။
အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ မိခင်မသန်းသန်းမြင့်မှ သက်သေ လိမ်လည်ထွက်ဆိုသဖြင့်(အမှတ်-၃) နယ်မြေ ရဲစခန်း၏ သေမှုသေခင်း အမှတ် ၁/၂၀၁၃ အရ စခန်းမှူး ရဲအုပ် ထွန်းထွန်းဦးမှ အမှုလက်ခံ စစ်ဆေးခဲ့ရာ ပထွေးဖြစ်သူ စိုးသူ၏ဝန်ခံထွက်ဆိုချက်အရလည်းကောင်း၊ မိခင်မသန်းသန်းမြင့်၏ သက်သေအမှန် ထွက်ဆိုချက်အရ လည်းကောင်း ကလေးငယ်မှာ ဓမ္မတာအတိုင်းသေဆုံး ခြင်းမဟုတ်၍ပုဒ်မ ၃၀၂ သို့ ပြောင်း လဲ စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။
(ကျော်သူရ)
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း
Time in Rangoon


0 comments:
Post a Comment