Tuesday, September 24, 2013

သုဘရာဇာမှကမ္ဘာကျော်ဖြစ်လာသူ(သို့) ရော့စတီးဝဒ်

Posted by drmyochit Tuesday, September 24, 2013, under | No comments


မြန်မာပြည်ကရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့ကျေးဇူးရှင် သီချင်းရေးဆရာ၊အဆိုတော် Rod Stewart ဟာ ၁၉၄၅ခုနှစ် လန်ဒန်မြောက်ပိုင်းမှာမွေးဖွားခဲ့ပြီးအခုဆိုသူဟဟာ ၆၇နှစ်ရှိနေပါပြီ။ သူ့ရဲ့ ထူးခြားတဲ့ ကွဲရှရှ အသံ Raspy Voice နဲ့ ၁၉၆၉ ခုနှစ်နောက်ပိုင်းမှာ ပထမဦးဆုံးအယ်လ်ဘမ် စတင် သီဆိုခဲ့တယ်။

(ဒီလိုကွဲအတ်တဲ့အသံမျိုးကို အဆိုတော်တွေဟာ သီချင်းဆိုတာများရင်ရတတ်သလို အသံမစမ်းဘဲ တခါတည်းအသံသွင်းလိုက်တဲ့အခါမှာ ရတတ်ပါတယ်၊ Stevie Nicks ဆိုတဲ့အဆိုတော်ကတော့ မမျှော်လင့်ပဲ vocal cord tissue မှာအမာရွတ်ဖြစ်ပြီး ခပ်ရှရှအသံရခဲ့တာတဲ့ )
-

-
သူဟာအဖေစကော့နဲ့ အမေအင်္ဂလိပ်မိသားစုမှ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တွေ North Gate ရဲစခန်း ကို V-2 ဗုံးတွေနဲ့မကြဲခင်နှစ်နာရီအလို မှာမွေးဖွားခဲ့တာပါ။ သူကမောင်နှမငါးယောက်ထဲမှာ အငယ် ဆုံးဖြစ် ပါတယ်။

သူတို့မိသားစုဟာ ချမ်းသာတဲ့အထဲမပါသလို ဆင်းရဲတဲ့မိသားစုထဲလည်းမပါပါဘူး။ သူဟာ ငယ်စဉ်က ပညာရေး မှာမထင်မရှား သူလိုကိုယ်လိုထဲကပါပဲ။

သူ့အဖေ အသက်(၆၅)နှစ်အရွယ်မှာ အိမ်အရောင်းအဝယ်သမားဘဝကအနားယူပြီး သတင်း စာဂျာနယ် အရောင်းဆိုင် ဖွင့်ခဲ့ပါတယ်။

သူတို့မိသားစုက ဆိုင်အပေါ်ထပ်မှာနေတာပါ။ သူတို့မိသားစုအကုန်လုံးကဘောလုံးဝါသနာအိုးတွေ ဖြစ်ကြပြိး Rod Steward ကသူတို့မိသားစုထဲမှာ ပါရမီအပါဆုံးဖြစ်တယ်။ အသက်(၁၅)နှစ် အရွယ်မှာ ကျောင်းကထွက်ပြီး အဝတ်အထည်တွေပုံနှိပ်တဲ့လုပ်ငန်းမှာ အချိန်ပိုင်းလုပ်ကိုင်ခဲ့ပါတယ်။

သူ့ရဲ့ အိပ်မက်ကကြေးစားဘော်လုံးသမားဖြစ်ချင်တာပါ။
-

-
၁၉၆၁ မှာBrentford F.C အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပေမဲ့လည်း မနက်စောစောထပြီး ပထမ အသင်း ၁၁ယောက်ရဲ့ ဖိနပ်တွေကို တိုက်ချွတ်ပေးနေရတာကိုတော့မနှစ်သက်လှပါဘူး။ သူဟာဘော်လုံး ကျွမ်းကျင်မူ့ ရှိပေမယ့် သူ့ရဲ့အလေးချိန်ပေါင်(၁၃၀)ပဲရှိတာဟာသူ့ကိုအခက်အခဲ ဖြစ်စေပါတယ်။ ကိုယ်အလေးချိန်တက်အောင် အပြင်းအထန်လေ့ကျင့်တာ ကွင်းဘေးမှာမကြာခဏအန်မိတဲ့အထိပါပဲ။

နောက်နှစ်လအကြာမှာတော့ သူဟာအသင်းကထွက်ခဲ့တဲ့အတွက် သူ့အဖေကို အကြီးအကျယ် စိတ်ပျက်စေ ခဲ့ပါ တယ်။

သူ့ကိုယ်သူသုံးသပ်တာကတော့ သူဟာကျွမ်းကျင်မူ့ရှိပြီး ဆန္ဒမရှိဘူးလို့ဆိုပါတယ်။ သူ့ရဲ့ရှေ့ရေး ကိုသုံးသပ် လိုက်တော့ ဂီတဘက်ကိုသွားမြင်မိပါတယ်။ ငါလုပ်နိုင်တာနှစ်ခုပဲရှိတယ် သီချင်းဆိုတာရယ် ဘော်လုံး ကန်တာ ရယ်။

အရက်သောက်ရင်းသီချင်းဆိုလို့ရတယ် အရက်သောက်ပြီးဘော်လုံးကန်လို့မရဘူးလို့ဆိုတယ်။(ဒီလိုအတွေးခေါ်ကြတူသွားပြန်ပြီ)နောက်တော့အိမ်အလုပ်ကိုကူလုပ်ရင်း သတင်းစာဖြန့်တဲ့အလုပ်၊ Highgate သင်္ချို င်းမှာသုဘရာဇာအလုပ်လုပ်ပါတယ်။

နောက်သင်္ချို င်းမှာ ခြံစည်းရိုးပြင် ဂူဆိုင်းပုဒ်ရေးတဲ့အလုပ်လဲလုပ်ပါသေးတယ်။ (သူသုဘရာဇာ လုပ်တာ ကျွန်တော်တို့ ထင်ထားသလို ဆင်းရဲလွန်းလို့ မဟုတ်ဘဲ လူငယ်တစ်ယောက်အနေနဲ့ သေခြင်းတရားကို ရင်ဆိုင်ရဲအောင်လို့ ဆိုပါတယ်)အဲ့ဒီနောက် အသံသွင်းထားတဲ့ သီချင်းများယူဆောင်ကာ ဒိန်းမတ်လမ်း မှာရှိတဲ့ နာမည်ကျော်ထုတ်လုပ်သူ Joe Meek ဆီကိုသွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူရခဲ့တာကတော့ Meek ဆီကရိုင်းဆိုင်းတဲ့တုံ့ပြန်မှူ့သာဖြစ်ပါတယ်။

Stewart ဟာ အဲ့ဒီအချိန်မှာ တက်ကြွတဲ့ နြူကလီးယားဆန့်ကျင်သူပါ။ ဒီလိုဆန့် ကျင်ဆန္ဒပြ ချီတက်ပွဲမှာ ပါဝင် တာကြောင့် အဖမ်းခံ ရပါသေးတယ်။ ဒီလိုပွဲတွေမှာ သူကောင်မလေးတွေနဲ့ ဇတ်လမ်းဖြစ်လေ့ရှိပါတယ်။

(တက်ကြွဆိုဒါလေးတွေကပါတာကိုး)
၁၉၆၂မှာတော့ လန်ဒန်အနုပညာကျောင်းသူလေး Suzannah Boffeyနဲ့ ချစ်ကြိုးသွယ်ရာက ကိုဝင်းကြည် ရခဲ့ပါ တယ်။ Stewart ရောသူ့မိဘတွေကပါ သူ့ကိုလပ်မထပ်စေချင်သေးပါဘူး။ ဒါနဲ့ ကလေး မလေး Sarah Streeter ကိုသူများကိုမွေးစားဖို့ပေးခဲ့ပြီး Stewart နဲ့ Suzannah Boffey တို့ရဲ့ဇတ်လမ်းပြီးဆုံးခဲ့ပါတယ်။
(တိန် လွယ်လိုက်တာ)
-

-
သမီး Sarah Streeter နဲ့ ဖေဖေ Rod Stewart
-
နောက်ထပ် ကျေးလက်တေးအဆိုတော်မလေး Wizz Jones နဲ့တွဲခဲ့ပြန်ပါတယ်။ သူတို့ဟာနောက်ထပ် (၁၈)လတိုင်တိုင် လက်တွဲညီညီတွဲခဲ့ကြပါတယ်။ ဒီနှစ်ထဲမှာပဲ Stewart ဟာ နောင်တစ်ချိန်မှာThe Kinks အဖြစ်နာမည်ကြီးလာမဲ့ The Ray Davies Quartet အဖွဲ့ရဲ့ပင်တိုင်အဆိုတော်အဖြစ် စတင်ပါဝင်ခဲ့ပါတယ်။
ငယ်ငယ်ကကျောင်းနေဖက်သူငယ်ချင်းတွေရဲ့အဖွဲ့ဖြစ်တဲ့ The Ray Davies Quartet အဖွဲ့ခေါင်းဆောင် Ray Davie ကအဆိုတော်လုပ်ရတာသူနဲ့မလိုက်ဖက်ဘူးလို့ထင်နေလို့ပါ။

ခဏပဲတွဲရသေးတယ် Drummer သမားကသူ့ရဲ့အသံကို အပြစ်တင်တာကြောင့်လမ်းခွဲခဲ့ပါတယ်။
သူဟာဒီအချိန်မှာ R&B Soul ၊ Rock & Roll ကိုနှစ်သက်နေပါပြီ။ အဲ့ဒီနောက်လန်ဒန်က R&Bတီး ဝိုင်းတွေမှာ အချိန်ပိုင်းဘာဂျာမှူတ်တဲ့သူharmonica(ဆိုးပါ့) ချိန်ပိုင်းအဆိုတော်အဖြစ်အသက်မွေးခဲ့ပါတယ်။
ဒါဟာသူ့ဘဝမှာပထမဆုံးဂီတနဲ့ အသက်မွေးခြင်းဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သူ့အိမ်အလုပ်နဲ့ သူ့အကိုရဲ့ပန်းချီကားမှန်ဘောင်လုပ်ငန်းမှာလဲ ကူညီနေပါသေးတယ်။

ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ Jimmy Powell & the Five Dimensions အဖွဲ့ကသူ့ကို Harmonica အဖြစ်ငှားရမ်းခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ Rolling Stone မဂ္ဂဇင်းကမကြာမကြာဖေါ်ပြလေ့ရှိတဲ့ နာမည်ကျော်Studio 51 မှာအပတ်စဉ်ဖျော်ဖြေရပါတယ်။ ဒီလိုနဲ့ London R&B လောကထဲကို Steward တစ်ယောက်ချည်းနင်းဝင်ရောက်လို့လာသလို သူ့ရဲ့ Harmonica(ဘာဂျာ)ဟာလည်း Mick Jaggerရဲ့ သွန်သင် မူ့နဲ့ တိုး တက်လာပါတယ်။ သို့ပေမယ့်လည်း အဖွဲ့ခေါင်းဆောင် Powell နဲ့ နာမည်ရလာတဲ့ stewart တို့ ထိပ်တိုက်တွေ့ရာက ဒီအဖွဲ့နဲ့လမ်းခွဲခဲ့ပြန်ပါတယ်။


-
ဒီလိုနဲ့ ၁၉၆၄ခုနှစ်ဇန်နဝါရီလနေ့တစ်နေ့မှာ All Stars အဖွဲ့ရဲ့စတိတ်ရိုးသွားကြည့်ပြီးအပြန် မူးမူးနဲ့ ဘူတာရုံ ပလက်ဖောင်းပေါ် ရထားစောင့်ရင်း "Smokestack Lightnin'"သီချင်းလေးကိုသူ့ဘာဂျာလေးနဲ့ တီးမှူတ်ေ နပါတယ်။ ဒါကို All Stars အဖွဲ့ရဲ့ပင်တိုင်အဆိုတော်Long John Baldry ကတွေ့သွားပြီး သူတို့အဖွဲ့ထဲမှာ ပါဝင်ဖို့ ဖိတ်ခေါ် ခဲ့တယ်။ Rod Stewart ရဲ့အမေသဘောတူညီမူ့ကိုရပြီးတဲ့နောက်မှာ Harmonica အဖြစ်ရော အဆိုတော်အဖြစ်နဲ့ပါလုပ်ဖို့ သူ့ကိုတစ်ပတ်၃၅ပေါင်နဲ့လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
သူ့ရဲ့နေ့ပိုင်းအလုပ်တွေကိုရပ်လိုက်ပြီးဒီအဖွဲ့သစ်နဲ့ လိုက်ဆိုနေတဲ့အချိန်မှာသူဟာအသက်၁၉နှစ်ရှိနေပါပြီ။
တဖြည်းဖြည်းနဲ့ သူ့ရဲ့ရှက်တတ်တဲ့အကျင့် လူတွေကိုကြောက်တဲ့အကျင့်တွေပျောက်လာပြီး ကိုယ်ပိုင် ဟန်တစ်ခု တည်ဆောက် လာနိုင်ပါတယ်။ အဖွဲ့နဲ့အတူတီးခတ်နေစဉ်မှာပဲ သူ့ရဲ့ အစမ်း အသံသွင်းမူ့ အချို့ ကိုပြု လုပ်ခဲ့ပါတယ်။ဒေသတွင်း ရုပ်မြင်သံကြား အစီအစဉ်တွေမှာ တခါတရံပါ လာ တတ်ပြီး ပထမဆုံး single ခွေ ကို၁၉၆၄မှာအသံသွင်းခဲ့ပါတယ်။

ဒီတစ်ခါမှာလဲ Baldry နဲ့အငြင်းပွားခဲ့ပြီး အဖွဲ့နဲ့ခွဲခွာခဲ့ပြန်ပါတယ်။ ဒီကြားထဲ မှာထွက်ခဲ့တဲ့ အဖွဲ့လိုက် အခွေတွေ ကလဲ စီးပွားရေးတွက်ခြေမကိုက်တဲ့အပြင် နာမည်တောင်လူမသိလိုက်ပါဘူး။ တဖြည်းဖြည်း နဲ့ သူလဲသူ့အသံခပ်အက်အက်ကိုစိတ်ကုန်နေပါပြီ။နောက်ထပ်တစ်ခါ ဂစ်တာသမားJeff Beckက ရှာဖွေတွေ့ ရှိသွားပြီး သူတို့အဖွဲ့ Jeff Beck Groupမှာ အဆိုတော်နဲ့သီချင်းရေးဆရာအဖြစ်ငှားရမ်းခဲ့ပြန်ပါတယ်။
ဒီအဖွဲ့နဲ့ အကျိုးပေးပုံပါပဲ။ သူတို့ရဲ့ဥရောပခရီးစဉ် အမေရိကန် ခရီးစဉ် လှည့်လည်ဖျော်ဖြေ တဲ့ပွဲတွေ မှာတော်တော် လေးအောင်မြင် မူ့ရခဲ့တယ်။ ၁၉၆၈မှာသူတို့အဖွဲ့လိုက်အခွေ The Truth ကိုဖြန့်ချီခဲ့ပြီး UK မှာမအောင်မြင်ခဲ့ပေမယ့် အမေရိကန်မှာတော့ နံပါတ်၁၅နေရာချိတ်ခဲ့ပါတယ်။
-

-
ဆက်တိုက်ဆိုသလိုအောင်မြင်လာလိုက်တာ Every Picture Tells a Story ဆိုတဲ့ တတိယမြောက်ခွေ မှာတော့ Rod Stewart ဆိုတဲ့နာမည်ကို ခိုင်ခိုင်မာမာစိုက်ထူလိုက်နိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရေဒီယိုတွေကသူ့သီချင်းတွေကိုစတင်လွင့်နေပါပြီ။ ၁၉၇၅ခုနှစ်မှာတော့ Rod Stewart တစ်ယောက် Los Angeles ကိုပြောင်းရွေ့သွားခဲ့ပြီး Atlantic Crossing ကိုထုတ်ဝေခဲ့ပါတယ်။ ဒီအခွေမှာ နာမည်ကြီးသီချင်း Sailing (ရွက်လွင့်ခြင်း၊ဇော်ဝင်းဋ်)နဲ့ I Don't Wanna Talk About It (ဒီခေါင်းစဉ်အတိုင်း၊ဇော်ဝင်းထွဋ်)တို့ပါဝင်ပါတယ်။ ဒီနောက်မှာတစ်ုပုဒ်ချင်းအနေနဲ့

You're in my heart (အသည်းနှလုံးငြိမ်းချမ်းရေး၊ဇော်ဝင်းထွဋ်)၊ Cat Stevensရဲ့သီချင်းကိုပြန်ဆိုထားတဲ့ The First Cut Is the Deepest(စီးကရက်မီးခိုးများ၊ဇော်ဝင်းထွဋ်)Have I Told You Lately That I Love You (ထွဏ်းထွဏ်း)Downtown Train (ရင်ဂို-ဘဝရထား) Passion (ဇော်ဝင်းထွဋ်-ချစ်ရမက်) တို့လို သီချင်းတွေ ကလဲအောင်မြင်ခဲ့ပါတယ်။ သူဟာဓါတ်ပြားသန်း၁၀၀ကျော်ရောင်းရတာကြောင့် best selling artists of all time စာရင်းဝင်လဲဖြစ်ပါတယ်။ ( အရောင်းရ ဆုံးသန်း၃၀၀ကျော်တဲ့ သူစာရင်း ကတော့ The Beatles၊ Presly ၊ Michael Jackson ၊ Madonna၊ Elton John ၊ Led Zeppelin၊ Queen နဲ့ ABBA တို့ဖြစ်ပါတယ်။) သူ့ရဲ့နာမည်ကျော်သီချင်း၆၂ပုဒ်လောက်ကို မြန်မာပြန် မဆိုထားတဲ့ သီချင်းရယ် လို့တော်တော် ရှားတယ်။
-

-
၂၀၀၀ခုနှစ်မှာပုံမှန်ဆေးစစ်ရင်းသိုင်းရွိုက်ကင်ဆာတွေ့ရှိခဲ့တာကြောင့်ခွဲစိပ်ကုသခဲ့ရပါတယ်။ ဒီအတွက် သူ့ရဲ့ နာမည်ကျော် အသံထိခိုက်ခဲ့သလို သီချင်းဆိုဖို့ပြန်ကျင့်ခဲ့ရပါတယ်။ ကင်ဆာဖြစ်ပြီးကတည်းကသူဟာ ကင်ဆာဖောင်ဒေးရှင်းတွေမှာတက်ကြွစွာပါဝင်လှူပ်ရှားခဲ့ပါတော့တယ်။ သူ့ရဲ့ The Very Best Of Rod Stewart ကတော့ကျနော်ထာဝရသိမ်းထားမိတဲ့အခွေပါပဲ။

ကိုလှဟန်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်