Tuesday, September 24, 2013

Facebook Official မှာ တိုးလာသော ကြော်ငြာစနစ်

Posted by drmyochit Tuesday, September 24, 2013, under | No comments


Facebook က ဒီနောက်ပိုင်း အရမ်း စီးပွားရေး လုပ်လာတယ်။ ပို့စ်တစ်ခု တင်လိုက်တာနဲ့ ကြော်ငြာမလား ဆိုပြီးတော့ Pop up box လေးတွေပေါ်လာပြီ။ အရင်ကဆိုရင် Facebook ဖို့ Official ကြော်ငြာ ထည့်ဖို့ အတွက် Admin Setting ထဲကနေဝင်ရတာပါ။ ယခုလို ပြောင်းလဲလာတာကလည်း နည်းနည်းတော့ ကြာ ပါပြီ။

ဒီတော့ Facebook ရဲ့  ဝင်ငွေလည်း သိသိသာသာကို မြင့်တက်လာနေပါတယ်။ Product and Service ကုမ္မဏီများက ၎င်းတို့ ကုန်ပစ္စည်းကို လူအများပိုသိစေဖို့၊ မြင်စေဖို့အတွက် Facebook မှာ Official ကြော်ငြာထည့်တာမျိုးတွေလုပ်လာ ကြပါတယ်။ မြန်မာပြည်မှာလည်း လုပ်ကြပါတယ်။ Facebook Authorized Adv အေးဂျင့်တွေ ရှိနေပါပြီ။ Facebook မှာ ကြော်ငြာထည့်ရင် သူက ဘာလုပ်ပေးလဲ ဆိုတော့ - right side column ထဲမှာ ထည့်ပေးပါတယ်။ ယခု ဒီစာကို New Tab မှာ ဖတ်နေတယ်ဆိုရင် ဘေးညာ မှာ ကြော်ငြာတွေကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ Sponsered ဆိုတဲ့ title နဲ့ ဖြစ်ပါတယ်။

Post တစ်ခုချင်းစီကို ကြော်ငြာတာနဲ့ Page တစ်ခုလုံးကို ကြော်ငြာတဲ့ Option ၂ ခု ပေးထားပါတယ်။ ပြီးတော့ ငွေပေးချေမှုကလည်း ဒေါ်လာ ၁၀၀ ကနေစတယ်ထင်ပါတယ်။ သူက ၁ ဒေါ်လာကို 1 like အနည်းဆုံးရမယ်ဆိုပြီးတော့ အာမခံထားပါတယ်။ သို့ပေမယ့် ဒေါ်လာ ၁၀၀ သွင်းတဲ့ အသိ Page တစ်ခုဆိုရင် Like တစ်ထောင်ကျော်ကို တစ်ပတ်အတွင်းရသွားတာကို ကိုယ်တွေ့ မြင်ရပါတယ်။ စစ်ကြည့် လိုက်တော့လည်း Fake မဟုတ်ပါဘူး။ တကယ် Real account တွေပါ။

သူက ကြော်ငြာဖို့အတွက် People မှာ Male/Female. Friends /Public. အသက်မှာဆိုရင် under 18 နဲ့ above 18. Region မှာကျ ကိုယ် Target ထားပြီး ကြော်ငြာထည့်ချင်တဲ့ နိုင်ငံ အစရှိသဖြင့် ရွေးစရာ Option အစုံအလင် ပေးထားတာ တွေ့ရ ပါတယ်။ အဲ့လို ကြော်ငြာလိုက်ရင် Facebook က Customer ရွေးချယ်ထားတဲ့ Option အတိုင်း Post တွေကို Spread လုပ်ပေးပါတယ်။ ဒေါ်လာ ၁၀၀ ဖိုး၊ ၂၀၀ ဖိုး၊ ၃၀၀ ဖိုးအလျောက် အချိန်ကာ နဲ့ ကြော်ငြာအရေအတွက် random ခွဲခြားထားပုံ မတူသေးပါဘူး။

နောက်ဆိုရင် Facebook က အဲ့ဒီ စီးပွားရေးကို ပိုမိုပြီး ချဲ့ ထွင်လုပ်ကြတော့မှာပါ။ Page တွေရဲ့ News Feed ကို Like/ Subscribe လုပ်ထားသူတွေရဲ့  Wall မှာ ပေါ်လွင်စေမှုက အရင်ကလောက် မဟုတ်တော့ပါဘူး။ ၁၀၀ ရာခိုင်နှုန်းမဟုတ်တော့ပဲ ၅၀ ရာခိုင်နှုန်းအောက်နဲ့ကို News Feed မှာ ဖော်ပြပေးတာတွေ လျော့လာပါတယ်။ ငွေသွင်းပြီး adv plan လုပ်တဲ့ page တွေကိုပဲ News Feed မှာ ပေါ်စေမယ့် စီးပွားရေး တစ်မျိုးလည်း Facebook တို့ စတင်နေပါပြီ။

ဒီတော့ လူတိုင်း ဗဟုသုတ အဖြစ် သိရအောင် ရေးသားမျှဝေလိုက်ရ ပါတယ်။

အောင်ခမ်း (TSJ Team)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်