Monday, October 28, 2013

မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသည့် ဒေသများသို့ ဥရောပ ခေတ်ဟောင်း ကားများဖြင့် လှည့်လည် သွားလာမည်

Posted by drmyochit Monday, October 28, 2013, under | No comments


ဥရောပနာမည်ကြီးခေတ် ဟောင်းကားတစ်စီးကို ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ အောက်တိုဘာ ၂၇ ရက်နေ့ညပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ - မင်းသန့်

ရန်ကုန် ၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံ၏ ထင်ရှားကျော် ကြားဒေသများသို့ လွန်ခဲ့သည့် ၁၉၂၇ ခုနှစ်ကျော်မှ ဥရောပနာမည်ကြီးခေတ် ဟောင်း ကားများဖြင့် အောက်တိုဘာ၂၈ရက်မှ စတင်၍ ၂၃ရက်ကြာလှည့်လည်သွားလာမည် ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ပိုမို လာရောက်လည်ပတ် စေရန်ရည်ရွယ်ခြင်းဖြစ် ပြီး ယခုခရီးစဉ် အချို့ကို လာမည့်နိုဝင်ဘာလ အတွင်း မော်ရိုကိုနှင့် ဘာစီလိုနာတွင်ပြုလုပ် မည့်ခ ရီးသွား လုပ်ငန်းပြ ပွဲတွင် ပြသသွား ရန် ရည် ရွယ်သည်ဟုလည်း သိရသည်။

ယင်းခရီးစဉ်တွင်ပါဝင်မည့် နာမည်ကြီး ရှေးဟောင်းကားများမှာ ၁၉၂၇  ခုနှစ်ထုတ်  Bentley Model Tourer ၊ ၁၉၃ဝခုနှစ်ထုတ်   Rolls Royce Model Sedanca de Ville Hopper  ၊ ၁၉၃၈ခုနှစ်ထုတ် Buick Model Special ၊ ၁၉၆၀ ခုနှစ်ထုတ် Mercedes 220SE ၊ ၁၉၆၂ခုနှစ် ထုတ်  Porsche Model 356 ၊ ၁၉၆၄ခုနှစ်ထုတ် Toyota Land Cruiser  ၊ ၁၉၆၄ခုနှစ်ထုတ် Mercedes Model 230 SL ၊ ၁၉ရဝ  ခုနှစ်ထုတ်  Mercedes Model 220 ၊ ၂၀၀၄ ခုနှစ်ထုတ်  Land Rover Model Defender တို့ ဖြစ်သည်။

မင်းသန့်
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်