Monday, October 28, 2013

လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့သည့် ရုရှား

Posted by drmyochit Monday, October 28, 2013, under | No comments


၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရမယ့် ရုရှားနိုင်ငံဟာ လူမျိုး ရေးခွဲခြားမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ဝေဖန်မှုတွေခံနေ ရပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ စီအက်ကေအေမော်စကိုအသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မှာ မန်စီးတီးကွင်းလယ်လူ ယာယာတိုရေး ကို လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကိစ်္စနဲ့ပတ်သတ်ပြီး   ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက စုံစမ်း စစ်ဆေးမှုတွေပြု လုပ်နေ သလို အရေးယူဖို့အတွက် စီစဉ်နေပါတယ်။ စီအက်ကေအေ မော်စကိုအသင်းရဲ့ တာဝန်ရှိသူတွေက မိမိတို့ အသင်းပရိ သတ်များဟာ လူမျိုးရေးခွဲခြားခဲ့ ခြင်းမရှိကြောင်း၊ ငြင်းဆိုထားပေမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လူမျိုးရေး ခွဲခြားခြင်းခံခဲ့ရတဲ့ ယာယာတိုရေး က ယခုလိုအဖြစ်အပျက်ဟာ မိမိတို့ ကစားသမားတွေကို များစွာအခက်အခဲဖြစ်စေကြောင်းနဲ့  ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံမှာ ကျင်းပဖို့အတွက် ပြန်လည်စဉ်းစားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းကစားသမားများဟာ စီအက်ကေအေမော်စကိုအသင်းနဲ့ ပွဲစဉ်ကို ရုရှားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် အအေးဓာတ်အလွန်များတဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

MRTV 4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်