Monday, October 28, 2013

ဓားခုတ်မှု ကျူးလွန်သည့် ပြိုင်ကားသမား ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်

Posted by drmyochit Monday, October 28, 2013, under | No comments



ဆိုင်ကယ်စီးသူကို ပြိုင်ကားပေါ်မှဆင်းကာ ဓားဖြင့် ခုတ်ခဲ့သည့်ဖြစ်စဉ်မှ အမှုကျူးလွန်သူမှာ ထွက်ပြေး တိမ်းရှောင်နေ ဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ယခုလ ၂၂ ရက် ညအစောပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ  ဗန်းမော် တိုက်လမ်းကြားအတွင်းတွင် ဆိုင်ကယ်စီးလာသည့် သမီးရည်းစားစုံတွဲကို ပြိုင်ကားမောင်းသူက ၎င်းတို့၏ ကားထွက်မည့်လမ်းကို ပိတ်ရပ်သည်ဟုဆိုကာ ကားပေါ်မှဆင်း၍ ပါးရိုက်သောကြောင့် ဆိုင်ကယ်စီးသူအမျိုးသားက ပြန်၍တွန်းခဲ့ရာမှ ဆိုင်ကယ်စီးသူ၏ လက်ကောက်ဝတ်နေရာကို ၂ ပေခန့်ရှိသည့် ဓားဖြင့် ခုတ်သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူကို ယခုလ ၂၄ရက်၌  ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်နိုင်ခဲ့သော်လည်း ကျူးလွန်သူမှာ ယနေ့အချိန်ထိ တိမ်းရှောင်နေသေးကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်ခဲ့သည့် ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ အသက်(၂၃)နှစ်အရွယ် အမျိုးသားမှာ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်ပင်လယ်ရပ်ကွက်အတွင်း နေထိုင်သူဖြစ်သော်လည်း မိခင်မှာ ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာတွင်လည်းကောင်း၊ ဖခင်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ တွင်လည်းကောင်း၊ အစ်မဖြစ်သူမှာ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာတွင်လည်းကောင်း အသီးသီးနေထိုင်ကြသောကြောင့် ကျူးလွန်သူအနေဖြင့် အဆိုပါနေရာများသို့ တိမ်းရှောင်သွားပါကလည်း သက်ဆိုင်ရာမြို့များရှိ ရဲစခန်းများက ကူညီဖမ်းဆီးပေးနိုင်ရန် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

7Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်