Monday, October 28, 2013

အမေရိကန်အပေါ် ယုံကြည်မှု အပြည့်မရှိတော့ဟု ဂျာမန်ပြည်ထဲရေးဝန်ကြီးဆို

Posted by drmyochit Monday, October 28, 2013, under | No comments

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)က ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ်၏ ဆဲလ်ဖုန်း ခေါ်ဆိုမှုများကို ခိုးနားထောင်ခဲ့ကြောင်း သတင်းများနှင့်အတူ အမေရိကန်-ဂျာမနီ ဆက်ဆံရေးသည် အစွန်းအထင်းများ ဖြစ်ပေါ်လာ



အမေရိကန်အပေါ် ထားရှိသော ယုံကြည်မှုသည် တည်ငြိမ်မှု မရှိနိုင်တော့ကြောင်း ဂျာမနီ ပြည်ထဲရေး ဝန်ကြီးက ပြောကြားလိုက်သည်။ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)က ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ်၏ ဆဲလ်ဖုန်း ခေါ်ဆိုမှုများကို ခိုးနားထောင်ခဲ့ကြောင်း သတင်းများနှင့်အတူ အမေရိကန်-ဂျာမနီ ဆက်ဆံရေးသည် အစွန်းအထင်းများ ဖြစ်ပေါ်လာခဲ့သည်။ ယခုအခါ ပြည်ထဲရေးဝန်ကြီး ဟန်းစ်ပီတာ ဖရိုင်းဒရစ်ခ်ျက Bildနှင့် Sonntag သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ၌ အမေရိကန်အပေါ် အပြည့်အဝ ယုံကြည်မှု မပေးနိုင်ကြောင်းနှင့် စွပ်စွဲမှုများအတွက် တိကျပြတ်သားသော ဖြေရှင်းနိုင်မှုမျိုးကို အလိုရှိနေကြောင်း ပြောဆိုသွားသည်။

"ကျွန်တော်တို့ရဲ့ မဟာမိတ် အမေရိကန် နိုင်ငံအပေါ် ထားရှိတဲ့ ယုံကြည်မှုဟာ လှုပ်ခတ်သွားခဲ့ပါပြီ"ဟု ဖရိုင်းဒရစ်ခ်ျက ဆိုသည်။ ၎င်းက "အမေရိကန်ဟာ ဂျာမနီ ပြည်တွင်းက ဖုန်းခေါ်ဆိုမှုတွေကို ခိုးနားထောင်ခဲ့တယ် ဆိုရင်တော့ ဂျာမနီရဲ့ ဥပဒေကို ချိုးဖောက်တာပါပဲ"ဟုလည်း ပြောကြားခဲ့သည်။ အမည်မဖော်ပြသည့် ဂျာမန် ထောက်လှမ်းရေး အရာရှိ တစ်ဦး၏ အဆိုကို ကိုးကားပြီး မာကယ်လ်၏ ဖုန်းကို NSAက ကြားဖြတ်ခိုးယူ နားထောင်ခြင်းအား အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက သိရှိထားကြောင်းလည်း Bildက ဖော်ပြခဲ့သည်။ (၂၀၁၀)ပြည့်နှစ်က NSA အကြီးအကဲ ဗိုလ်ချုပ် ကိသ်အလက်ဇန္ဒားက ယင်းအစီအစဉ်ကို အိုဘားမားထံ တင်ပြခဲ့ပြီး သမ္မတက ခွင့်ပြုခဲ့ခြင်းဟု ယင်းသတင်းစာက ဆိုသည်။

NSAကမူ အလက်ဇန္ဒား အနေဖြင့် သမ္မတနှင့် ဆွေးနွေးမှု မရှိခဲ့ကြောင်း ငြင်းဆန်ခဲ့သလို မာကယ်လ်ကို ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ချိုးဖောက်သည့် ထောက်လှမ်းမှုမျိုး မပြုလုပ်ခဲ့ကြောင်းလည်း ငြင်းဆိုထားသည်။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ NSAသည် ဘရာဇီးလ်နှင့် ပြင်သစ်ကဲ့သို့ မဟာမိတ် နိုင်ငံများကိုလည်း အလားတူ ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်