Monday, October 28, 2013

ရွှေ့ပြောင်း လုပ်သား ၇၀၀ ကို ကယ်တင်လိုက်တဲ့ အီတလီကမ်းခြေစောင့် တပ်ဖွဲ့

Posted by drmyochit Monday, October 28, 2013, under | No comments


Monday 28th October 2013

အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့ဟာ လန်ပီချုဆာ ကျွန်းအနီးမှာ လူခုနှစ်ရာ နီးပါးကို ငါးခါခွဲပြီး ကယ်တင် ပေးခဲ့ရတယ်လို့ သိရပါတယ်။ လူဝင်မှု ကြီးကြပ်ရေးကိစ္စကို ထိပ်ဆုံး ဦးစားပေး အနေနဲ့ ဆွေးနွေးဖို့ ဥရောပ သမဂ္ဂခေါင်းဆောင်တွေ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံစဉ် ဒီကယ်ဆယ်ရေး သတင်းဟာ ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲ အတွင်း မကြာသေးမီက မြေထဲပင်လယ်မှာ ရွှေ့ပြောင်း လုပ်သားတွေ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဥရောပ ခေါင်းဆောင် တွေဟာ ၀မ်းနည်းမိကြောင်း၊ အဆိုပါ ကိစ္စရပ်ကို ကိုင်တွယ် ဖြေရှင်း သွားမယ်လို့ ကတိခံ သွားခဲ့ပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်း လုပ်သား တွေရဲ့ မိခင်နိုင်ငံနဲ့ ဥရောပ သမဂ္ဂတို့လို နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ်ပြီး လူကုန်ကူးမှု ကိုလည်း တိုက်ဖျက် သွားမယ်လို့ ဆိုပါတယ်။

ဥရောပ သမဂ္ဂဟာ နယ်စပ် စောင့်ကြည့်ရေး စနစ် အသစ်ကို စတင် ဆောင်ရွက် သွားမှာဖြစ်ပြီး ၎င်းတို့လုပ်ငန်း ဆောင်တာ တွေကို တိုးမြှင့်ဖို့ တပ်ဖွဲ့တွေကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာ ရွှေ့ပြောင်း လုပ်သားတွေ ခိုလှုံခွင့် မူဝါဒ ကိုလည်း ပြန်လည် သုံးသပ် သွားမှာ ဖြစ်ပါတယ်။ အခု လုပ်သား ၇၀၀ ကို ကယ်ဆယ်ခဲ့တဲ့ လန်ပီဒူဆာ ကျွန်းဟာ အာဖရိကနဲ့ အနီးဆုံး လမ်းဖြစ်တာ ကြောင့်လည်း အာဖရိက ကနေ ဥရောပကို သွားတဲ့ ရွှေ့ပြောင်း လုပ်သားတွေ အတွက် အချက်အချာ ကြတဲ့ နေရာဖြစ်ပြီး ယခုနေရာမှာ လှေတိမ်းမှောက်မှု ဟာလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရှိရပါတယ်။


MRTV 4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်