Monday, October 07, 2013

နှစ် ၅ဝ ကျော် ပထမဆုံးပြန်လည်ကျင်းပသည့်Miss Universe Myanmar 2013 ပြိုင်ပွဲ

Posted by drmyochit Monday, October 07, 2013, under | No comments


Hello Madam Media Group က စီစဉ်တဲ့ Miss Universe Myanmar 2013 နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအတွက် ရွေးချယ်ခံ ထားရတဲ့ Miss Universe Myanmar အယောက် ၂ဝကို လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရာ အောက်တိုဘာလ ၁ရက်နေ့၊ ညနေ၅ နာရီက အမျိုးသား ကဇာတ်ရုံမှာ ရီဟာဇယ်လေ့ကျင့်နေ ကြပါတယ်။ Show Director များ ဖြစ်တဲ့ မတင်မိုးလွင်နဲ့ ယိုးဒယားမယ်နှစ်ဦး တို့က လိုအပ်တာတွေကို သင်ကြားပြသ ပေးခဲ့ကြပါတယ်။ Miss Universe Myanmar များကိုသင် ကြားပြသ နေတဲ့Talents & Model ဂျင်စီမှ မတင်မိုးလွင်ကလည်း “ဒီ နေ့တစ်နေ့လုံး သူတို့ ကို သင်ကြားပေး တယ်။ ကလေးတွေ လည်း တအားပင် ပန်းနေပြီ။ လမ်း လျှောက်ရတာတောင် နာလားမနာလား မသိတော့ဘူး။ ထုံနေပြီလို့ ကလေးတွေက လည်း ပြောကြတယ်။ လမ်းလျှောက်ပုံ လျှောက်နည်းလေးတွေ လိုအပ်တာအကုန်လုံး ကိုတော့ သင်ကြားပေးနေတယ်” လို့ ပြော ပြခဲ့ပါတယ်။ Miss Myanmar များ ကလည်း ရှိုးလျှောက်တဲ့အခါ သေ သပ်မှုရှိအောင် ရှိုးလျှောက်ပုံ လျှောက် နည်းတွေကို လေ့ ကျင့်နေခဲ့ကြသလို၊ ပြိုင်ပွဲမစတင်မီအကြို နှုတ်ခွန်းဆက် တဲ့အခါ ချွတ်ချော်မှုမရှိ စေရေး အတွက်ကိုလည်း လေ့ကျင့်ပြင်ဆင်နေ ကြတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ထိုင်း အလှမယ် နှစ်ဦးရဲ့ လမ်းညွှန်မှုတွေနဲ့ အတူဆု ကြေညာ တဲ့အခါ၊ ဓာတ်ပုံရိုက် ကူးတဲ့အခါနေရ မယ့် အနေအထားနဲ့ မျက်နှာအနေအထား စသဖြင့် ပြိုင်ပွဲဝင်နေ့မှာ အဆင်ြေ ပရေး အတွက် Miss Myanmar များက သေချာလေ့ကျင့်နေကြ ပါတယ်။ပြိုင်ပွဲဝင်မယ့် နေ့ရောက်သည့်တိုင်လေ့ ကျင့်မှုတွေဆက်တိုက်လုပ် နေကြတာကိုတွေ့ ရပါတယ်။


Miss Universe Myan-mar 2013 ရဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပွဲကို အောက်တိုဘာ ၃ရက်နေ့၊ ညနေ ၅နာရီတွင် ရန်ကုန်မြို့ အမျိုးသားကဇာတ် ရုံတွင် အောင်မြင် စွာကျင်းပ ပြု လုပ်ခဲ့ပါတယ်။ အခမ်းအနားမှူး အဖြစ် စိုင်းစိုင်းခမ်းလှိုင်နဲ့ တင် မိုးလွင်တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ ချုပ်နာ ယက ဒေါ်ခင်သက် ဌေး၊President of Miss Uni-verse Organization, Mrs PAULA M. SHUGART၊ မြန်မာ နိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ ချုပ်နာယက ဒေါ်နီနီ ဝင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်တာဝန်ခံနာယက ပါ မောက္ခဒေါက်တာ ဒေါ်ခင်ဆွေ မြင့်၊မြန်မာနိုင်ငံအမျိုးသမီး အား ကစားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်Lခွန်းရီ ၊မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နာယကMiss Universe Myanmar Organization&JUNational Director ဒေါ်စိုးယုဝေနဲ့ ထူးဖောင်ဒေးရှင်း မှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီ နောက် Mrs PAULAM SHUGART က အဖွင့်အမှာစကားပြောကြားခဲ့ ပါတယ်။ အဆိုတော်မိုးမိုးကBurma Myanmar သီချင်းကို ဂီတမိတ်အဖွဲ့နဲ့ သီဆိုဖွင့် လှစ်ခဲ့ပြီး ၁၉၆ဝခုနှစ်ကMiss Universe ပြိုင်ပွဲမှာ ဒေါ်မြင့်မြင့်မေMiss Con-geniality ဆုရရှိခဲ့တဲ့ ဗီဒီယို ဖိုင်ကို ပြ သခဲ့ပါတယ်။ ဆက် လက်ပြီး ဒါရိုက်တာမောင် မျိုးမင်း(ရင်တွင်းဖြစ်)ပုံ ဖော် ရိုက်ကူးထားတဲ့ အမျိုး သမီးများရဲ့ဘဝ အလှတရားများ မှတ် တမ်းဗီဒီယိုကို LED ဖြင့် ပြသ ခဲ့ပါတယ်။ ပထမအဆင့် ယှဉ်ပြိုင် မှုအနေနဲ့ အင်းလေး ဒေသနောက်ခံ ရှုခင်း အလှနဲ့ ပန်းအိဖြူရဲ့ ‘နောင်အင်းလေး’ သီချင်း၊ဘိုဖြူရဲ့ ‘လက်တီး’ သီ ချင်း တို့ ဖြင့် အလှ မယ်
၂ဝဦးတို့က မြန် မာဝတ်စုံဖြင့် လျှောက် လှမ်းခဲ့ကြပြီး တစ်ဦး ချင်းမိတ်ဆက်စကား ပြောကြားခဲ့ပါတယ်။အကဲ ဖြတ်ဒိုင်များအဖြစ် မြန်မာ နိုင်ငံအမျိုးသမီး အား ကစားအဖွဲ့ ချုပ်ဒုဥက္ကဋ္ဌ ဒေါ် L ခွန်း ရီ၊ အကယ်ဒမီ ထွန်းအိန္ဒြာ ဗို၊ံHtoo Group of Companies, Exe-cutive Director of Air Bagan Limited မှ ဒေါ်အိမွန်ထူး၊ တေးရေးေ စာခူ ဆဲ၊ ပြည့်ဝေသျှန် Group of Companies, Chair Person ဒေါ်ကလျာ ပြည့်ဝေသျှန်နဲ့ The Best Make Up Artist Asia Award မိတ်ကပ်တိုးတိုးတို့က အကဲ ဖြတ် အမှတ်ပေးခဲ့ကြပါ တယ်။ဒုတိယအဆင့်ယှဉ်ပြိုင် မှုမှာတော့ကမ်းခြေ နောက် ခံ ဒီဇိုင်းများနဲ့ အတူအလှမယ် များက ရေကူး ဝတ်စုံ ဖြင့် ယှဉ်ပြိုင်ခဲ့ ပါတယ်။မြန်မာနိုင်ငံ မှာရေကူးဝတ် စုံဝတ်ဆင် ပြီး ယှဉ်ပြိုင်တာ ပထမဦး ဆုံးအကြိမ်ဖြစ်ပြီး ရေကူးဝတ်စုံကိုဝတ်ဆင်စေခြင်းက မြန်မာ အမျိုးသမီးအလှမယ်များရဲ့ ကျန်းမာကြံ့ ခိုင်မှုအဆီနည်း ပါးမှုတို့ကိုအကဲဖြတ် အမှတ်ပေးချင်တာကြောင့်ဝတ်ဆင်ရ ခြင်းဖြစ်ကြောင်းအစီအစဉ်တင်ဆက်သူ များကပြောပြခဲ့ပါတယ်။တတိယအဆင့် ယှဉ်ပြိုင်မှုမှာတော့ပုဂံေ ခတ်ဆက်တင် ပြင်ဆင်မှုနဲ့အလှမယ်လေးများက ညနေ ခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။


Miss Universe Myanmar 2013 ဆုကိုခါးနံပါတ်(၁၆)မိုးစက်ဝိုင်က ဆွတ် ခူးသွားခဲ့ပြီးMiss Universe Mya-nmar 2013 Title ဆုအတွက် ဆုငွေ သိန်း တစ်ရာ၊Honda Fit ကား တစ်စီး၊ ရုရှားနိုင်ငံမှာ ကျင်းပမယ့် Miss Universe 2013 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ မိတ်ကပ်နှင့်ပွဲတက်ဝတ်စုံ တစ်နှစ်စာ စပွန်ဆာ၊ သိန်း ၂ဝ တန် သရဖူတစ်ခု၊ bsc Cosmetics များ၊Organizer နဲ့အတူအနုပညာလုပ်ငန်း များ၊ ပရဟိတလုပ်ငန်းများ နှစ်နှစ်စာပြုလုပ် ခွင့်တို့ ရရှိမှာဖြစ်ပါတယ်။ 1st Runner Up ဆုကိုအေးချမ်းမိုး(၄)၊ 2nd Runner Upဆု ကို မြတ်နှင်းဖြူ(၁၅)၊ ၃မ 3rd Runner Upစဆုကို နှင်းယမုံဦး (၁၉)၊ 4th Runner Up ဆုကို မေချစ်ပုံ (၁ဝ) တို့ကရရှိခဲ့ ပါတယ်။ဒါ့အပြင် Miss Environment ဆုကို Michelle (၅)၊ Miss Healthy & Beautiful Skin ဆုနဲ့ Miss Body Perfect ဆုကို မြတ်နှင်းဖြူ (၁၅)၊
Miss Photogenic ဆုကို အေးချမ်းမိုး (၄)၊ Miss Beautiful Smile ဆုကို မေချစ်ပုံ (၁ဝ)၊ Miss Healthy Skin ဆုနဲ့ Miss Famous ဆုတို့ကို မိုးစက်ဝိုင် (၁၆)တို့က ရရှိခဲ့ပါတယ်။နှစ် ၅ဝကျော် အကြာမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားပြုအနေနဲ့ ပထမဦး ဆုံး ပြန်လည်ယှဉ်ပြိုင်ရမယ့်Miss Universe Myanmar 2013 အလှမယ်တစ်ဦးေ ပ်ါပေါက်လာခဲ့ပြီဖြစ်ပြီး ရုရှားနိုင်ငံ၊ မော် စကိုမြို့မှာနိုဝင်ဘာလထဲမှာ သွားရောက် ယှဉ်ပြိုင်ရ မှာဖြစ်ပါ တယ်။၁၉၆ဝခုနှစ်မှာတော့ Miss Universe ပြိုင်ပွဲမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ဒေါ်မြင့်မြင့်မေက သွားရောက်ယှဉ် ပြိုင်ခဲ့ပြီးMiss Congeniality ဆုကိုရရှိခဲ့ပါတယ်။ 

ပေါ်ပြူလာအဖွဲ့

ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)၊ မင်းမင်းထွန်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်