Monday, October 07, 2013

မေဆွိနဲ့ မေခလာတို့ရဲ့Two Lady Show

Posted by drmyochit Monday, October 07, 2013, under | No comments


မေဆွိနဲ့ မေခလာတို့ရဲ့ Two Lady Show ပြုလုပ်မယ့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို အောက်တိုဘာ ၁ရက်၊ နေ့ခင်း ၁နာရီက စင်ထရယ်ဟိုတယ်မှာ ပြုလုပ် ခဲ့ပါတယ်။ မေဆွိနဲ့ မေခလာတို့ ရဲ့Two Lady Show ကို အောက်တိုဘာ၁၁ရက် ညနေ ၇နာရီတွင် ပြုလုပ်မှာဖြစ်ပြီး Plus Three တီး ဝိုင်းက တီးခတ်ပေးမှာဖြစ်ပါ တယ်။ မေဆွိနဲ့ မေခလာ တို့က နှစ်ယောက်ပေါင်း သီချင်း အပုဒ်ရေ ၄ဝကျော်လောက်ဖျော်ဖြေကြ မှာဖြစ်ပြီးစုံတွဲသီချင်းတွေအပြင်တစ် ယောက်ချင်းရဲ့ သီဆိုဖျော်ဖြေမှု ကိုလည်း ပရိသတ်တွေနားထောင်ရမှာဖြစ်ပါ တယ်။Two Lady Show မှာ ဟဲ လေး၊မိုးမိုး၊ရဲသွေးနောင်၊ဝေလျှံ၊ ရှိုင်း ဝေယံတို့လည်း ပါဝင်သီဆိုပေးကြ မှာဖြစ်တယ် လို့သိရပါတယ်။ “အရင် တုန်းကသီချင်းတွေ ပိုများတယ်။ စုံတွဲသီချင်းတွေကတော့ကိုကို စိတ် ကူးယဉ်တို့၊ကော်လံပေါ်ကနှုတ် ခမ်းနီတို့ ဒီသီချင်းတွေကို စီစဉ်ထားတယ်” လို့မေခလာကပြောပါ တယ်။ပွဲကရရှိတဲ့ငွေကြေးများကို လည်းပညာမြေကျောင်းက ကလေးများအ တွက်စာရေးကိရိယာများလှူဒါန်းမှာဖြစ်သ လို၊ ဆီးဂိမ်းအားကစား သများအတွက် Fan အဖြစ် ထည့်ဝင်လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်