Monday, October 07, 2013

ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်၊ လှပသော စိတ်ထားနှင့် မြန်မာနှလုံးသားပိုင်ရှင် Miss Universe Myanmar

Posted by drmyochit Monday, October 07, 2013, under | No comments


Healthy Body ကျန်းမာ သန်စွမ်းသောခန္ဓာကိုယ်၊ Beauty Mind လှပတဲ့စိတ်ထား၊ Myanmar Heart မြန်မာနှလုံးသားဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Hello Madam Media Group ကစီစဉ်ပြီး Miss Universe Myanmar 2013 အလှမယ်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒီလိုရွေးချယ်တဲ့အခါ မှာလည်း သူတို့ရဲ့ ဆောင်ပုဒ်အတိုင်း တခြား ပြိုင်ပွဲတွေနဲ့ မတူဘဲ Miss တွေရဲ့လှပတဲ့ စိတ်ထားနဲ့ မြန်မာနှလုံးသား ပိုင်ရှင်တွေကို ရွေးချယ်ဖို့ အတွက် ပရဟိတလူမှုရေးလှုပ်ရှားမှု ခရီး စဉ်ကိုလည်း သုံးရက်စီစဉ် ခဲ့ပြီး အကဲဖြတ်အမှတ်ပေးမှုများ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ထူးဖောင်ဒေးရှင်းမှ ပရဟိတခရီးစဉ် နှစ်ရက်ကို တာဝန်ယူစီစဉ်ပေးခဲ့ပြီး ကျိုက်ထို မြို့၊ဆိပ္ဖူးတောင် လူငယ် ပရဟိတ ဖွံ့ဖြိုးရေးဂေဟာမှ မိဘမဲ့ ကလေးများကို အားပေးစကား ပြောကြားခဲ့ကြသလို မိဘမဲ့ ကလေးများနှင့်အတူ ကျိုက်ထီးရိုး ဘုရားကိုလည်းသွားရောက် ဖူးမြော်ခဲ့ကြပါတယ်။ ဒီပရဟိတ ခရီးစဉ်တွေမှာ အလှမယ်လေး များကလည်း လူမှုရေး လုပ်ငန်းများကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြပါ တယ်။ထူးဖော င်ဒေးရှင်း စီစဉ်တဲ့ ဒုတိယရက် ပရဟိတခရီးစဉ်မှာ တော့ ဆိပ္ဖူးတောင်မှ မိဘမဲ့ ကလေး ၃ဝဦး နဲ့ဆရာမ၂ဦးကို ရွှေတိဂုံဘုရားနဲ့ တိရစ္ဆာန် ဥယျာဉ်တွေကို ဒေသန္တရ ဗဟုသုတရရှိစေဖို့ အတွက် လိုက်ပို့ပေးခဲ့ကြပါတယ်။ Hello Madam Media Group မှ စီစဉ်တဲ့ ပရဟိတ ခရီးစဉ် တတိယမြောက်ရက်မှာတော့ မြန်မာနိုင်ငံဟော်ကီအဖွဲ့ ချုပ်မှာ ဆီးဂိမ်းအားကစား ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အား ကစားသမားတွေကို သွား ရောက်အားပေးခဲ့သလို၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်ကျောင်း ကိုလည်း သွားရောက် လေ့လာ ကြပါတယ်။

ငြိမ်းချမ်းရေး စင် တာသွားရောက်ကာ ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး လေ့လာ ခဲ့ပြီး မြန်မာနိုင်ငံငြိမ်း ချမ်းရေးရရှိစေ ဖို့ ဂျိုးဖြူငှက်များလွှတ်ခဲ့ပြီး ဆုတောင်းခဲ့ကြပါတယ်။ဦးလှ ထွန်း မေတ္တာရိပ်မွန် ကင်ဆာ ဖောင်ဒေးရှင်းမှ ကင်ဆာရောဂါ ဝေဒနာခံစားနေရတဲ့ ဝေဒနာ ရှင်များကို အားပေး စကားပြော ကြားခဲ့ကြပါတယ်။ အလှမယ် လေးတွေရဲ့ ရုပ်အလှအပြင် စိတ် ထားအလှတရားကိုပါ ရွေးချယ် ဆုံးဖြတ်ခဲ့တဲ့ အပေါ် Hello Madam Media Group မှ တာဝန်ရှိသူ ဒေါ်သိန်းယုဝေက ” ပရဟိတ လုပ်ဖို့အတွက် Miss တစ်ယောက်က အရေးပါပါတယ်။ သူက မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ Miss တစ် ယောက်ဖြစ်နေတယ်။ မိဘမဲ့ကလေးတွေ ကာကွယ်ေ စာင့် ရှောက် မှုတွေ၊အကြမ်းဖက်မှု တွေက ကာကွယ်ဖို့၊ပညာသင် ကြားချင်ပေမယ့်သင်ကြား ခွင့်မရရှိတဲ့ ကလေးတွေအတွက် လူမှုပရဟိတအလုပ်တွေကို လုပ်စေချင် တယ်။ ကျွန်မ တို့ နိုင်ငံမှမဟုတ်ဘူး။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် Miss Universe က ပရဟိတအလုပ်ကိုလုပ်ရ တယ်။

အမျိုးသမီးထုနဲ့ ကလေး သူငယ်တွေကို အများဆုံး ကာ ကွယ် စောင့် ရှောက်ပေးတယ်။ ကျွန်မတို့ကလည်း Miss Universe Myanmar ဖြစ်တဲ့အတွက် သူတို့ရဲ့ လမ်းစဉ် အတိုင်း လုပ်သွားမှာပါ။ ကျွန်မတို့ရဲ့ ဆော င်ပုဒ်အ တိုင်း ပဲ မြန်မာ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ အတွက် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်အပြင် လှပတဲ့ စိတ်ထားလ ည်းရှိဖို့ အရေးကြီးပါတယ်” လို့ ပြောပါ တယ်။ဆက် လက်ပြီး Miss တစ်ယောက်မှာရှိသင့်တဲ့ စိတ်ထားအလှကိုပဲ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ” ဗုဒ္ဓဘာသာ မြန်မာလူမျိုးမှာ အဓိကကတော့ Beautiful Mind ရှိရမယ်။ ရွေးကတည်းက Healthy Body ဆိုတဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရှိရမယ်။ Beautiful Mind ရှိရမယ်။ ပြီးရင် မြန်မာ Heart ဆိုတာရှိရမယ်။ အဲဒီ သုံးချက်နဲ့ရွေးပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမှာ အလိုအပ်ဆုံးက ကိုယ်ချင်းစာ တရားပါ။သ နားကြင်နာ စိတ်ရှိရမယ်။ ဒုက္ခသည်တွေ၊မိဘမဲ့ ကလေးတွေ၊ ရောဂါဝေ ဒနာသည်တွေကို ဘယ်လောက်သနားကြင်နာ တတ်သလဲ ဘယ်လိုစောင့် ရှောက် ကြမလဲပေါ့။ မြန်မာ Heart ဆို တာတော့ နိုင်ငံခြား မှာဆိုရင် ၁၈နှစ်ဆိုရင် ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိဘအုပ်ထိန်းမှု အောက်မှာ မရှိတော့ဘူး။


သူ့ဘာသာသူရပ် တည်ရတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာတော့ အသက်၇ဝလောက် ရှိတဲ့အဘွားကြီးတွေ၊ အသက် ၅ဝလောက်ရှိတဲ့ အဘွားကြီး တွေက အမေတစ်ယောက် အနေနဲ့ ပြုစုနေတုန်း၊ မေတ္တာပို့ နေတုန်း၊ကန်တော့ အိပ်နေတုန်း ပဲ။ဒါတွေက ဘယ်လောက်ကြီး ခေတ်မီတိုးတက်တိုးတက် စောင့်ရှောက်သင့်တဲ့ အရာလို့ မြင် တယ်။ အဲဒါတွေကို စောင့် ရှောက်စေချင်တယ်။ ငယ်ငယ် တုန်းကဆိုရင် ကိုယ့်ကို အဖေ၊ အမေက ချေးသေးကအစ သန့်စင် ပေးတယ်။ သနပ်ခါးလူးပေး တယ်။ လမ်းလျှော က် တာ သင်ပေးတယ်။ အသက်ကြီးလာတဲ့အခါမှာ မိဘတွေကို လမ်းလျှောက်နိုင် အောင်ပြန်ပြီး တွဲသွားရတာ။သူတို့ကို သနပ်ခါး လိမ်းပေးရ တာ။ ရေချိုး၊ သနပ်ခါး လိမ်း ပြီးခြေသည်း၊ လက်သည်းကအစ လှီး ပေးရတာ မျိုး ပြန်လုပ်ပေးရမယ်။ဒါက မိဘရဲ့ကျေးဇူးကို ပြန်ဆပ်တယ် လို့လည်း ပြောလို့ရ တယ်။ကျွန် တော် တို့ မြန်မာေ တွမှာ အဲဒါကို လေ့ကျင့် ပေးထားတာရှိတယ်။ 

နှစ်ဆန်းတစ်ရက်နေ့မှာ ငှက် ကလေးတွေ၊ကြက် ကလေးတွေ၊ ငါးတွေ၊နွားတွေကို လွှတ်ပေးကြ တယ်။ သက်ကြီး ရွယ်အိုတွေကို ခေါင်းလျှော်ပေးတယ်။ခြေသည်း လက် သည်းလှီးပေးတယ်။ ဒါတွေ က မြန်မာနှလုံးသားတွေ လေ၊ဘယ်နိုင်ငံမှာမှမရှိဘူး။အဲဒါကမြန်မာစံပြမယ် တစ် ယောက်မှာရှိရမယ့် လိုအပ်တဲ့ အရည်အချင်းတွေပဲ” လို့ ပြော ပါတယ်။ အောက် တိုဘာ၃ရက် နေ့ အမျိုးသားကဇာတ်ရုံမှာ Miss Universe Myanmar ကို ရွေးချယ်ခဲ့ပြီး ဆုရရှိတဲ့ သူက Organizer တွေနဲ့ ပရဟိတ လုပ်ငန်း များ နှစ်နှစ်စာပြုလုပ်ခွင့် နဲ့ထူးဖောင်ဒေးရှင်းရဲ့ ပရဟိတလုပ်ငန်းများမှာ သံ တမန်အဖြစ် တစ်နှစ်တာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

ခိုင်ဝေလွင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်