Monday, October 07, 2013

ဆဲဆိုအပြစ်တင်နေမယ့် အစား အားပေးပါဆိုတဲ့ အဆိုတော် ရေဗက္ကာဝင်း

Posted by drmyochit Monday, October 07, 2013, under | No comments


ရေဗက္ကာဝင်းက လတ်တလော မှာတော့ ကျောင်းတစ်ဖက် အပြင် စီးပွားရေး တစ်ဖက်နဲ့ ဖြစ်တာကြောင့် အနုပညာဘက်ကို သိပ်မလှည့်ဖြစ် သေးဘဲ တစ်ကိုယ်တော်အခွေ ထွက် မယ့်အစီအစဉ်တော့ ရှိသေးကြောင်း ပြောပါတယ်။ “အခုကျောင်းက စာတမ်းပြုစု နေတာတစ်ဖက်ဆိုတော့ အခွေဘက် ကို မလှည့်နိုင်ဘူးဖြစ်နေတယ်။ စာတမ်းပြုစုတာ ပြီးသွားရင်တော့ အခွေဘက်လှည့်ဖြစ်မှာပါ။ စီးပွား ရေးကတော့ အမျိုးသားနဲ့ အတူ ဆေးဝါးလုပ်ငန်း လုပ်နေ ပါတယ်။

အိပ်မက် ဆုံရာမှာတော့ ဒိုင်မလုပ်ဖြစ် တော့ပါဘူး” လို့ ဆိုလာတဲ့ ရေဗက္ကာ ဝင်းကို အိပ်မက်ဆုံ ရာမှာ ဒိုင်လုပ် ခြင်းကနေ ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့လဲဆိုတော့.. “အဘက်ဘက် ကစဉ်းစားပြီး ရွေးချယ်ပေးရတာမျိုးလေးတွေ ရှိပါ တယ်” လို့ ရေဗက္ကာဝင်း ကပြောပါ တယ်။ ဒီလို ဒိုင်လုပ်ခြင်း ကနေကော ကိုယ့်ရဲ့စွမ်းရည်တွေကိုလည်း ပိုပြီး တိုးတက်စေပါတယ်ဆိုတဲ့ ရေဗက္ကာ ဝင်းက သူများဆိုတာကို သေချာ နား ထောင်ရင်းနဲ့ ကိုယ့်ရဲ့အား နည်း ချက်ကိုလည်း ပြန်မြင် ရတယ်လို့ လည်း ဆိုပါတယ်။ 

အိပ်မက်ဆုံရာ ပြိုင်ပွဲဝင် တွေအပေါ်မှာလည်း ဝေဖန်သံတွေရှိကြတဲ့အတွက် အဲဒီ အပေါ်မှာလည်း ရေဗက္ကာဝင်းက “အဓိကကတော့လေ ပြိုင်ပွဲဝင် တွေ ပဲဖြစ်ဖြစ်၊ တခြား အနုပညာရှင် တွေပဲဖြစ်ဖြစ်၊ အားကစားသမား ပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာ မဆို လုပ်နေတဲ့သူတွေအပေါ်မှာ ဘာမှ မလုပ် တဲ့သူတွေက ဝေဖန်တာထက် စာရင်လုပ်နေတဲ့ သူတွေကို အားပေးဖို့၊ တိုက်တွန်းဖို့ ပိုပြီးဖြစ် စေချင် ပါတယ်။ ဘောလုံးပွဲ တစ်ပွဲကို ကြည့်ကြ မယ်ဆိုရင်လည်း ကန်နေတဲ့ သူကို ဆဲ ဆိုအပြစ်တင်နေမယ့် အစား အားပေးပြီး ပို ကောင်း အောင် လုပ်သင့်တယ်။ ပြိုင်ပွဲဝင်တွေ ဆိုလည်း ဒီအတိုင်းပါပဲ။ သူတို့ လည်း သူတို့ကြိုးစားမှုနဲ့ တက်လာရတာ ပဲလေ။ 
ဘေးကနေ မကောင်း ဝိုင်းပြောတာ မျိုးတော့ လျှော့စေချင်ပါ တယ်။ ဘာဖြစ်လို့ဆို မကောင်း ပြောရုံနဲ့ ကောင်းသွား မှာ မဟုတ်ပါ ဘူး။ ကောင်းတဲ့ဘက် ကိုပဲ ဦးတည်ပြီး ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်။ ဒါက ပြိုင်ပွဲဝင် တွေရော၊ နောက်ပြီး ဆီးဂိမ်းမှာ ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေ အကုန်လုံးကိုရော စိတ်ဓာတ်မြှင့် တင်တဲ့အနေနဲ့ အား ပေးကြပါ” လို့ ရေဗက္ကဝင်းက ဆီးဂိမ်း ပြိုင် ပွဲအားပေး မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။ရေဗက္ကဝင်းရဲ့ အနုပညာလှုပ်ရှား မှုအနေနဲ့ကတော့ ဒီကြားထဲမှာ စီးပွား ရေးနဲ့အလုပ်ရှုပ်နေတာကြောင့် အခွေ ကိုလည်း ကြိုးစားလုပ်နေပါတယ် လို့လည်း ပြောပါ တယ်။
By Popular News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်