Monday, October 07, 2013

တိရစ္ဆာန်ရုံမှ ကျားတစ်ကောင် အလုပ်သမားတစ်ဦး၏လက်ကို ကိုက်

Posted by drmyochit Monday, October 07, 2013, under | No comments


အိုကလာဟိုးမားတိရစ္ဆာန် ရုံမှ ကျားတစ်ကောင်သည် အ လုပ်သမားတစ်ဦး၏လက်မောင်းကို ကိုက်လိုက်ပြီးနောက် ဆရာဝန် များ၏ကြိုးပမ်းမှုကြောင့် သူမ၏ လက်ကို ခွဲစိတ်ကုသနိုင်ခဲ့သည် ဟု အဆိုပါ တိရစ္ဆာန်ရုံ၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ သည်။ 

အမည်မဖော်လိုသူ တိရစ္ဆာန် ရုံအလုပ်သမားအမျိုးသမီးကို ဆေးရုံတင်ထားရပြီး ခွဲစိတ်ပြီး နောက် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ဂါဗင်ကောင် တီမှ မြို့စားဂျင်မူလတ်က ပြော ခဲ့သည်။ 

''အမျိုးသမီးအလုပ်သမား က လုံခြုံရေးစည်းကမ်းဖောက် ဖျက်ပြီး သူမရဲ့ လက်ကို အသက် ၁၄နှစ်အရွယ် ကျားထီးတစ်ကောင် ရဲ့ လှောင်အိမ်မှာ သွင်းမိခဲ့ တယ်။ သူမကကြီးမားတဲ့ ဂျာ ကင်အင်္ကျီဝတ်ဆင်ထားတဲ့အ တွက် ကြိုးတွေနဲ့ငြိပြီး သူ့လက် ကို လှောင်အိမ်ထဲကနေ အလွယ် တကူဆွဲမထုတ်နိုင်ဘူး။ ကျားက သူမရဲ့ လက်ကို ဆွဲပြီးကိုက်လိုက် တာ လေးလက်မလောက်အ ပေါက်ကြီးဖြစ်သွားတယ်''ဟု တိရ စ္ဆာန်ရုံပိုင်ရှင် ဂျိုးချရိဗိုဂယ်က ပြောသည်။

ထိုကျားငယ်မှာ ယခင်က မည်သူ့ကိုမှ ထိခိုက်ဒဏ်ရာရအောင် မလုပ်ခဲ့ဖူးဟု ပိုင်ရှင်ချရိဗိုဂယ် က ပြောသည်။
By Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်