နိုင်ငံပြောင်းလဲတိုးတက်လာသော အခြေအနေများနှင့်အညီ အမျိုးသားပြတိုက် (ရန်ကုန်)အား ပြင်ဆင်မှု များပြုလုပ်နေကြောင်း အမျိုးသားပြတိုက် (ရန် ကုန်)မှ ညွှန်ကြားေ ရးမှူး ဦးငွေထွန်းမြင့်က ပြောသည်။
”ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ကြီးက ၂ဝ၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ဖြစ်လာမယ်။ ပြီးတော့ တိုင်း ပြည်ကြီးက တဖြည်းဖြည်းနဲ့ တိုးတက် ပြောင်းလဲလာတယ်။ အလားတူပဲ ယဉ် ကျေးမှုဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ Museum တွေလည်း အဆင့်တစ်ခု ရှိ လာတယ်။ ပြောင်းလဲလာအောင် လုပ်တာပါ” ဟု ၎င်းက ပြောသည်။ ထို သို့ ပြင်ဆင်မှုများပြုလုပ်ရာတွင် အပိုင်းနှစ်ပိုင်းခွဲ၍ ပြင်ဆင်နေပြီးပြတိုက်ခင်းကျင်းမှုများကို ပြင်ဆင်ခြင်းနှင့် ပြတိုက်ရှိ သန့်စင်ခန်း၊ အလင်းရောင်စနစ် များကို ပြင် ဆင်ခြင်း အပိုင်း ဟူ၍ နှစ်ပိုင်းခွဲထားပြီးဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ပြတိုက်ရှိ သန့်စင်ခန်းများကို ပြင်ဆင်ရာတွင် ယခုပြတိုက်သည် ၁၉၉၆ ခုနှစ်ကတည်းက စတင်ပြသခဲ့သော ပြတိုက်ဖြစ်သည့်အတွက် ခေတ်နှင့်မလျော်ညီသော သန့်စင် ခန်းများဖြစ်လာပြီး ချို့ယွင်းပျက်စီးမှုများကို အကြီးစား ပြင်ဆင်မှုတစ်ရပ်အဖြစ် ပြုလုပ်နေသည်မှာ ပြီးလုနီးပါးဖြစ်နေပြီဟု သိရသည်။ ခင်းကျင်းမှုအပိုင်းတွင် လုံးဝ ပြောင်း လဲခြင်းမဟုတ်ဘဲ နဂိုမူလ အခင်းအကျင်းများကို အထားအသိုအချက် အလက်များမပျက် ပြုပြင်နေသည်ဟု ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့်က ပြောသည်။
ယခင်က ပြတိုက်အခင်းအကျင်းပုံစံများသည်လည်း ကောင်းနေဆဲဖြစ် သောအချက်များကို ပြင်ဆင်ခြင်းမပြုဘဲ အမြင်ရှင်းလင်းစေရန်နှင့် လေ့လာသူများ သက်သောင့် သက်သာ ရှိစေရန်အတွက်လက်ရှိတွင် ပန်းချီပြခန်းအထား အသို ပုံစံအချို့ကို ပြောင်းလဲပြီးဖြစ်ကာ လက်ရေးမူအခန်းရှိ အခင်းအကျင်းများကိုလည်း ဆက်လက် ပြင် ဆင် သွားမည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ထို့အပြင် ပြတိုက်ရှိအခန်းများတွင် အခန်းတွင်းရှိပစ္စည်းများ ကြာရှည်ခံစေရန်အတွက်တပ်ဆင်ထားသော UV Cover များကြောင့် လေ့လာသူများအတွက် အလင်းရောင် အပြည့်အဝရရှိစေ ရန် မီးတပ်ဆင်မှုအပိုင်းများကိုလည်း ပြု လုပ်ပေးနေသည်ဟု သိရသည်။ လက်ရှိတွင် အမျိုးသားပြတိုက် လေ့လာသူ ဦးရေမှာလည်း လအ လိုက်၊ နှစ် အလိုက် တိုးတက်မှုများ ရှိနေပြီး နိုင်ငံခြားသား လေ့လာသူနှင့် ပြည်တွင်း လေ့လာသူဦးရေမှာ ဆတူနီးပါးရှိနေ ကြောင်း ပြတိုက်ဧည့်အဝင်အထွက် စာ ရင်းများ အရ သိရ သည်။
အမျိုးသားပြတိုက် (ရန်ကုန်) တွင် လက်ရေးမူပြခန်း၊ သီဟာသနပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ ကျေးလက်အနု ပညာပြခန်း၊ ပန်းချီပြခန်း၊ အဆင်တန် ဆာ ပြခန်း၊ ဗုဒ္ဓဆင်း တုတော် ပြခန်း၊ အာဆီယံကော်နာ စသည်ဖြင့် ပြခန်း ပေါင်း ၁၅ ခန်းရှိသည်။
အိမ်စည်စိုးစံ
Time in Rangoon


0 comments:
Post a Comment